~ကြေးစား~Part-18
"တီလေး တို့ဘယ်တော့လက်ထပ်ကြမှာလဲ ဦးနဲ့"
"သေချာမတိုင်ပင်ရသေးဘူးဝေယံရဲ့"
ငွေဇင်တို့တူရီးနှစ်ယောက်ရယ် ငွေဇင့်ကိုကိုရယ် ဧည့်ခန်းမှာထိုင်စကားပြောနေသည့်နားသို့
မမက ပန်းသီးပန်းကန်လေးနှင့်ရောက်လာသည်။"အကိုနဲ့ညီမလေးကိုရော သားကိုရော ပြောစရာရှိတယ်"
"ဟုတ်ပြောလေမမ
နားထောင်ပေးမယ်"ငွေဇင်ကလိုလိုချင်ချင်ပဲနားထောင်ပေးမည်ဟုပြောသည်။
သားကလဲ အေးဆေးစွာနားစွင့်နေသည်။
အကိုကသာ မိုးသက်စကားကြောင့် အဓိပ္ပာယ်များစွာပါသည့် အကြည့်နှင့်ကြည့်သည်။မိုးသက်ဖြူ ဆိုသည့် ကျမ အကိုနှင့်လက်ထပ်ပြီးကတည်းက တစ်ခုခုပြောစရာရှိတယ်ဆိုတာ ဒါပထမဦးဆုံးပင်။
ဒုက္ခများစွာရင်ဆိုင်နေရသည့် မိုးသက်ကို အကိုကလက်ထပ်ခဲ့သည်။
ဘဝဖြစ်စဉ်တွေအားလုံးကို မကွယ်ဝှက်ဘဲ အကို့အားပြောပြဖြစ်ခဲ့သည်။
အရာအားလုံးကို အကိုကသဘောထားကြီးစွာနားလည်ပေးခဲ့သည်။
အနည်းငယ်စိမ်းသည့် သူ့အဖေနှင့်တောင် အဆင်ပြေအောင် စွမ်းဆောင်ပေးခဲ့သည်။
သားလေးဝေယံကို သူ့သားမဟုတ်မှန်းသိတာတောင် ဖခင်မေတ္တာအပြည့်အဝပေးကာ ချစ်ခင်သည်။
ဘယ်သူမှမသိသည့် မိုးသက်ဘဝအကြောင်းကို
အကိုကဘယ်သူ့ကိုမှဖော်ပြမည်မဟုတ်။"ပြောလေ မိုးသက် တစ်ခုခုဖြစ်လို့လား"
"မဟုတ်ပါဘူးအကို
ဒီလိုပါ မိုးသက်မှာ မောင်လေးရှိတယ်ဆိုတာ
အကိုရော ညီမလေးရောသိမှာပါ""အင်း အကိုသိတယ်"
"ငွေဇင်လဲသိတယ်လေ မမအကြောင်းဆိုအဲ့ဒါပဲသိတာ"
ဘာမှမပြောဘဲ နားထောင်နေသူက ဝေယံ။
"အခုသူ့ကိုပြန်တွေ့ပြီအကို"
"ဟင်"
"တကယ်လားမမ"
"မေမေဒါဆို သားရဲ့ဦးလေးပေါ့နော်"
"ဟုတ်တယ်သား"
"မိုးသက်မောင်ကို အိမ်ခေါ်ထားလိုက်လေ
မိုးသက်တို့မောင်နှမအတူတူနေလို့ရပေါ့"