Part 11

2.8K 52 0
                                    

~ကြေးစား~Part-11

"ဘယ်သူများလဲလို့ ဦးတော်ဝင်ပဲ"

"ငါစကားများများမပြောချင်ဘူး မင်းတို့ဆရာတိမ်ညိုနဲ့တွေ့ချင်တယ် တံခါးဖွင့်ပေးစမ်း"

"လာရင်းကိစ္စလေးပြောမှ ကျုပ်တို့ကဖွင့်ပေးလို့ရမှာပေါ့ဗျ ဒီအိမ်ကဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်တာ ခင်ဗျားလဲသိတာပဲ"

"ငါ့သားကို အနိုင်ကျင့်သွားတဲ့ မင်းတို့စီကအကောင်နဲ့ကိစ္စရှင်းဖို့လာတာ"

"ဘယ်လို ဘယ်လိုဦးတော်ဝင်
ခင်ဗျားသားကို ကျုပ်တို့ဘက်ကလူကအနိုင်ကျင့်တယ် ဟား …… သတင်းကောင်းပဲ
လူမိုက်လို့နာမည်ကြီးနေတဲ့ခင်ဗျားသားကို
နိုင်တဲ့သူပေါ်လာပြီပဲ ဟ ဟ လာပါ လာပါအထဲကိုကြွ သတင်းကောင်းလေး ကျုပ်တို့ဆရာကို
ခင်ဗျားကိုယ်တိုင်ပြောလိုက်ပါအုံး"

ဦးတော်ဝင်မျက်နှာကြီးနီမြန်းကာ ဒေါသခိုးတို့ဝေနေသည်။

"ဆရာကြီး  ဦးတော်ဝင်ရောက်နေပါတယ်"

"တော်ဝင်က ဘာကိစ္စလဲ အောင်ဘွား
ဒီတလော အဲ့ကောင်နဲ့ငါတို့ငြိထားတာမရှိပါဘူး"

"အေးမရှိဘူး အခုငါလာတာ မင်းသမီးကိစ္စ"

ဦးတော်ဝင်ကဧည့်ခန်းစီဝင်လာရင်းဒေါကြီးမောကြီးပြောသည်။

"ဘာ ငါသမီးကိစ္စ"

"ဟုတ်တယ် မင်းဖူးဖူးမှုတ်ထားတဲ့မင်းသမီး
ဟိုအကောင်အားကိုးနဲ့ငါ့သားကို ရစရာမရှိအောင်လုပ်သွားတာ ငါမကျေနပ်နိုင်ဘူး မင်းသမီးရော အဲ့အကောင်ရောကို အခုထုတ်ပေး ငါသတ်ရမှကျေနပ်မှာ"

"ဟေ့ကောင်တော်ဝင် ငါ့အိမ်လာပြီး ငါ့သမီးကိုသတ်ဖို့ပြောရဲရအောင် မင်းမှာအသက်အပိုပါသလား"

"အသက်ပိုပါသလား သိချင်ရင် မင်းသမီးကိုအခုခေါ်လိုက် ငါ့သားကိုထိရင် ဘယ်လိုဖြစ်မယ်ဆိုတာသိစေရမယ်"

"ကောင်းပြီလေ ငါတို့ဘက်ကလွန်တာလား
မင်းသားဘက်ကလွန်တာလားဆိုတာ
သိအောင် ငါ့သမီးကိုမေးရမှာပေါ့
အေး မင်းသိထားရမှာက ငါ့သမီးဘက်ကမှန်နေရင် မင်းရောမင်းသားရော အသက်ဖက်နဲ့ထုတ်ထား"

ကြေးစား [Completed]Where stories live. Discover now