17U

2.1K 94 3
                                    

🖤My Dear Ex-husband🖤

Part<17>

ငါးနှစ်ခန့်ကြာပြီးနောက်📆
စာရွက်အဖြူပေါ်မှာ ရေးခြစ်နေသော လက်သွယ်သွယ်တို့....
ဒေါက်....ဒေါက်💢
"ယိမ်း ကိုယ်ဝင်ခဲ့မယ်"
အပြင်မှ အသံကြောင့် ယိမ်း လှုပ်ရှားနေသော လက်အစုံတို့ရပ်တန့်သွားလေသည်။
ညီး သူမနံဘေးရပ်ကာ သူမစာအုပ်အားကြည့်လိုက်မိသည်။
"စိတ်တွေရှုပ်နေတာလား"
"အင်း ခေါင်းတွေခြောက်နေပြီ"
ထိုအခါ ညီးက ရီလိုက်သည်မှာ သွားတက်ကလေးပင်ပေါ်လာလေသည်။
"လာ ကိုယ်နဲ့ အပြင်ထွက်Dateရအောင်"
ထိုအခါ ယိမ်းက မျက်စောင်းလေးထိုးလျက်
"ပွဲရက်က ကပ်နေပြီညီးရဲ့ ညီး ဘာလို့လာတာလဲ တစ်ခုခုရှိလို့လား"
ထိုအခါ ညီးမျက်နှာတစ်ချက်ပျက်သွားလေသည်။
"စံပယ်မွှေးကို ရှာတွေ့ပြီ"
ထိုအခါ ယိမ်းလက်ထဲမှ ခဲတံလေးသည် ဖိနှိပ်မှုကြောင့် တောက်ခနဲ ကျိုးသွားသည်အထိ။
ညီးစိုးရိမ်စွာကြည့်လာပြီး
"အဆင်ပြေရဲ့လားယိမ်း"
ယိမ်း မျက်ဝန်းတွေထဲ ဒေါသရိပ်တွေဖြင့်
"ယိမ်း သူနဲတွေ့ချင်တယ်"
ညီးခေါင်းငြိမ့်ပြပြီး
"ယိမ်းတွေ့ချင်ရင် အချိန်မရွေးပါပဲ ဒါနဲ့ဆရာကခွင့်ပြုမယ်မထင်ဘူး"
ညီး ရီလျက် ပြောလိုက်သော စကားအဆုံး ယိမ်းဖခင်ကို တွေးမိကာ ပြုံးလိုက်မိသည်။
ယိမ်းက အချစ်နဲ့ ပတ်သက်လာလျှင် ကံမကောင်းတတ်ပေမယ့် ငါးရာနှစ်ဆယ့်ရှစ်မေတ္တာနဲ့ ပတ်သက်လျှင်ကံကောင်းသည်ဟုဆိုရမည်။
အသက်ပေးကာ မွေးပေးခဲ့တဲ့မေမေ။
ယိမ်းကို လိုလေသေးမရှိစောင့်ရှောက်ပေးခဲ့သော မေကြီး။
ယိမ်းကို မျက်စိအောက်က ပျောက်မခံနိုင်အောင်ချစ်သောဖေဖေ။
ပြီးတော့ ယိမ်းပြိုလဲချိန်တိုင်းမှာ ယိမ်းအနားအမြဲရှိပေးတဲ့ ကိုညီး။
ကိုညီးက ယိမ်းထက် နှစ်နှစ်လောက်ကြီးတယ်ဆိုပေမယ့် ညီးလို့သာခေါ်ဖြစ်သည်။
ရေစက်တွေဟုပြောရမလား။
ယိမ်းအမေနဲ့ဖေဖေကွဲပြီး ဖေဖေလက်ထပ်ခဲ့တာ ညီး တီလေးနှင့်ပင်။
တီလေး ကလျာက သိပ်ကိုလှကာ သွက်သွက်လက်လက်နှင့်သိပ်ကိုချစ်စရာကောင်းသူပင်။
ဒါတောင်လက်ထပ်ခဲ့တဲ့ အတောအတွင်း ရေခဲတောင်အဖေ့ကို မဖျော်ချနိုင်ခဲ့ဘူးဟုဆိုသည်။
အဖေနဲ့လက်ထပ်ပြီး သုံးနှစ်အကြာမှာ ကွာရှင်းခဲ့ကာ မိတ်ဆွေအဖြစ်သာရှိသည်။
တီလေးကလည်း နောက်အိမ်ထောင်ပြုခဲ့သော်လည်း မမြဲ။
အခုတော့ တစ်ကိုယ်တည်းသာ။
ယိမ်းကိုဆို ညီးနှင့်တန်းတူချစ်ပေးသည်။
တစ်ခါတစ်လေတော့လဲ သေသွားတဲ့အမေ့ကို တမ်းတနေသည်အစား အဖေ့ကိုသိပ်ချစ်တဲ့ တီလေးနဲ့ပျော်ရွှင်စေချင်တာ ယိမ်းဆန္ဒ။
အမေ့ကိုတော့ယိမ်းအားအကျဆုံးပင်။
ကံကြမ္မာက မျက်နှာသာ မပေးခဲ့လို့ခွဲခွာခဲ့ရတာတောင် အမေ့ကို သစ္စာမဖောက်ခဲ့ပေ။
အိမ်ထောင်သက်သုံးနှစ်လုံးလုံးဖေဖေက အတူတူတောင်မနေခဲ့။

🖤My Dear Ex-husband🖤 Where stories live. Discover now