Part 26

2.6K 34 0
                                    

~ကြေးစား~Part-26

ထစ်ချုန်းတို့အားလုံး ဟိုတယ်ကိုရောက်တော့
ဧည့်သည်အတော်အသင့်စုံနေပြီဖြစ်သည်။
လာတဲ့သူတွေကလဲ ငွေဇင်တို့ အသိတွေသာများသည်။
ထစ်ချုန်းကတော့ အသိမိတ်ဆွေများများစားစားရှိသူမဟုတ်။

"ထစ်ချုန်း လေးလေးတိမ်ညိုတို့လာပြီထင်တယ်"

အဝင်ပေါက်စီကြည့်တော့ ဦးတိမ်ညိုနှင့်ကိုအောင်ဘွားကိုတွေ့လိုက်ရသည်။
ထစ်ချုန်းမျက်လုံးတွေက ကလေးငယ်ကိုသာ ရှာဖွေမိသည်။

"ပိုးလွန်းကလိုက်မလာဘူးထင်တယ်"

ငွေဇင်ကထစ်ချုန်းကိုပြောသလိုနဲ့ရေရွတ်နေသည်။

"ကိုအောင်ဘွား ကလေးငယ်ရော"

"မင်းကလေးငယ်က ငါတို့နဲ့အတူမလိုက်ချင်ဘူးတဲ့လေ အဲ့ဒါကြောင့် ကားတစ်စီးသပ်သပ်စီးတာ
နောက်မှာလာပြီ"

"ကိုအောင်ဘွားက ကလေးငယ်နဲ့အတူမလာဘဲနဲ့ဗျာ"

"စိတ်မပူပါနဲ့ကွာ ပိုးလွန်းနဲ့အတူ သက်တော်စောင့်နှစ်ယောက်ပါ ပါတယ်"

"ဒါဆိုလဲ သွားထိုင်ကြလေ
ကျနော် ခဏနေမှ လာခဲ့မယ်"

ဦးတိမ်ညိုကတော့ဘာမှဝင်မပြော။
ကိုအောင်ဘွားနဲ့အတူ အရှေ့ဆုံးစီသို့သာလျှောက်သွားသည်။

"ငွေဇင် ဝေယံရော"

"ဟိုတယ်ရှေ့မှာရှိမယ်ထင်တယ်
ကိုကိုတို့ရော"

"အင်း ဒါဆိုငွေဇင်ခဏနေခဲ့အုံး
ကိုယ်ဝေယံစီသွားလိုက်အုံးမယ်"

"သွားလေ ကိုကိုနဲ့မမကိုတခါထဲခေါ်ခဲ့လိုက်လေ
အခမ်းအနားစတော့မယ်ထင်တယ်"

"အင်း"

ထစ်ချုန်းဟိုတယ်အပြင်ကိုထွက်လာခဲ့သည်။
ဝေယံက ထစ်ချုန်းကိုမြင်သည်နှင့် အနားရောက်လာသည်။

"ဦး......"

"ကလေးငယ် မလာသေးဘူးလား"

"ကျနော်လဲ မျှော်နေတာပဲ
ခုနကအန်ကယ်ဦးတိမ်ညိုပြောတာ နောက်မှာလာပြီတဲ့"

"ဖုန်းဆက်ကြည့်လိုက်
ဦးဖုန်းကပါမလာဘူး"

"ကျနော်ဆက်တယ် မရဘူး
တစ်ခုခုများဖြစ်နေလားမသိဘူး"

ကြေးစား [Completed]Where stories live. Discover now