14U

1.7K 64 3
                                    

🖤My Dear Ex-husband🖤

Part<14>

"ကျွန်တော်စေ့စပ်ပွဲဖျက်ချင်တယ်"
ထိုစကားအဆုံးမေမေက စူးစူးရဲရဲ စိုက်ကြည့်လာပြီး
"အကြောင်းပြချက်က ဟိုမိန်းကလေးမလား"
"သူက ကျွန်တော့် တရားဝင်ဇနီးပါ"
"အဲ့တော့...."
"မဟော်ဂနီနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခွင့်ပေးပါ"
အမေက တဟားဟားရီလျက်
" ရွေးချယ်လိုက် အဲ့မိန်းမလား ငါလား"
"မေမေ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲ့လိုရွေးချယ်စရာတွေမပေးလို့မရဘူးလား"
"ငါအသက်ရှင်နေသရွေ့ပဲ.....
စေ့စပ်ပွဲကို ဖျက်ချင်တယ်မလား ရတယ်"
မေမေစကားမှာ ကုဋေ့မျက်ဝန်းထဲ မျှော်လင့်ချက်လေးတွေ ဖြတ်ပြေးသွားရသည်။
"ငါသေသွားရင်ပေါ့"
"အမေ!!!!"
"ဟုတ်တယ်လေ လမ်းတောင်မလျှောက်နိုင်တဲ့ ငါ့လိုဒုက္ခိတမကြီးကို ပြုစုရတာ ပင်ပန်းရောပေါ့"
ကုဋေ မေမေဝှီးချဲရှေ့ထိုင်လိုက်ပြီး မေမေ့လက်တွေကို ဆုပ်ကိုင်လိုက်မိသည်။
"အဲ့လိုမပြောပါနဲ့"
""ငါလဲ ဒီဘဝကြီးကို မုန်းနေပြီ မြန်မြန်သေရင်အေးတာပဲ"
"ကျွန်တော်တောင်းပန်ပါတယ် အဲ့လိုစကားတော့ မပြောပါနဲ့"
ကုဋေ မမြင်လိုက်သည်က နှုတ်ခမ်းထက်က အပြုံးတစ်ချို့

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ကုဋေ မေမေ့အားနားချမရစွာ တစ်ခြားတစ်ခုကို ကြံရတော့သည်။
"မောင် စောင့်နေတာကြာသွားပြီလား"
ကုဋေ့ရှေ့သို့ရောက်လာသော မဟော်အားမော့ကြည့်ရင်း
"သိပ်မကြာသေးပါဘူး"
မဟော် အိတ်အားခုံ၌တင်ကာ ကုဋေ့ရှေ့ထိုင်လိုက်မိသည်။
အရင်ကလောက် မရွှင်ပြသော ကုဋေ့အားကြည့်ကာ
"ပြသနာတစ်ခုခုရှိလို့လားမောင်"
"ကျွန်တော်ဝန်ခံစရာတစ်ခုရှိတယ်"
"ဘာလဲမောင် မောင့်မှာ တခြားမိန်းကလေးရှိတယ်ဆိုပြီး ပြောမလို့လား"
ကုဋေ မျက်နှာပူစွာပဲ ခေါင်းငုံ့ထားမိသည်။
မဟော်က ရိပ်မိစွာ
"တကယ်ပဲပေါ့"
"မ နားလည်ပါတယ်မောင်ရယ် မ က သဘောထားသေးတဲ့မိန်းမမဟုတ်ဘူး မောင့်ကို မဖြည့်ဆည်းပေးနိုင်တဲ့အရာတွေကို သူတို့ကပေးတာလို့ပဲ သဘောထားလိုက်ပါတယ် မ ဘက်ကလိုအပ်ချက်တွေပဲလေ"
"မမဟော်ထင်သလိုမဟုတ်ဘူး ကျွန်တော်လက်ထပ်ပြီးပြီ"
ကုဋေ မဟော်အားမဝံ့မရဲမော့ကြည့်မိတော့ ဘာတုံ့ပြန်ချက်မှမပေး။
လက်ချောင်းတို့က စားပွဲအားတဒေါက်ဒေါက်ခေါက်နေလေသည်။
'"ကျွန်တော့်လုပ်ရပ်​တွေအတွက် တောင်းပန်ပါတယ် ကျွန်တော်တို့စေ့စပ်ပွဲကို ဖျက်သိမ်းပေးလို့ရမလား"
"ဘာလို့လဲ"
ကုဋေ နားမလည်ဖြစ်သွားရသည်။
အခြေအနေတွေက ကုဋေတွေးထားတာနဲ့ တခြားစီပင်။
"ကျွန်တော်လက်ထပ်ပြီးပြီ မမဟော် ပြီးတော့ ကျွန်တော်သူနဲ့ပဲတစ်ဘဝလုံးဖြတ်သန်းချင်တယ်"
"အဟင်းးးး"
မဟော်တစ်ချက်ရီလိုက်မိသည်။
"ဒီအကြောင်းတွေကို မ သိပြီးသား"
"........"
ကုဋေ အံ့သြသွားရတာအမှန်။
"အဆင့်မရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်ထပ်ပွဲကိုဖျက်သိမ်းရမတဲ့လား မောင်ရယ်"
ကုဋေ ခေါင်းကိုယမ်းရင်း။
"ယိမ်းက တန်ဖိုးရှိတဲ့မိန်းကလေး ပြီးတော့ မမဟော်နဲ့ကျွန်တော်က လူကြီးတွေသဘောတူတာတွေ ခေါင်းညိမ့်ခဲ့ရုံပဲရှိတာ မမဟော်လည်း ကျွန်တော့်ကို မချစ်သလို ကျွန်တော်လည်း မမဟော်ကို မချစ်ဘူး"
မဟော်ပြုံးနေလိုက်မိသည်။
မချစ်ဘူးတဲ့လား။
ဒီကောင်လေးကို ငယ်စဥ်ကထဲက  မြင်တွေ့ခဲ့ရသည်။
မိဘတွေကလည်းအမြဲပြောခဲ့တာက ကိုယ့်ရဲ့သတို့သားလောင်းတဲ့။
ကိုယ့်သတို့သားလေးကို အမြဲစောင့်ကြည့်နေခဲ့မိတာ။
စေ့စပ်ပွဲပြီးတော့ တရားဝင်တွဲခဲ့ကြတယ်။
ချိန်းတွေ့တဲ့အချိန် ဂရုစိုက်ပေးမှုတွေ နွေးထွေးပေးမှုတွေအပြည့်။
ချစ်တယ်လို့ မပြောတာကလွဲရင် ကိုယ့်ကို ဂရုစိုက်ပေးတတ်သည်။
ထိုဂရုစိုက်ခြင်းတွေကြားမှာ ပျော်မွေ့နေခဲ့တာပေါ့။
ကိုယ်နဲ့ သိတဲ့အတောအတွင်း ကိုယ့်အပေါ်သစ္စာရှိပေးခဲ့တဲ့သူ။
ဒါကြောင့် ယုံကြည်စွာပဲ လွတ်ထားပေးကာ မပြည့်သေးတဲ့ ကိုယ့်အိမ်မက်တွေကို လိုက်ရှာခဲ့တယ်။
အဲ့ဒီကစမှားခဲ့တာ။
အခြေအနေတွေက မောင့်ဘဝထဲကို မိန်းမတစ်ယောက်ဝင်စေခဲ့တယ်။
စေ့စပ်ပွဲဖျက်မယ်တဲ့လား မရဘူးမောင်။
မောင်က မဟော့်အပိုင်။
မဟော်ကလွဲလို့ ဘယ်သူမှပိုင်ဆိုင်ခွင့်မရှိသလို ချစ်ခွင့်လဲ မရှိဘူး။
အဲ့လိုပဲ ပျော်ခွင့်လည်း မပေးနိုင်ဘူး။
"Sorryမောင် ချစ်​​သည် ဖြစ်စေ မချစ်သည်ဖြစ်စေ အရေးမကြီးဘူး လက်ထပ်ပွဲကို မ ဘက်ကစမဖျက်နိုင်ဘူး မောင့်အမေသဘောတူရင်တော့ ပြန်စဥ်းစားပေးမယ် မောင်က တစ်သက်လုံး မအပိုင်ပဲ"
"ကျွန်တော်ခင်ဗျားကို မချစ်ဘူး"
"မောင်မချစ်လဲ ကိစ္စမရှိဘူး ဒါပေမယ့် မောင်မသေမချင်းမောင်က မ အပိုင်ပဲ"

🖤My Dear Ex-husband🖤 Where stories live. Discover now