26U

1.7K 73 3
                                    

🖤My Dear Ex-husband🖤


Part<26>


ယိမ်း ကုတင်ထက်မှာ မေ့မြောနေသော သူ့အားတိတ်တဆိတ်ငေးကြည့်နေမိသည်။
နှစ်လရှိသွားလေပြီ။
အက်ဆီးဒင့်မှာ အထိအခိုက်များပေမယ့်လည်း အသက်ရှင်နေတာ သူ့ကံကောင်းမှုပေလား ကံဆိုးမှုပေလားမသိတော့။
ဆန်းကြယ်စွာ သူနိုးလာခဲ့လျှင်ရော စောင့်ကြိုနေမယ့်အရာတွေဟာ သူ့အတွက်နာကျင်စရာတွေ။
နှစ်လဆိုသော အချိန်ကာလမှာ အဖြစ်အပျက်တွေအများကြီးဖြစ်သွားခဲ့သည်။
ဦးထက်မြက်သူက ယိမ်းကို​သေသည်အထိ ကြံစည်ခဲ့ပေမယ့်လည်း ကုဋေဝင်လာသည်ကို မြင်တော့ ကားအားအတတ်နိုင်ဆုံးရှောင်တိမ်းခဲ့သည်။
ဦးထက်မြက်သူရဲ့ငဲ့ညာမှုကြောင့် အသက်မသေတာဖြစ်သည်။
သို့ပေမယ့်လည်း ဦးထက်မြက်သူကတော့ ကံမကောင်းခဲ့ပေ။
တစ်ဖက်မှ ထရပ်ကားဖြင့် ဝင်တိုက်မိကာ အရှိန်မနည်းသဖြင့် ပွဲချင်းပြီးသွားလေပြီ။
စိတ်မကောင်းစရာက သူ့အချစ်တွေက အတ္တကြီးတဲ့မိန်းမရဲ့ အသုံးချခံဖြစ်သွားခြင်းသာ။
ဒေါ်မိုးကုဋေကတော့ သက်သေအပြည့်အစုံနှင့် လူသတ်ရန်ကြံစည်မှုများဖြင့် အဖမ်းခံရစဥ် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
သူ့မကောင်းတဲ့ စိတ်တွေကတော့ရပ်မသွား။
ထွက်ပြေးနေရင်းပင် ယိမ်းတို့အားမကျေမနပ်ဖြစ်ကာ ကြေးစားအဖွဲ့ငှားကာ လုပ်ကြံဖို့ကြံစည်ခဲ့သည်။
သူ့အကုသိုလ်တွေ အကျိုးပေးသည်ပြောရမလား။
ထိုအချိန်တစ်ဖက်မှ ရန်သူအဖွဲ့နဲ့ အပစ်အခတ်ဖြစ်ကြပြီး ကြားထဲကမြေစာပင်ဖြစ်သွားလေသည်။
မကောင်းတဲ့ကံက သူ့ကို ချက်ချင်းမသေစေပေ။
ဆေးရုံရောက်သည်အထိ အသက်ပါလာသေးသည်။
ကျောရိုးက ကျည်ဆန်ကြောင့် လမ်းမလျှောက်နိုင်တော့သလို
ပေါင်ရင်းမှန်သော ကျည်ဆံကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်။
သူ့ကို ကြည့်ရှုမယ့်သူမရှိ ဆီးမနိုင်သေးမနိုင်ဘဝဖြင့် ဆေးရုံမှာ 45ရက်ကြာအပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီစဥ်သွားလေသည်။
နောက်ဆုံးအချိန်ထိ သူ့အမှားသူမသုံးသပ်နိုင်ခဲ့ပဲ မာနတရားတွေဖြင့် အဆုံးသတ်သွားလေသည်။

ယိမ်း သူ့လက်အားဆုပ်ကိုင်လိုက်ပြီး
"ရှင်သိလား ရှင့်ကို ဘယ်လောက်ပဲစိတ်နာတယ်ပြောပြော ချစ်နေဆဲပဲ မေ့ဖို့ကြိုးစားရင်းလွမ်းနေခဲ့တယ်"
ယိမ်း မျက်ဝန်းမှ မျက်ရည်စက်လေးဟာ သူ့လက်ကောက်ဝတ်ပေါ် ခုန်ချသက်ဆင်းသည်။
"တကယ်ဆို ကျွန်မကရှင့်ကို မုန်းနေရမှာလေ ဘာလို့ ကျွန်မကို ကယ်ခဲ့ရတာလဲ ဟင့်"
"........."
"ရှင့်ကို ခွင့်မလွှတ်ချင်ဘူး အဲ့တာမလို့ နိုးလာပြီး ကျွန်မပေးတဲ့ အပြစ်တွေခံယူပါ"
"ယိမ်း......."
နောက်ပါးမှ ညီးခေါ်သံကြောင့် ယိမ်းမျက်ရည်တွေအားသုတ်လိုက်မိသည်။
ပြီးတော့ ပြုံးလျက်
"သြော်....ညီး"
ညီးက ကုတင်ပေါ်ကသူ့အားတစ်ချက်ကြည့်ကာ
"သတိမရသေးဘူးလား"
"အင်း"
ယိမ်း အိတ်အားယူရင်းမှ ဖြေလိုက်မိသည်။
သူ့အပေါ် မပြတ်သားသော ကိုယ့်စိတ်ကြောင့် ညီးအပေါ် အားနာမိသည်။
"တောင်းပန်ပါတယ်ညီး....ငါ"
"ဘာတောင်းပန်စရာလိုလဲ ယိမ်းရယ် သူကနင့်အသက်ကိုကယ်ခဲ့တာပဲလေသူသာမရှိရင် နင်အသက်ရှင်မှာမဟုတ်ဘူး"
ညီးက နားလည်ပေးလေ ယိမ်း အားနာမိလေ။
ဒီပြသနာတွေဖြစ်သွားတော့မှ ယိမ်း ကိုယ့်စိတ်ကိုယ်သေချာသိသွားရသည်။
ယိမ်း ဘဝမှာ သူ့ကိုမေ့ပစ်ဖို့ဖြစ်နိုင်ပါ့မလား။
ယိမ်းရွေးချယ်မှုက သူမဟုတ်ပေမယ့် နှလုံးသားမှာ သူကရှိနေဆဲပင်။
ယိမ်း ဘာဆက်လုပ်သင့်လဲ။
"ကိုယ်တို့သွားရအောင်ယိမ်း"
"အွန်း"
ယိမ်း ပြန်ခါနီးကုတင်ပေါ်ကသူ့ကို တစ်ချက်ကြည့်မိလိုက်သည်။
ယိမ်း သတိမထားခဲ့မိသည်က လှုပ်ရှားသွားသော သူ့လက်ချောင်းတွေ။
စိုစွတ်သွားသော သူ့ပါးပြင်တွေ။
ခေါင်းအုံးထက်ကြွေလွင့်သွားသော မျက်ရည်စက်တွေကိုပင်။

🖤My Dear Ex-husband🖤 Where stories live. Discover now