Part 2

5.7K 96 0
                                    

~ကြေးစား~Part-2

ပွင့်သွားသောပြတင်းပေါက်အသေးလေးမှတဆင့်ဝင်ရောက်လာသည်က အမွှေးအမျှင်များနှင့်လက်တစ်ဖက်။
လူရဲ့လက်တော့မဖြစ်နိုင်။
တိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်ဖို့များသည်။
လက်ချောင်းတွေကလူလက်နဲ့တူပေမဲ့ အမွှေးအမျှင်တွေကြောင့် လူဟုမပြောနိုင်သလို တိစ္ဆာန်တစ်ကောင်လို့လဲပြောလို့မရပြန်။

ထစ်ချုန်းမီးဆိုင်းကိုခိုတွဲထားရင်းကသာဆက်ကြည့်နေလိုက်သည်။
ခဏကြာတော့ ထိုပြတင်းပေါက်လေးကနေမရမကတိုးဝင်လာသည်။
အထင်အရှားမြင်နေရပေမဲ့ဘယ်လိုမှတ်ချက်ချရမှန်းမသိသေး။
လူတော့လူပါပဲ။သို့ပေမဲ့ ကျောပြင်မှာလဲအမွှေးအမျှင်များနဲ့ဖြစ်သည်။
ဆံပင်အရှည်တွေကလဲ ဖုံအလူးလူး။
စုတ်ပျတ်နေသည့် အဝတ်အစားကဘောင်းဘီတစ်ထည်သာရှိသည်။ အပေါ်ပိုင်းဗလာမို့ ခန္ဓာကိုယ်ကြီးမားမှန်းပို၍သိသာသည်။
ထစ်ချုန်းကထိုလူသတ္တဝါနဲ့ယှဉ်ရင် လက်တစ်ဖက်စာပဲရှိပေလိမ့်မည်။

အတွေးကောင်းနေတုန်း ထိုလူလိုလို တိစ္ဆာန်လိုအကောင်က ထစ်ချုန်းရှိနေတဲ့ မီးဆိုင်းကိုမော့ကြည့်လာသည်။
အတော်လဲအနံ့ခံကောင်းပါလား။
မျက်လုံးများကစိမ်းညှိုညှိုအရောင်ဖြစ်နေသည်။
အသေအချာကြည့်မှ ပါးစပ်တွင် အစွယ်လိုလိုအချောင်းလေးနှစ်ချောင်းပါနေသေးသည်။
လူစင်စစ်ကနေများဘီလူးဖြစ်သွားလေသလား။
အဲ့လိုကောက်ချက်ဆွဲချင်သော်လည်း ယခုလက်ရှိထစ်ချုန်းနေနေတာ အေဒီ ၁ ရာစုမဟုတ်တော့ ၂၁ ရာစုမှာတော့ ထိုသို့ပြောင်းလဲခြင်းမရှိတန်ရာ။

ပါးစပ်မှ ထွက်သစ်ကအစွယ်ကိုဖြီးကား ထစ်ချုန်းကိုမာန်ဖီလာသည်။

"အဟက် ငယ်ပါသေးတယ်သားရယ်"

ထစ်ချုန်းတစ်ချက်ရယ်လိုက်ပြီး မီးဆိုင်းပေါ်ကခုန်ဆင်းလိုက်သည်။
ထိုသတ္တဝါကလဲ လျှင်မြန်စွာခုန်အုပ်သည်။
ခန္ဓာကိုယ်ကိုလှိမ့်ကာရှောင်ရှားလိုက်သည်။

ယခုမှ ဇိမ်ကျကျအနားယူမည်ဟုတွေးထားသော အခန်းလေးပျက်စီးသွားမည်ဆိုးသောကြောင့်
အပြင်သို့ ခပ်သွက်သွက်ပြေးထွက်လိုက်သည်။

ကြေးစား [Completed]Where stories live. Discover now