24U

1.4K 49 1
                                    

🖤My Dear Ex-husband🖤


Part<24>


ကုဋေ မျက်လုံးထက်ထိုးနေသော နေရောင်ခြည်ကြောင့် ကျစ်တစ်ချက်သပ်ကာ မျက်ဝန်းတို့ကို အားယူဖွင့်လိုက်လေသည်။
လေပြည်အေးအေးက သူ့မျက်နှာထက်ကြည်စယ်နေသလို နေရောင်ခြည်နွေးနွေး၏ အထိအတွေ့ကို ခံစားနေရသည်။
ဒါကြောင့် သူ စိတ်ပျက်သွားမိသည်။
ဘာလို့ သူမသေနိုင်သေးတာလဲ။
အသက်ရှင်ချင်စိတ်လုံးဝမရှိတော့တဲ့ သူမှ ဘာလို့မသေနိုင်ရတာလဲ။
နှာခေါင်းထဲတိုးဝင်လာသည့် အရက်ပြန်နံ့တွေကြောင့် သူဆေးရုံရောက်နေပြီမှန်းသိလိုက်ရသည်။
ဒါကြောင့် လက်မှာထိုးထားတဲ့ အပ်အားအကြမ်းပတမ်းဆွဲဖြုတ်မိသည်။
အသုံးမဝင်တာတွေ။
သူ့လိုကောင်က ဒါမျိုးတွေနဲ့မှမထိုက်တန်တာ။
တစ်ဘဝလုံး နာနာကျင်ကျင်ရှင်သန်ရင်တောင် သူ့အပြစ်တွေကကျေဖို့မဖြစ်နိုင်တာ။
"ရှင်နားသင့်တယ်ထင်တယ်"
သူ့နားထက်ကြားလိုက်ရသည့်အသံကြောင့်မယုံနိုင်စွာ သူ့ကုတင်နံဘေးလှည့်ကြည့်မိသည်။
သူမက မရီမပြုံးမျက်နှာထားတင်းတင်းဖြင့်
"ယ...ယိမ်းလား"
သူမေးလိုက်တော့ သူမက ဘာမှမပြောသက်ပြင်းသာချနေသည်။
သူသာ ဒီအခြေအနေကို မယုံကြည်နိုင်ဖြစ်နေသည်မလား။
သူမက သူ့ရှေ့မှာရှိနေသည်။
လွမ်းဆွတ်ခဲ့ရသော မျက်နှာလေးကို အလွမ်းပြေကြည့်နေမိသည်။
သတိရနေခဲ့ရသော သူမအသံလေးအား စက္ကန့်မလပ်နားဆင်ချင်မိသည်။
သူမကသူ့အားမျက်လွှာပင့်ကာ ကြည့်လိုက်လျှင် သူမရဲ့မျက်တောင်ကော့ကော့တို့ဟာ့ ကန့်လန့်ကာဖွင့်လိုက်သည့်နှယ် အပေါ်သို့တက်သွားရင်း။
သူမရဲ့မူပိုင် မျက်ဝန်းနက်နက်တွေဟာ ပေါ်လွင်လာပေသည်။
"ကိုမဟာကုဋေကုဋာက ဘာလို့ဒီလိုတွေလုပ်နေရတာလဲ"
သူမရဲ့အကြည့်တွေက သူ့ဘယ်ဘက်လက်ကောက်ဝတ်သွေးကြောထံမှ ပတ်တီးအားညွှန်ပြကာ ပြောလိုက်သဖြင့် ကုဋေထိုလက်အား အနောက်သို့ပို့လိုက်မိသည်။
"အဲ့လိုလုပ်တော့ရော ရှင်လုပ်ခဲ့တဲ့အရာတွေက အကုန်ပြီးသွားမှာတဲ့လား"
ကုဋေ သူမနဲ့မျက်နှာချင်းပင်မဆိုင်နိုင်။
ခေါင်းကို ငုံ့ထားကာ
"ကိုယ်တောင်းပန်ပါတယ်ယိမ်း"
သူမက ခပ်မဲ့မဲ့ပြုံးရင်း။
"ရှင်ကသိပ်ပျော့ညံ့တာပဲ ဒီလိုနည်းနဲ့ ရှင်ကထွက်ပြေးမယ်ပေါ့"
"မဟုတ်ဘူးယိမ်း ကိုယ်....."
"ရှင်သိလား အခုရှင်ခံစားရတာထက် ကျွန်မကပိုခံစားခဲ့ရတယ် ဘဝကြီးတစ်ခုလုံးပုံအပ်ခဲ့တဲ့ယောက်ျားရဲ့ အထင်လွဲမုန်းတီးမှု စွပ်စွဲမှုတွေ ကိုယ်ချစ်ရတဲ့ယောက်ျားနံဘေးမှာတခြားမိန်းမရှိနေခဲ့တာတောင် ဘာမှပြောခွင့်မရှိတဲ့ဘဝ တစ်ဦးထဲသော မိသားစုဝင်ဖြစ်တဲ့ မေကြီးကိုဆုံးရှုံးခဲ့ရတယ် အဲ့လိုနာကျင်မှုတွေကြား ကျွန်မထွက်ပြေးဖို့ အဆုံးသတ်ဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်ပဲ ရှင်သိလား အဲ့အချိန်မှာ ကျွန်မကလေးက ဝင်ရောက်လာခဲ့တယ် သိပ်ကိုပျော်ခဲ့တာပေါ့ အဆုံးသတ်ဖို့ အတွေးလည်းမရှိတော့ပဲ အရာအားလုံးသည်းခံပြီး မိသားစုဘဝလေးတည်ထောင်ချင်ခဲ့တယ် ကျွန်မလို အမေမရှိ အဖေမရှိကြီးပြင်းလာရတဲ့သူ မဖြစ်စေချင်ခဲ့ဘူး အနည်းဆုံးတော့ ကလေးအကြောင်းသိရင် ရှင်လဲအလျော့ပေးလာမယ်ထင်ခဲ့တာ ကျွန်မဘယ်လောက်တောင် ရူးမိုက်ခဲ့လဲသိလား အဲ့လိုအတ္တကြီးနေတဲ့ ရှင့်အမေက ကလေးအကြောင်းသိရင် ကျွန်မကို လက်ခံပေးဖို့တောင် မျှော်လင့်ခဲ့​သေးတာ ကျွန်မတကယ်အရူးပဲနော်"
"..........."
ကုဋေ ဘာမှပြန်မပြောမိ။
တိတ်ဆိတ်စွာ မျက်ရည်ကျရင်း နားထောင်နေမိသည်။
"ကလေးအကြောင်းတွေးလိုက်တိုင်း ရင်ထဲနာကျင်ရပေမယ့် အခုအချိန်မှာတော့ တော်သေးတာပေါ့လို့ တွေးမိတယ် ရှင်နဲ့ကျွန်မကြား အနှောင်အဖွဲ့လည်းမရှိတော့တာပေါ့ မဟုတ်ရင် ငဲ့ကွက်စရာရှိနေဦးမှာ"
"ကိုယ်အသုံးမကျခဲ့တာပါ မင်းပြောသလိုပဲ ကိုယ့်မှာစဥ်းစားဆင်ခြင်ဉာဏ်မရှိခဲ့ဘူး"
ယိမ်း ပါးထက်မှမျက်ရည်တွေအား ခပ်ကြမ်းကြမ်းဖိသုတ်ရင်း
"ဒါတွေပြောနေတယ်ဆိုတာက ရှင့်ကိုအပြစ်တင်နေတာမဟုတ်ဘူး ကျွန်မဒီလောက်ထိနာကျင်ခဲ့ရတာ ရှင်ကတော့ ကိုယ်လွတ်ရုန်းမယ်ပေါ့ မတန်ဘူးလေ"
ကုဋေ ခေါင်းငိုက်စိုက်ဖြင့်
"ကိုယ်တောင်းပန်ပါတယ်"
"ရှင့်သာ တကယ်အပြစ်ရှိစိတ်ခံစားရရင် ကောင်းကောင်းအသက်ရှင်သွား အပြစ်ရှိစိတ်နဲ့ အပြစ်သားတစ်ယောက်လို နေထိုင်သွား အခုလိုကိုယ်လွတ်ရုန်းတာမျိုးမလုပ်ပဲပေါ့"
"ယိမ်း ဖြစ်စေချင်သလိုဖြစ်စေရပါ့မယ် ကိုယ့်တစ်ဘဝလုံး အပြစ်သားတစ်ယောက်လိုရှင်သန်ပါ့မယ်"
"ကိုယ့်လမ်းကိုယ်သွားကြတာပေါ့ ကျွန်မဘဝထဲမှာ ရှင့်ကိုမတွေ့ချင်ဘူး ကောင်းကောင်းရှင်သန်သွားပါ "
ယိမ်း ပြိုကျတော့မည့် မျက်ရည်တွေကြောင့် သူ့ရှေ့မှ အမြန်ပြေးထွက်ဖို့ လုပ်မိလျှင် သူကဆေးရုံကုတင်ထက်မှ ဆင်းလာကာ ယိမ်းကိုယ်အားနောက်မှ ပွေ့ဖက်လိုက်ရင်း
"ယိမ်းကို ကိုယ်သိပ်ချစ်တယ် အတိတ်မှာရော အနာဂတ်မှာရော ကိုယ်ယိမ်းတစ်ယောက်ထဲကို ချစ်နေမှာပါ"
ယိမ်း သူ့ရင်ခွင်ထက်မှ မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျနေမိသည်။
"မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ကိုယ်ရှင်သန်နေမယ့် ကာလတစ်လျှောက် ယိမ်းကိုမျှော်လင့်နေမှာပါ"
"ဟင့်အင်း မမျှော်လင့်နဲ့ ရှင်နဲ့ကျွန်မက အတူတူရှိလို့ရတဲ့ ဆက်ဆံရေးမဟုတ်ဘူး"
သူက ပြုံးရင်း
" မဖြစ်နိုင်ရင်တောင် မျှော်လင့်ချက်လေးမလို့....ကိုယ်အသက်ဆက်ရှင်ရမယ့် မျှော်လင့်ချက်လေးမလို့ ကောက်ရိုးလေးတစ်မျှင်မျှင်ဖြစ်ဖြစ် ကိုယ်ဖမ်းဆွဲထားပါရစေ ချစ်တယ်ယိမ်း ကိုယ့်အသက်နဲ့ခန္ဓာတည်ရှိနေသရွေ့ အရာရာကို ယိမ်းထံအပ်နှင်းပြီးသားပါ"
ယိမ်း သူ့လက်တွေကြားမှ ရုန်းထွက်လိုက်ပြီး နောက်ဆုံးအနေနဲ့ဆိုလိုက်မိသည်က
"ရှင့်ကို ချစ်ခဲ့တာထက်ပိုပြီး စိတ်နာတာမလို့ အခုအချိန်ကစပြီး ရှင်ဆိုတာ ကျွန်မဘဝမှာလုံးဝမရှိခဲ့တဲ့ လူသားတစ်ယောက်ပဲ"
ကုဋေ တဖြည်းဖြည်းပျောက်ကွယ်သွားသော သူမကျောပြင်လေးအားငေးကြည့်နေမိသည်။
"ကိုယ်စောင့်နေပါ့မယ် ယိမ်း"

🖤My Dear Ex-husband🖤 Where stories live. Discover now