19U

1.8K 78 4
                                    

🖤My Dear Ex-husband🖤


Part<19>


ညီး mailများစစ်နေရင်း တစ်ဖက်တွင်စူပုတ်ကာ ထိုင်နေသော Stellaအား တစ်ချက်ကြည့်လိုက်မိသည်။
မျက်မှောင်ကြုတ်နေပုံက မသိလျှင် ကိုယ်ကပဲ အမှားလုပ်ထားသည့်အတိုင်း။
ဒီကလေးမလေးကတော့.....
အိမ်ကိုမပြောပဲ မြန်မာနိုင်ငံကို လာသည်တဲ့လေ။
သူ့သဘောနဲ့သူ အလုပ်တွေတောင်လက်ခံထားလို့ ကိုယ်က အိမ်ကသိတယ်ထင်နေတာ။
အရင်နေ့ကမှ အန်တီဖုန်းဆက်လို့ အကြောင်းစုံသိရတော့သည်။
အိမ်က စိတ်ပူနေတာကြောင့် သူမအား ပြန်ခေါ်လာပေးဖို့အကူအညီတောင်းသဖြင့် အလုပ်တို့အား ပစ်ကာ သူမနဲ့အတူပြန်ရခြင်း။
မဟုတ်လျှင် ဘယ်ကိုဝေ့နေမည်မသိ။
"Stella မင်းအရမ်းဆိုးလာတယ်နော်"
ထိုအခါ စူပုတ်ပုတ်နဲ့ကြည့်လာပြီး
"လိမ္မာတော့ရောကိုကိုက ချစ်လို့လား"
"အော....ပြောလေကဲလေပါလား"
"သွားပါ ကိုယ်ရံတော်ရာထူးကြီးကိုပါ စွန့်လွတ်ထားခဲ့ရတော့ Stellaကို ဘယ်ကြည်ပါ့မလဲ"
ညီး ပြောမနိုင်တော့စွာပဲ ခေါင်းကိုသာယမ်းမိသည်။

ညီး အာရုံတို့အား အလုပ်တွေထွက်ရှိနေစဥ် လေဆိပ်သို့ဦးတည်နေသော ကားလေးဟာလဲ တရွေ့ရွေ့သွားနေ၏။
ညီး ငြိမ်သက်မှုကြောင့် နံဘေးကိုကြည့်မိတော့ အနောက်ကို မှီကာ အိပ်ပျော်နေသူကြောင့် သက်ပြင်းချလိုက်မိသည်။
လက်ကလေးပိုက်ထားပုံက ကားအဲယားကွန်းကြောင့် အေးနေပုံ။
ဒါကြောင့် ညီး အပေါ်ဝတ်အားချွတ်ကာ သူမကိုယ်ထက်လှမ်းခြုံပေးမိသည်။
ကိုယ်အား ကိုင်းကာသူမအား ခြုံပေးနေစဥ်မှာပဲ
ကျွီ💢
အလျင်စလို ဘရိတ်အုပ်လိုက်မှုကြောင့် နီးကပ်နေသော မျက်နှာနှစ်ခုဟာ ပိုမိုနီးကပ်သွားသည်။
နီးကပ်သွားရုံမျှမက ညီးနှူတ်ခမ်းပါးဟာ သူမပါးပြင်နုနုထက်နေရာယူသည်။
အချိန်ကိုက်ပင် မျက်လုံးတွေပွင့်လာသော သူမ။
ခဏတာကြောင်အသွားပုံဖြင့် မျက်လုံးများပြူးကျယ်နေ၏။
"Sorryဆရာ ခွေးက ဖြတ်ဝင်လာလို့"
အရှေ့မှကားဒရိုင်ဘာစကားကြားတော့မှ ညီး ချောင်းတစ်ချက်ဝန့်ကာ ကိုယ့်နေရာကိုယ်ပြန်ထိုင်ရင်း
"အဟမ်းးးး ဂရုစိုက်မောင်း"
"ဟုတ်ကဲ့"
ကားထဲရှိလေထုမှာတော့ အေးစက်သွားလေ၏။
Stellaတစ်ဖက်သို့ လှည့်ကာ ခိုးပြုံးလိုက်ပြီး
"အဟမ်းးး"
ရှက်သွားပုံပေါ်သော ကိုကို့အားစချင်လာစွာ
"ကိုကိုသိလား"
Stellaစကားမှာ ကိုကိုက မျက်မှောင်ကြီးကြုတ်လျက်ကြည့်လာပြီး
"ဘာကိုလဲ"
"Stellaမှာ ဆိုက်ကိုတစ်ခုရှိတယ် ဘယ်ဘက်ပါးနမ်းပြီးရင် ညာဘက်ပါးရောနမ်းပေး မဟုတ်ရင်မနေတတ်ဘူး"
ညီး ခဏတာမျှ ပြောစရာစကားတို့ဆွံ့အသွားသည်။
ထိုအချိန်မှာပဲ ပါးပြင်ထက်ထိကပ်လာသော နှုတ်ခမ်းတို့
မွ💋
"Stellaတို့ကြေပြီ"
ညီး အခုနမ်းခံလိုက်ရတာလား။
ညီး ရှက်နေမိစဥ်မှာပဲ အနားမှာထိုင်နေသည့်ကလေးမက
"ဘာလဲ ကိုကိုလဲ stellaလိုပဲလား ဟိုဘက်ရောနမ်းပေးရမလား"
"မင်းးးး"
ညီး ဘာမှမပြောနိုင်တော့စွာပဲ တစ်ဖက်သို့လှည့်လိုက်မိသည်။
Stellaကတော့ တိတ်တခိုးချစ်ရသူရဲ့ အနမ်းအားခိုးယူပြီးပြီဆိုတော့ ပီတိတို့ဖြင့် ကြိတ်ပြုံးနေလျက်။
တစ်ဖက်မှ လူကြီးမှာတော့ ရှက်နေလေသည်။

🖤My Dear Ex-husband🖤 Where stories live. Discover now