🖤My Dear Ex-husband🖤
Part<21>
ညီး မိတ်ဆွေအချို့နှင့် ဆိုင်တစ်ဆိုင်မှာထိုင်ရင်းစကားပြောနေစဉ်
ခပ်လှမ်းလှမ်းမှာ ထိုင်နေသော သူကြောင့် အကြည့်တွေက အဲ့ကိုရောက်သွားရသည်။
'ဟိုဝိုင်းက ပရိုဂျူဆာကို မြင်လား အဲ့တာစားဘဲကြီးလေ မင်းသမီးတက်သစ်စတွေ သူ့လက်ထဲက မလွတ်ဘူး"
သူ့အနားမှ မိတ်ဆွေတစ်ယောက်က ပြောလိုက်သည့်စကားတွေကြောင့် ညီးစိတ်ပူမိသွားရသည်။
ဒီကလေးမဘာတွေ လုပ်နေတာလဲ။
ညီးကြည့်နေရင်းပင် ထိုလူကြီးက သူမအနားကခုံတွင်ဝင်ထိုင်လိုက်သည်။
သူမက အနေခက်နေဟန်။
ထိုင်ရုံတင်မက ထိုလူကြီးလက်တွေက သူမပုခုံးပေါ်ရောက်သွားပြီး ကျန်လက်တွေက သူမပေါင်ထက်ထိတွေ့လိုက်သောအခါ သူမကလဲဆတ်ခနဲထလိုက်သလို ညီးခြေလှမ်းတွေကလဲ ထိုဝိုင်းထံသို့။
ညီးထိုဝိုင်းရောက်သွားတော့ ထိုလူက သူမလက်တွေအား အတင်းဆွဲနေလေသည်။
ညီး သူမရဲ့ကျန်လက်မှ ဆွဲကာ သူ့နောက်သို့ပို့လိုက်လေသည်။
"မင်းကဘာလဲ သူ့ကိုရချင်တယ်ဆိုရင် နောက်ကျသွားပြီ"
ညီးသည်းမခံနိုင်တော့စွာ ထိုသူ့ကော်လံမှ ဆွဲလိုက်ပြီး
"သူက ငါ့ညီမ ပြီးတော့မိန်းကလေးတွေကို ဒါမျိုးလုပ်တာ နောက်ဆုံးဖြစ်ပါစေ"
ညီးပြောပြီး ထိုသူအားဆောင့်တွန်းလိုက်တာကြောင့် အနောက်ကခုံပေါ်လဲသွားလေသည်။
"မင်းက ဘာမလို့လဲ"
ထိုအခါ ညီးက လိပ်စာကဒ်တစ်ခုအား စားပွဲတွင်ချကာ
"ဒီလောကကနေ မကွယ်ပျောက်ချင်ရင် ပါးစပ်ပိတ်ထား"
လိပ်စာကဒ်တွင်ပါသော နာမည်ကြောင့် ထိုသူမှာစကားတောင်ထွက်မလာတော့။ညီး ဒေါသထွက်ထွက်ဖြင့် သူမအားဆွဲခေါ်လာခဲ့သည်မှာ ကားပါကင်တွင်ရောက်နေလေပြီ
သူမက သူ့လက်တွေထဲမှ ရုန်းထွက်လာသဖြင့် ညီးစိတ်တိုစွာ အားပြင်းသုံးကာ ဆုပ်ကိုင်လိုက်သည်။
"Stellaနာတယ်"
ထိုအခါမှ ညီးလျော့ပေးမိလေသည်။
သူမက နာသွားသော လက်အားဖိကိုင်နေသဖြင့်
"Stellaခုနက အခြေအနေမှာ ငါမရောက်လာရင် မင်းဘယ်လိုလုပ်မလဲ"
သူမက ဘာမှမဖြစ်သလိုပင်
"ထွက်လမ်းတစ်လမ်းတော့ရှိမှာပါပဲ"
သူမစကားကြောင့် ညီးပိုဒေါသထွက်မိသွားသည်။
"မင်းက မိန်းကလေး စကားကိုလွယ်လွယ်မပြောနဲ့ တစ်ခုခုဖြစ်သွားရင် ငါ့တာဝန်မကင်းဘူး မင်းမိဘတွေက ငါ့ကိုအပ်ထားတာကွ"
ထိုအခါ သူမလေးက ခေါင်းကိုငုံ့ကာ အောက်နှုတ်ခမ်းလေးအား ဖိကိုက်နေသည်။
"မင်းဘဝပျက်သွားနိုင်တယ် အဲ့ဒါမင်းသိရဲ့လား"
"သိတယ်"
ဘောက်ဆတ်ဆတ်သူမအပြောနှင့်အတူ မော့ကြည့်လာသည့် မျက်လုံးတွေမှာ မျက်ရည်များရစ်ဝိုင်းလို့။
"အိမ်ကိုဖုန်းဆက်ထားမယ် Stellaတစ်ခုခုဖြစ်ရင်တောင် ကိုကိုနဲ့မဆိုင်ဘူးဆိုပြီး"
"ကျစ်!!!!!"
"တောင်းပန်ပါတယ် ကိုကို့အချိန်တွေကို ဖြုန်းမိလို့"
"ငါပြောချင်တာက အဲ့လိုမဟုတ်ဘူး"
"ဖြစ်နိုင်ရင် စေရာယိမ်းဆိုတဲ့ မိန်းမကို ကိုကို့ဘဝထဲက ကွယ်ပျောက်သွားစေချင်တယ် အနည်းဆုံးတော့သူမရှိရင် ကိုကိုဂရုစိုက်ပေးတဲ့ တစ်ဦးတည်းသော မိန်းကလေးက Stellaပဲလေ"
"မဆိုင်တဲ့သူကို ဆွဲမထည့်နဲ့"
"ဟင့်အင်း Stella သူ့ကိုသေလောက်အောင် မုန်းတာသိလား"
"Stellaမင်းတော်တော်ဆိုးလာပါလား"
ညီးစကားအား သူမကခပ်မဲ့မဲ့ပြုံးရင်း
"ကိုကိုတောင်အရင်လိုမဟုတ်တော့တာပဲ Stellaပြောင်းလဲသွားတာ အဆန်းမဟုတ်ပါဘူး"
ညီး သူမအားပြောမနိုင်တော့စွာပဲ သက်ပြင်းချရင်း
"ကိုယ်စိတ်ပူပြီးပြောမိသွားတာ အော်မိတဲ့အတွက်လဲ တောင်းပန်တယ်ဟုတ်ပြီလား ကိုယ်လိုက်ပို့မယ် တက် ကားပေါ်"
သူ့အပြောအား ဂရုမစိုက်စွာ မျက်နှာအားခပ်လွဲလွဲလုပ်နေသောကြောင့်
"ကိုယ် မင်းကြိုက်တဲ့မုန့်ဝယ်ကျွေးမယ် လာ"
ညီးပြောရင်း သူမအားကားထဲဝင်ထိုင်စေသည်။
တစ်လမ်းလုံးလည်း စကားမပြော။
သူနဲ့ဆန့်ကျင်ဘက်သို့သာ လှည့်နေလေသည်။
"Stellaကိုယ့်ကို စိတ်ဆိုးသွားလား"
"........."
"ကိုယ့်အတွက်မင်းက အရင်းနှီးဆုံးပဲ မင်းမွေးကထဲက ကိုယ်ချီပိုးလာတာ ယိမ်းနဲ့မင်းဆိုရင်တောင် ယှဉ်မရဘူး မင်းက ကိုယ့်အချစ်ဆုံးညီမလေး"
"ဘယ်သူက ညီမလေးဖြစ်ချင်လို့လဲ"
ဘောက်ဆတ်ဆတ်ပြန်ဖြေသံကြောင့် ညီးမျက်မှောင်ကြုတ်ကြည့်မိသည်။
ထိုအခါ သူမကတစ်ဖက်သို့ လှည့်ထားရာမှ ညီးဘက်ကို လှည့်လာပြီး မျက်ဝန်းတွေအားစေ့စေ့နပ်နပ်ကြည့်လာလေသည်။
'Stellaက ကိုကို့ညီမဖြစ်ချင်တာမဟုတ်ဘူး ကိုကို့မိန်းမဖြစ်ချင်နေတာ အဲ့တာကိုသိသားနဲ့ မသိချင်ယောင်ဆောင်ပြီး မောင်နှမဇုန်မသွင်းပါနဲ့"
ဘွင်းဘွင်းရှင်းရှင်းအပြောကြောင့် ညီးပါဆွံ့အသွားရသည်။
ဒါကိုသူမကဆက်ပြီး
"Stellaကို လိမ်မာစေချင်ရင် stellaအချစ်ကို လက်ခံလိုက် အရာရာကိုကို့သဘောဖြစ်စေရမယ်"
ညီး ဘာစကားမှ ထပ်မပြောနိုင်တော့။
အိုးတိုးအမ်းတမ်းခံစားချက်ကြီးနှင့် အတူ ချောင်းတစ်ချက်အားဟန့်ကာ သူမနဲ့ အကြည့်ချင်းမဆုံနိုင်တော့ပေ။
