9U

1.4K 37 0
                                    

🖤My Dear Ex-husband🖤


Part<9>


ဒေါ်မိုးကုဋေ ဒီနေ့ဆိုင်ရဲ့ စာရင်းတွေစစ်နေစဥ်
"အန်တီ အပြင်မှာဧည့်သည်ရောက်နေပါတယ်"
ဝန်ထမ်းလေးအပြောကြောင့် မျက်မှန်အားချွတ်ကာ
"ဘယ်သူလဲ"
"အန်တီ့ခင်ပွန်းပါ"
"အင်း ဧည့်ခန်းမှာ ဧည့်ခံထားလိုက် ငါလာခဲ့မယ်"
"ဟုတ်"

ဧည့်ခန်းထဲဝင်ဖို့ ချီတုံချတုံဖြစ်နေမိသည်။
ဘယ်လောက်ပဲမုန်းပါတယ်ဆိုပါစေ သားအဖေက သူသိပ်ချစ်ရတဲ့သူ။
သူမကိုချစ်နေတဲ့လူတွေကိုဖယ်ပြီး အရယူခဲ့မိတာ။
အခုလဲ ကွာရှင်းခွင့်မပေးဘူးဆိုတာ အတ္တကြောင့်လဲ ပါသလို အချစ်ကလဲတစ်စိတ်တစ်ပိုင်းပေါ့။
အခုလို လာတွေတယ်ဆိုတော့....
ရင်ခုန်မှုများဖြင့် ဝင်သွားပေမယ့်လည်း အတူယှဥ်တွဲတွေ့လိုက်ရသော လူနှစ်ယောက်ကြောင့် ဒေါသတို့ထွက်သွားရသည်။
ဒါ​ကြောင့် မဲ့ပြုံးတစ်ပွင့်ဖြင့်။
"အဟက် ဘာလဲ မကွာရှင်းပေးလို့ သက်သက်သိက္ခာလာချတာလား"
ဒေါ်လှလွန်းပိုကလည်း အပြုံးချိုချိုဖြင့်
"အရာရာကို နင့်ရဲ့အောက်တန်းကျလှတဲ့စိတ်နဲ့ မနှိုင်းနဲ့မိုးကုဋေ အဟက် မှန်တော့မှန်ပါတယ် မကြာခင် နင့်လုပ်ရပ်တွေအကုန်သိကြတော့မယ်"
"နင်ဘာကိုပြောချင်တာလဲ"
ဖျပ်💢
စားပွဲထက်ပစ်တင်လိုက်သည့်စာရွက်စာတမ်းဓာတ်ပုံအချို့
"နင်သိပ်ကို လိုချင်ပါရဲ့ဆိုတဲ့ သက်သေတွေ ဒါအကုန်မဟုတ်သေးဘူးနော်"
ဒေါ်မိုးကုဋေ တစ်ချက်မျှကြည့်လိုက်ပြီး မတုန်လှုပ်စွာပဲ
"အဲ့တော့ ဘာဖြစ်လဲ ငါက ငါ့မိသားစုကို ကာကွယ်ခဲ့တာ"
ဒေါ်လှလွန်းပိုက ပါးစပ်အားလက်ဖြင့်အုပ်ကာ ရီလျက်
"အဟင်းးးကာကွယ်တယ်ဟုတ်လား နင့်ကြောင့် ငါချစ်ရတဲ့သူသေခဲ့ရတာလေ"
"အဲ့တာ သူလူရွေးမှားခဲ့တာ ငါမမှားဘူး"
ဒေါ်လှလွန်းပိုဒေါသမထိန်းနိုင်စွာပဲ
ထိုင်ခုံမှ ဆတ်ခနဲ မတ်တပ်ရပ်မိသည်အထိ။
"ငါ့ဘဝကိုဖျက်ဆီးခဲ့တာရော ဟမ်!!!!!"
"အောက်တန်းကျတဲ့ မိန်းမ"
"ဟင့်အင်း ငါမမှားဘူး"

လွန်ခဲ့သော အတိတ်တစ်ချိန်က📆📆📆

ဖြန်း👋
'"ဟင့်ဟီးးး"
လွန်း( လှလွန်းပို ) Guideပြပြီးပြန်လာချိန် ထုံးစံအတိုင်း အဒေါ်ဖြစ်သူရဲ့ ရိုက်နှက်ခြင်းခံနေရသော ညီမလေးကြောင့်
"ရှင်ဘာလုပ်တာလဲ"
"ရိုက်တာ အပိုးမကျိုးလို့"
ကြမ်းပြင်ထက်ထိုင်ကာ ငိုယိုနေတဲ့ ညီမလေးကို ကြည့်မိတော့ ပါးနှစ်ဖက်မှာယောင်ကာ နီရဲလို့။
"ဘယ်မှာလဲ ပိုက်ဆံ"
"နောက်လအတွက်ပါ ကြိုထုတ်ထားပြီးပြီမလား ဘယ်ကလစာက ရမှာလဲ"
"တောက်!!!!!!ဆန်ကုန်မြေလေးတွေ ငိုမနေနဲ့ လာဘ်တိတ်တယ် ထမင်းချက်ထား"
အိမ်ပေါ်က ဒုန်းစိုင်းဆင်းသွားသော အဒေါ်ဖြစ်သူ ဘယ်သွားမည်ကို ခန့်မှန်းစရာပင်မလို။
မိဘနှစ်ပါးရှိစဥ်က ချမ်းသာသည်မဟုတ်ပေမယ့် ချောင်ချောင်လည်လည်နေနိုင်ခဲ့သည်။
အဖေက အစာအိမ်ကင်ဆာနဲ့ဆုံးတော့ လွန်းက ဆယ့်လေးနှစ် ရှစ်တန်းကျောင်းသူအရွယ်ပင်။
ညီမလေးက ဆယ့်နှစ်နှစ်သာရှိသေးသည်။
အဖေသေမှ အဖေ့ညီမက သွေးသားတော်စပ်တာတွေ အကြောင်းပြပြီး သူ့ယောက်ျားနဲ့အတူ အိမ်ပေါ်တက်နေခဲ့သည်။
စိတ်ထားကောင်းတဲ့အမေက လက်ခံပေးခဲ့ပါတယ်။
ပြသနာက အဲ့မှာစတာပဲ။
အဒေါ်က လောင်းကစားဝါသနာပါသူဖြစ်ရာ အိမ်ကပိုက်ဆံတွေရတနာတွေခိုးဖွက်ရုံမျှမက လုပ်ငန်းတွေကို ထိပါးလာတော့ စီးပွားရေးကမချောင်လည်တော့။
အဖေ့စိတ်ကြောင့်သာမက ယောင်းမစိတ်ကြောင့်ပါ စိတ်ထောင်းကိုယ်ကျေဖြစ်သွားပုံပေါ်သည်။
နှလုံးရောဂါဖြင့် အမေက နောက်နှစ်မှာပဲ အဖေ့နောက်လိုက်သွားပြန်တယ်။
အမေနဲ့အဖေမရှိတော့ အဒေါ်စိတ်ကြိုက်ဖြစ်သွားတယ်လေ။
အိမ်ရော ကျန်သေးတဲ့အလုပ်တွေကိုပါ လက်ဝါးကြီးအုပ်ပြီး လွန်းတို့ ညီအစ်မက သူ့အခိုင်းအစေဖြစ်သွားရတယ်။
လွန်းက ဆယ်တန်းကို အမှတ်ကောင်းပေမယ့် တက္ကသိုလ်မထားနိုင်ဘူးဟုဆိုကာ မတက်ခဲ့ရ။
ကျောင်းတက်ချင်လွန်း၍ ဂိုက်ပြကာ ပိုက်ဆံရှာသမျှ အဒေါ်က ယူသုံးသည်။
လွန်းအလုပ်သွားချိန် ညီမလေးကို အိမ်မှာအနိုင်ကျင့်ပြန်ရော။
အဲ့တုန်းက ဘာလုပ်လို့လုပ်ရမယ်မသိဖြစ်ရသည်။
လွန်းတစ်ယောက်ထဲဆို ဖြစ်သလိုနေ ဖြစ်သလိုစားပြီးနေနိုင်သော်လည်း အမေ့နည်းတူ နှလုံးအားနည်းသော ညီမလေးက နေနိုင်မည်မဟုတ်။
လွန်းလမ်းပျောက်နေမိစဥ်မှာပဲ အဖြစ်အပျက်တစ်ခုက လွန်းဆုံးဖြတ်ချက်တွေကို ခိုင်မာသွားစေသည်။
လွန်းဂိုက်ပြဖို့ သွားနေရင်း ပစ္စည်းမေ့ကျန်သဖြင့် အိမ်သို့ ပြန်မိစဥ် ဆိုးဆိုးဝါးဝါးမြင်ကွင်းက ဆီးကြိုသည်။
အဒေါ်ယောက်ျားအရက်သမားက လွန်းညီမငယ်ငယ်လေးကို ထိပါးဖို့ကြိုးစားနေတယ်။
လွန်းမျက်လုံးထဲ ဘာမှမမြင်တော့ပါပဲ အနီးအနားဝေ့ဝိုက်ကြည့်မိတော့ တွေ့မိသည်က ဓားမြှောင်တစ်ချောင်း။
အလျင်အမြန်ပဲ ကောက်ယူကာ ညီမလေးကိုစော်ကားဖို့လုပ်နေသော လူအားအနောက်ကနေ ထိုးစိုက်လိုက်မိသည်။
"အာ့!!!!!"
ထိုသူလဲကျသွားတော့ အဝတ်တွေဖရိုဖရဲ ဖြစ်ကာ ငိုယိုနေသော ညီမလေးအား ရင်ခွင်၌ ထွေးပွေ့ရင်း
"မမတို့ ဒီထက်ပိုကောင်းတဲ့ နေရာကို သွားကြတာပေါ့"
ဘယ်သူမှမသိခင်မှာပဲ တန်ဖိုးအနည်းငယ်ရှိသော ပစ္စည်းတို့အားယူကာ ထွက်ပြေးခဲ့ရသည်။
တစ်ခုကံကောင်းသွားတာက အဒေါ်က လောင်းကစားဝိုင်းရောက်နေခြင်းပါပဲ။
အဲ့နောက်ပိုင်း အဒေါ်နဲ့ပတ်သက်တဲ့ဘာသတင်းမှ မကြားခဲ့ရတော့။
မကြားချင်တာဆို ပိုမှန်မည်။
မြို့ပေါ်မှာ လွန်းနဲ့ညီမလေးနေဖို့ တန်ဖိုးအသင့်အတင့်ရှိတဲ့ အခန်းလေးတစ်ခုငှားဖို့ ရှိတဲ့လက်ဝတ်လက်စားတွေကို ရောင်းချခဲ့ရသည်။
လွန်းဘာသာဆို မလိုအပ်ပေမယ့် ညီမလေးကတော့မတူ။
လွန်းကတော့ အပြင်မှာ အလုပ်ရှာခဲ့ပေမယ့် ပညာရောအတွေ့အကြုံပါလိုအပ်တော့ အလုပ်ကောင်းရဖို့ ခက်ခဲ့ခဲ့သည်။
ကံဆိုးမသွားရာမိုးလိုက်လို့ ရွာဆိုသလိုပဲ ညီမလေးက စိတ်ပိုင်းဆိုင်ရာကြောင့် ရောဂါဖြစ်ကာ ကုသရန်လိုအပ်လာတော့တယ်။
လက်ရှိ အလုပ်ကလဲ ညီမလေးကို ကုသရန် မလုံလောက်။
လွန်းစိတ်ပျက်လက်ပျက်ဖြစ်နေစဥ် ဘေးခန်းက အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်သည်။
ထိုအစ်မက လွန်းတို့ညီအစ်မအား လိုအပ်တာကူညီပေးသည်။
လွန်း သူ့အားငွေလိုကြောင်း အလုပ်လိုကြောင်းရင်ဖွင့်မိတော့ ထိုအစ်မကသူ့အလုပ်အကြောင်း ဖွင့်ပြောပြသည်။
မလုပ်ဖို့ရန် တားမြစ်ခဲ့ပေမယ့် လွန်းအတွေးထဲရှိနေသည်က ငွေပင်။
ဒါကြောင့် ထိုအစ်မအားအတင်းအကြပ်အပူကပ်ကာ အဲ့အစ်မအလုပ်လုပ်တဲ့ဆီမှာ ဝင်လုပ်ခဲ့သည်။
တဏှာအပြည့်နဲ့ ယောက်ျားသားတွေကြားမှာ သတိကပ်စွာနေခဲ့ရသည်။
လွန်းရဲ့အလှကြောင့် ယောက်ျားသားတိုင်းပိုင်ဆိုင်ချင်ကြသည်။
လွန်းကskinshipလောက်သာလက်ခံခဲ့သည်။
အလုပ်ရှင်ကလဲ အဓိကလူဖြစ်နေတဲ့ လွန်းကို မဆုံးရှုံးချင်တာကြောင့် customer တွေနဲ့ အတူနေရန် အတင်းအကြပ်ဖိအားမပေးခဲ့။
တစ်နှစ်အတွင်းမှာ ညီမလေးစိတ်အခြေအနေကတိုးတက်လာကာ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာခဲ့သည်။
ငွေရေးကြေးရေးကလည်းချောင်လည်လာပေမယ့် ပတ်ဝန်းကျင်ကမေးငေါ့ကြသည်။
မကောင်းတဲ့အလုပ်လုပ်တဲ့မိန်းမတဲ့။
ဒါတွေကို လွန်းဂရုမစိုက်ခဲ့။
မေးငေါ့ဖို့ပဲ လုပ်နိုင်ကြတာလေ။
လွန်းတို့ဘဝခက်ခဲချိန်မှာ ဘယ်သူကများတစ်ထောင့်တစ်နေရာက ဝင်ကူညီဖူးလဲ။
ညီမလေးကို ကျောင်းဆက်တက်စေပြီး သူကိုယ်တိုင်လဲ တက္ကသိုလ်ဆက်တက်သည်။
ကံကြမ္မာက ကျီစားတာလား ကံကောင်းမှုလားတော့မသိ။
မောင်နဲ့ တွေ့ဆုံစေခဲ့သည်။
ကျောင်းဝန်းပရဝုဏ်အတွင်းမှာရော လူနေမှုဘဝမှာပါမကောင်းတဲ့မိန်းမလို့ မေးငေါ့နေကြသူကို တန်ဖိုးထားပြီး ချစ်ပေးခဲ့သည်။
ဘဝအဆင့်အတန်းတွေ မတူတာကြောင့် ချစ်လျက်နဲ့ အဝေးကိုတွန်းပို့ခဲ့တာ အကြိမ်ကြိမ်ပါပဲ။
သို့ပေမယ့် မောင်ကဇွဲမလျော့ခဲ့။
အနှစ်နှစ်အလလကြိုးစားမှူကြောင့် မောင်နဲ့ ချစ်သူတွေဖြစ်သွားကြတယ်။
ကိုယ့်ဘဝကို မေ့နေခဲ့တဲ့အထိ မောင်ရဲ့အချစ်တွေကြားပျော်မွေ့ခဲ့ရတယ်။
အဲ့ထဲမှာ မောင့်ရဲ့အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ သွေးနဲ့ဇေကိုလည်း ကျေးဇူးတင်ရတာပဲ။
နှာခေါင်းမရှုံ့ပဲ မကောင်းတဲ့မိန်းမအဖြစ်မဟုတ်ပဲ မောင့်ရဲ့ချစ်ရသူအဖြစ်လေးလေးစားစား ဆက်ဆံပေးခဲ့ကြတယ်။
မောင်က သိပ်ကိုလေးစားဖို့ကောင်းတာ။
လွန်းရဲ့အလုပ်ကို ဘာမှမပြောခဲ့ဘူး။
အဲ့အစား မောင်ဆိုခဲ့တာက
"အတိတ်က အရေးမကြီးဘူး ပစ္စုပ္ပန်ကအရေးကြီးတာတဲ့ လွန်းဘာသာဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ မောင့်အတွက်အရေးမကြီးဘူး"
တဲ့လေ။
မောင့်အချစ်တွေကြောင့် အလုပ်ကနေနားပြီး ကိုယ်ပိုင်Fashionဆိုင်လေး ဖွင့်ဖြစ်ခဲ့တာ။
လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့။
မောင်ကတော့ ကိုယ့်မိသားစုက ဘယ်လိုနေနေ လွန်းဘက်မောင်ရှိမှာ ဆိုပေမယ့် မောင့်မိသားစုကပါလက်ခံလာအောင် ကြိုးစားခဲ့တယ်။
ဒါပေမယ့်လည်း......
လွန်း ကြိုးစားမှုတွေက အရာမထင်ခဲ့။
မျိုးရိုးဂုဏ်တွေမက်တဲ့ မောင့်မိသားစုက လွန်းကိုပစ်ပစ်ခါခါဆက်ဆံသည်။
မောင့်ကို ချစ်တဲ့စိတ်နဲ့ သည်းခံကာ လက်ခံမယ်ထင်တဲ့အရာတွေ အကုန်ကြိုးစားလုပ်ပေမယ့် အချည်းနှီးပါပဲ။
အဆိုးဆုံးကတော့ မောင့် ညီမပေါ့။

🖤My Dear Ex-husband🖤 Where stories live. Discover now