🖤My Dear Ex-husband🖤
Part<8>
"ကိုကုဋေ အအေးလေးသုံးဆောင်ပါဦး"
ကုဋေ သူမတိုက်ခန်းကို ရောက်နေခြင်းပင်။
ရှိနေမည်ဟု သေချာပေါက်တွေးထားပေမယ့် ဘယ်သွားနေသည်မသိ။
ကုဋေ စိတ်တို့မကြည်ပေ။
"ဘယ်အချိန်ထဲက ထွက်သွားတာလဲ"
ရှေ့မှ အအေးခွက်ချပေးလာသော မိန်းကလေးအား ကုဋေ ခပ်မာမာမေးလိုက်မိသည်။
"နေ့လည်ကထဲကပါ"
တောက်!!!!!
ကုဋေ တောက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။
နေ့လည်ကထဲက အခုဆိုမိုးတောင်ချုပ်နေပြီမလား။
"အမေ့!!!!!"
ရှေ့ကကောင်မလေးက ဖန်ခွက်ချအပြီး အထွက် စားပွဲခုံအားဝင်တိုက်ကာ လဲကျလာသည်က ကုဋေ့ရင်ခွင်ထဲ။
ကုဋေ အလျင်အမြန်ပဲ တွန်းဖယ်မိသည်။
"ဟို....ဆောရီး မွှေးပေါ့ဆမိတာပါ'"
"ရတယ်"
ကုဋေ စိတ်ထဲမသတီစွာ အပေါ်ဝတ်အင်္ကျီအားခါလိုက်မိသည်။
စိတ်ထဲဝင်လာသည်က သူမမရှိချိန် သူစိမ်းမိန်းကလေးနဲ့ အခန်းထဲအတူရှိနေတာ မကောင်းဘူးမလား။
ဒါကြောင့် မတ်တပ်ရပ်လိုက်ပြီး
"သူပြန်လာရင် လာသွားတယ်ပြောပေး"
"ဟုတ်"
မွှေး ချပေးထားသော လက်ဖက်ရည်ခွက်ပန်းကန်လေးအားကြည့်ကာ
"လက်ဖက်ရည် မသောက်တော့ဘူးလားဟင်"
ကုဋေ ပြန်မဖြေမိပါပဲ အပြင်ထွက်ဖို့ ပြင်မိသည်။
သို့ပေမယ့် ကုဋေ ခြေလှမ်းတွေက သူမအိပ်ခန်းကို ဦးတည်လိုက်မိသည်။
"ဟို...ကိုကုဋေ"ကုဋေ ဘာကိုမျှ ဂရုမစိုက်မိပါပဲ သူမအခန်းထဲဝင်ခဲ့မိသည်။
ခရမ်းနုရောင်နဲ့အရင့်ရောစပ်ထားသော သူမအိပ်ခန်းအပြင်အဆင်က ချစ်စဖွယ်။
ကုတင်ဘေးက photo standတွေအားယူကြည့်မိသည်။
ဒေါ်လှလွန်းပိုနဲ့ အတူရိုက်ထားသည့် မိန်းကလေးတစ်ယောက်။
သူမနဲ့သိပ်ကို တူလွန်းသည်။
ကြည့်ရတာ သူမအမေဖြစ်ဟန်တူသည်။
ထိုဓာတ်ပုံလေးအား ပြန်ထားဖို့ လုပ်ပြီးမှ မြင်လိုက်ရသည့် ပုံကြောင့် မျက်ခုံးတန်းတွေစုကျုံ့သွားရသည်။
"ဒါက....."
ပုံထဲတွင် အတူဖက်ကာ ရီမောနေကြသော ယောက်ျားသားသုံးယောက်။
နှစ်ယောက်ကိုတော့ သူသိသည်။
သူ့အဖေနဲ့ သူ့ဦးလေး။
ကျန်တစ်ယောက်မှာတော့ လုံးဝစိမ်းသက်နေစွာ။
ဘာလို့ အမြတ်တနိုးနဲ့ သိမ်းထားရတာလဲ။
ကုဋေ ဓာတ်ပုံကို ကျစ်နေအောင်ကိုင်ရင်း ဒေါသကြောင့် မေးရိုးတွေထင်းခနဲ။
"စေရာယိမ်း မင်းငါ့အဖေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ"