~ကြေးစား~Part-9
ထောင့်ကွေ့၌ဝင်တိုက်မိသောမိန်းကလေးကိုကြည့်လိုက်တော့ မျက်ဝန်းလှလှနဲ့သူမ။
"ငွေဇင်ကြယ်ဟိန်း"
"ထစ်ချုန်း"
သူမ ထစ်ချုန်းကိုမြင်မှ လဲနေရာကထဖို့ကြိုးစားသည်။
"ရရဲ့လား sorry ငါမမြင်လိုက်လို့"
"ရပါတယ်"
"နိုင်ငံခြားကနေပြန်ရောက်နေတယ်လို့ကြားတယ်"
"အင်း သိပြီးပြီဆိုတော့ ဂေဟာကိုရောက်ခဲ့ပြီထင်တယ်"
"အင်း အပြီးပြန်လာတယ်ဆို"
"ဟုတ်တယ် ဘဝအတွက်အရေးပါတဲ့သူကိုအချိန်ပေးချင်လို့လေ
ဒါနဲ့ ထစ်ချုန်းကကျောင်းကိုဘာလာလုပ်တာလဲ""ကလေးငယ် ကိစ္စနဲ့လာတာပါ
အခုအပြင်ပြန်ထွက်တော့မလို့""ပိုးလွန်းအိမ်ကဒီကျောင်းမှာတက်တာလား"
"အင်း အလယ်တန်းကတည်းကလေ အခုတက္ကသိုလ်တက်နေတာ"
"ဟုတ်လား တို့တူလေးကလဲ ဒီမှာပဲ
သူကနောက်ဆုံးနှစ်""အော် ဒါဆိုငါသွားလိုက်အုံးမယ်"
"ထစ်ချုန်း"
"ဟင်"
"နင်ပြောခဲ့တယ်လေ ငါနဲ့သူငယ်ချင်းလုပ်မယ်လို့"
"အင်း ဘာဖြစ်လို့လဲ"
"အခုနင်လဲအလုပ်ကိစ္စမရှိဘူးမို့လား
တစ်ခုခုသွားစားရအောင်လေ ပြန်ဆုံတဲ့အမှတ်တရအနေနဲ့""ငါက …… အင်း ငါကအားပါတယ်
နင်မအားဘဲနေမှာစိုးလို့""ကိစ္စမရှိပါဘူး ငါလဲ ကျောင်းကိုခဏလာတာ
နောက်ရက်မှထပ်လာလဲရတယ်""အင်း ဒါဆိုလဲသွားတာပေါ့"
ထစ်ချုန်း ကလေးငယ်ကိုစိတ်မချပေမဲ့ ခဏပဲမို့ ကျောင်းအနီးနားက မုန့်ဆိုင်သို့ ငွေဇင်ကြယ်ဟိန်းနှင့်အတူလာခဲ့သည်။
သူမက အထက်တန်းကျကျ လူကြီးဆန်ဆန်လှသည်။
ပထမဆုံးတွေ့ခဲ့တုန်းက မျက်ဝန်းလှလှလေးတွေကလဲ ယခုအချိန်ထိလှနေဆဲပင်။
နိုင်ငံခြားမှာနေလာခဲ့တာကြောင့်ဖြစ်မည်။
သူမအပြောအဆိုသွက်လက်သည်။