10U

1.9K 59 0
                                    

🖤My Dear Ex-husband🖤


Part<10>


အမေကဒီနေ့ဆေးရုံကဆင်းရလေသည်။
ခြေထောက်အခြေအနေကြောင့်ရော အဖေ့ကြောင့်ပါ စိတ်ဓာတ်ကျနေပုံပေါ်သည်။
"အမေကားပေါ်ကဆင်းရအောင် ကျွန်တော်ချီမယ်"
ကုဋေ မိခင်ဖြစ်သူအား ပွေ့ကာ အခန်းထဲဦးတည်လိုက်သည်။
အမေ့အား အိပ်ရာထက်ထိုင်စေပြီး
"အမေတစ်ခုခုလိုတာရှိရင်...."
ကုဋေ စကားမဆုံးလိုက်။
အမေက ငိုလျက်
"အမေက သားအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလား"
"မဟုတ်တာအမေရယ်"
"သားနဲ့ ဟိုကောင်မလေးနဲ့ရော"
"ကျွန်တော်တို့ပတ်သတ်စရာအကြောင်းမရှိတော့ဘူး"
"ဘာကိုဆိုလိုတာလဲ"
ကုဋေ သက်ပြင်းချလိုက်ပြီး
"ကျွန်တော်တို့ လမ်းခွဲလိုက်ပြီ"
ကုဋေ့စကားအဆုံး အမေက စူးစိုက်ကြည့်လာကာအဖြေထုတ်နေဟန်။
"အဲ့ကောင်မလေးက ဒီထက်ခံစားသင့်တာမလား"
ထိုအခါ ကုဋေက
"အဒေါ်ဖြစ်သူကိုဆုံးရှုံးထားပြီပါပြီ ဒါကြောင့်....."
"အဟင်းးးးသူ့ကိုချစ်နေတာလား"
ကုဋေ အလျင်အမြန်ပဲ
"မဟုတ်တာ ကျွန်တော်က....."
"သူ့ကို သိပ်သနားနေတယ်ပေါ့ ဟမ် အဲ့တာဆို မင်းအမေဖြစ်တဲ့ငါကရော ယောက်ျားကိုဆုံးရှုံးရတဲ့အပြင် အခု ဒုက္ခိတဘဝရောက်နေပြီ"
"အမေရယ်....ကျွန်တော်ပြော"
အမေက ဆုံးအောင်ပြောခွင့်မပေးပါ။
ကုဋေ့အားနာနာကျင်ကျင်စိုက်ကြည့်လာကာ ဆိုလာသည်က
"ဖအေတူသား ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တဲ့နေရာမှာ မင်းအဖေလိုပဲ ထွက်သွား"
"အမေ..."
"ထွက်သွား!!!!!!"
အမေက ဒေါသတကြီးအော်ပစ်ရင်း အနားရှိဖန်ခွက်ကို နံရံသို့ပစ်ပေါက်လိုက်လေသည်။
ခလွမ်း💢💢💢
"ထွက်သွား...."
"ကျွန်တော် ခဏရှောင်ပေးမှာမလို့ အမေ စိတ်လျော့နော်"
ကုဋေ အမေ့အခန်းထဲမှ ထွက်လာခဲ့မိသည်။
နှလုံးသားထဲမှာလည်း သူမအားလွမ်းဆွတ်ခြင်း နာကြည်းခြင်း မုန်းတီးခြင်း မြတ်နိုးခြင်းတွေက ရောပြွမ်းနေလေသည်။
သတိရစိတ်တွေအား မဖြစ်နိုင်ဘူးဟူသော အတွေးတို့ဖြင့် ချိုးနှိမ်ရင်း။
ငါတို့နှစ်ယောက်က အစထဲက မတွေ့ခဲ့သင့်တာ။

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ကုဋေ အမေနဲ့လည်း အဆင်မပြေပေ။
စိတ်ဓာတ်တွေလည်း ထိုးကျနေလေပြီ။
ဒါကြောင့် Barတစ်ခု၌ထိုင်ကာ စိတ်ပြေလက်ပျောက် သောက်နေမိသည်။
"ကိုကုဋေ"
ခေါ်သံကြောင့် မော့ကြည့်မိတော့ ဟိုမိန်းကလေး။
သူမအိမ်မှာတွေ့ခဲ့သည့် ကောင်မလေး။
"ဘာကိစ္စလဲ"
"အဝေးကကြည့်နေတာ ဟုတ်မှဟုတ်ပါ့မလား"
စကားဖောင်ဖွဲ့နေသော ကောင်မလေးအား စကားပြောချင်စိတ်မရှိ။
ဒါကြောင့် စကားဖြတ်ဖို့ ပြောလိုက်မိသည်။
"မင်းနဲ့ငါက အခုလိုနှုတ်ဆက်ရမယ့်ဆက်ဆံရေးမဟုတ်ဘူး"
ခပ်ပြတ်ပြတ်ပြောရင်း ဝီစကီအားဒီတိုင်းမော့ချလိုက်မိသည်။
'ဟုတ် လိုအပ်တာရှိရင်ပြောပါ"
မွှေး အောင့်သက်သက်ဖြင့် ထွက်လာခဲ့ရသည်။

🖤My Dear Ex-husband🖤 Where stories live. Discover now