~ကြေးစား~Part-24
လက်ကိုရုန်းကာ ကားထဲဝင်တော့မည့် ကလေးငယ်ကို ထစ်ချုန်းပြန်ဆွဲထားလိုက်သည်။
"အဲ့ဒါဘယ်လိုဖြစ်တာလဲ ကလေးငယ်"
"ဘာကိုလဲ"
"ဦးတော်ဝင်ရဲ့သားနဲ့ ဘာလို့အတူလာတာလဲ"
"လွန်းကိစ္စတိုင်း ပြောပြနေရမှာလား
ဦးတာဝန်က လွန်းကိုကာကွယ်စောင့်ရှောက်ပေးဖို့ပဲမဟုတ်ဘူးလား ကိုယ်ရေးကိုယ်တာကို မေးဖို့တော့ မလိုဘူးထင်တယ်""ကလေးငယ်"
"လွန်း အိမ်ပြန်ချင်တယ်
ဦးတာဝန်အတိုင်း ကားမောင်းပို့ပါ
လွန်းကိုဘာမှထပ်မမေးပါနဲ့"ကလေးငယ်ရဲ့ခပ်စိမ်းစိမ်းအကြည့်ကို ထစ်ချုန်းသဘောမကျဖြစ်မိသည်။
ကားထဲဝင်သွားပြီမို့ ထစ်ချုန်းလဲဘာမှထပ်မမေးတော့။
အိမ်ရောက်မှချော့ပြီးမေးရအုံးမည်။စကားမရပ်မနားပြောတက်တဲ့ကလေးငယ်က
မနက်ကလိုပဲ တိတ်ဆိတ်နေသည်။အိမ်ရောက်တော့ သူကိုယ်တိုင်ကားတံခါးဖွင့်ကာဆင်းသွားသည်။
"ခဏနေအုံး ကလေးငယ်
ဦးနဲ့စကားပြောမယ်""လွန်း အလုပ်သမားတွေနဲ့စကားမပြောချင်ဘူး
ကိုယ့်နေရာကိုယ်နေပါ""ဘာ ……"
ထစ်ချုန်းမထင်မှတ်တာကိုကြားလိုက်ရသည်မို့
အံ့သြရသည်။
ဘယ်တုန်းကများကလေးငယ် အခုလိုစကားမျိုးပြောတက်သွားတာလဲ။
ဦးချင်းထပ်အောင် အမြဲခေါ်နေသည့်သူက
အလုပ်သမားလို့သုံးနှုန်းလိုက်သည်။
ကိုယ့်နေရာကိုယ်နေပါဆိုတဲ့စကားက ထစ်ချုန်းအတွက် ခံရအခက်ဆုံးပင်။
မနေ့ကကိစ္စက ဤမျှအထိပြောင်းလဲသွားဖို့ လိုအပ်သလား။"အဲ့လိုလုပ်မှဖြစ်မှာလား ကလေးငယ်"
ထစ်ချုန်းစကားကြောင့် အပေါ်ထပ်တက်ခါနီး
ကလေးငယ်ခြေလှမ်းတွေရပ်သွားသည်။"တာဝန်ဆိုတဲ့ စကားလုံးအရ ပတ်သက်နေတဲ့ လူတွေထက်စာရင် လွန်းကိုချစ်တဲ့သူနဲ့ ပတ်သက်ရတာ ပိုအဆင်ပြေတယ် စိတ်ရင်းနဲ့ချစ်ချစ်
ရမ္မက်လောဘကြောင့်ပဲချစ်ချစ် အနည်းဆုံး ကိုယ့်ကိုချစ်တဲ့သူမို့ စိတ်သက်သာရတယ်
ကိုယ်ချစ်တဲ့သူရဲ့ လျစ်လျူ ရှုခြင်းကိုခံရတာထက်
နာကျင်ရတာသက်သာတယ်"