Part 30 (Extra)

6.8K 99 7
                                    

~ကြေးစား~

တိမ်ဖြူ လွှာတို့ကြား တစ်ရိပ်ရိပ်ပျံသန်းနေသော လေယာဉ်ငယ်။
ကိုယ့်မြေ ကိုယ့်ရေ ဆိုသည့် ခံစားမှုကို ခံစားမိသည်နှင့် ဝမ်းနည်းစိတ်တို့က အလုံးအရင်း။

မျှော်သူမရှိသော ဋ္ဌာနေသို့ပြန်လာရခြင်းသည်
လွန်းအတွက် တလှိုက်လှိုက်နာကျင်စေသည်။

ပျော်စရာနေ့ရက်တချို့ကို ဦးနှင့်အတူဖြတ်သန်းခဲ့ဖူးသည်။
သို့ပေမဲ့ တကူးတက ဖန်တီးခဲ့တာမျိုးတော့ မရှိခဲ့။
အမှတ်တရဟူသည် ဖော်ပြစရာမရှိပေမဲ့
အတူရှိခဲ့သော နေ့ရက်တိုင်းကို လွန်းမမေ့ခဲ့ပါ။

ချစ်ခဲ့သည်……။
အမြဲလိုလို အနားမှာ အရိပ်လိုရှိနေတက်သည့်ဦးကို။
ပြန်မလာတော့ဘူးဆိုတာသိပေမဲ့လဲ ဆက်ပြီးချစ်ခဲ့သည်။
ယနေ့ထိတိုင်လဲ ချစ်နေဆဲဖြစ်သည်။

သံသရာလည်နေသရွေ့ လွန်းအချစ်တို့သည်လည်း ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။
မနက်ခင်းတိုင်းကို တစ်ယောက်ထဲ ခက်ခဲစွာဖြတ်သန်းခဲ့သည်။
သို့သော် ကြိုက်နှစ်သက်သည့် မနက်ခင်းသည် ယနေ့တိုင်ရှိမလာခဲ့သေး။

နေဝင်ချိန်များစွာကို မျက်ရည်များစွာနှင့် ဖြတ်သန်းခဲ့ဖူးသည်။
ကြည်နူးစရာကောင်းသော ညနေဆည်းဆာဟူသည် လွန်းအတွက်ရှိမလာခဲ့။

နေ့ရက်တိုင်းက ယနေ့တိုင် အထီးကျန်ဆန်နေဆဲပင်။
ရင်တွင်း၌ဖြစ်တည်သည် အချစ်တစ်ခုသည်သာ
တစ်ဆထက်တစ်ဆ အမြစ်တွယ်ကာ ရှင်သန်နေခြင်း။

လေယာဉ်မယ်၏ အသံချိုချိုလေးကြောင့် ကျလုလုမျက်ရည်စတို့ရုတ်သိမ်းကာ မျက်မှန်အမဲလေးပြန်တပ်မိသည်။

တဖြေးဖြေးနိမ့်ဆင်းနေသည့် လေယာဉ်ငယ်နှင့်အတူ ရင်ခုန်သံတချို့သည် အဓိပ္ပာယ်မဲ့စွာ လှုပ်ခတ်နေသည်။

အနှစ် 20 နီးပါး ဝေးကွာခဲ့သော ဤမြေသည်
လွန်းကို စိတ်လှုပ်ရှားစေပါသည်။
အသက် 38 နှစ်အရွယ် မိန်းမတစ်ယောက်အတွက် ရင်ခုန်သံသည် ဝုန်းဒိုင်းကျဲနေတာမဟုတ်ပေမဲ့ အနည်းငယ်တော့ စိတ်လှုပ်ရှားမိပါသည်။

"ဝမ်းနည်းနေလား သမီး"

အချိန်တွေအကြာကြီး ဘေးနားမှာ ရှိနေပေးသည့် ဦးလေးအောင်ဘွား။
အဖြူ ရောင်သန်းနေသော ဆံစတို့ရှိနေပေမဲ့ ခန့်ညားနေဆဲ။
ဒယ်ဒီဆုံးသွားကတည်းက အရင်အချိန်ကထက် ဂရုစိုက်ပေးသည်။
လွန်းရဲ့ဒယ်ဒီလိုပင် ချစ်ပေးသည်။
ဒယ်ဒီရော ဦးရော မရှိတော့ပေမဲ့ အားငယ်မိတဲ့အချိန်တိုင်း နှစ်သိမ့်ပေးသည့် ဦးလေးအောင်ဘွားကြောင့် လွန်းမယိုင်မလဲ ရှိခဲ့သည်။

ကြေးစား [Completed]Where stories live. Discover now