13U

1.6K 61 3
                                    

🖤My Dear Ex-husband🖤

Part<13>

"ကို ဒီဟင်းလေးလည်းကြိုက်တယ်မလားဟင်"
ထမင်းစားပွဲတွင်ကိုနဲ့ ယိမ်းမျက်နှာချင်းဆိုင်ထိုင်လျက်။
ယိမ်း ကို့ထမင်းပန်းကန်ထဲ ကိုကြိုက်သည့်ဟင်းများအားထည့်ပေးနေမိသည်။
"မင်းဘာသာမင်းစားတော့ များနေပြီ"
ကို့စကားကြားတော့မှ ယိမ်းခေါင်းလေးငုံ့ကာရှက်ပြုံးလေးပြုံးမိသည်။
ဒီရက်တွေအတွင်း ယိမ်းတို့နှစ်ယောက်ပြသနာမဖြစ်ကြပေ။
ယိမ်းကလဲ အလိုက်အထိုက်နေမိသလို
ကိုကလဲ ဘာမှပြောခြင်းမရှိ။
တစ်ခုပဲ ကိုနဲ့ကို့အမေကတော့စကားများထားပုံပေါ်သည်။
စကားပြောတာမတွေ့ပေ။
ကို့အမေကြောင့်လားမသိ ကိုကအရင်လိုမျက်နှာသိပ်မကောင်း။
စားသောက်ပြီး ဆေးကြောပြီးသည်နှင့် ယိမ်းကိုအလုပ်သွားဖို့ လိုအပ်သည်များလုပ်ပေးရန် အခန်းထဲဝင်လာခဲ့သည်။
📲Ring.....Ring📲
အခန်းထဲရောက်တော့ အဆက်မပြတ်မြည်နေသော ဖုန်းသံ။
ကိုကရေချိုးနေဟန်တူသည်။
ဖုန်းကိုဆက်တိုက်ခေါ်နေသည်ကြောင့် အရေးကြီးကိစ္စဖြစ်မည်ဟုတွေးမိကာ ယိမ်းကိုင်လိုက်မိသည်။
" ဟဲ..."
"မောင်ဘာလုပ်နေတာလဲ"
တစ်ဖက်မှ မိန်းကလေးအသံကြောင့် ယိမ်းပြောစရာစကားတို့မဲ့သွားရသည်။
ယိမ်းပြောသည်ကိုလည်းကြားသည့်ပုံမပေါ်။
ဆက်ပြောလာသည်က.....
"မောင့်ကို မ Supriseလုပ်စရာရှိတယ် ဟဲလို....မောင်..... နားထောင်နေလား မောင်...."
စကားတို့မကြားရတော့သည်မှာ ယိမ်းလက်ထဲမှ ဖုန်းအားကိုကဆွဲလုသွားသည်ကြောင့်။
ကိုက ရေချိုးပြီးခါစရေစက်လက်နဲ့ပင်။
အဝတ်တောင်မဝတ်ရသေး။
အောက်ပိုင်းတဘက်တစ်ထည်နဲ့သာ။
ကိုက အလိုမကျဟန် မျက်မှောင်ကြုတ်ကာ ကြည့်လာပြီးယိမ်းနဲ့ ခပ်လှမ်းလှမ်း ဝရန်တာရှိရာ ထွက်သွားလေသည်။
ယိမ်း ကြမ်းပြင်၌ ပြန့်ကြဲနေသော ကို့အဝတ်တွေအား ကောက်သိမ်းမိသည်။
သို့ပေမယ့် အတွေးတွေက ခုနက အသံပိုင်ရှင်ထံ၌....
မောင်တဲ့....ဟင့်အင်းနားကြားမှားတာပဲ ဖြစ်မှာပါ။
ဘယ်လိုလုပ်ပြီး.....ဟင့်အင်း
ယိမ်း ကိုယ့်အတွေးနဲ့ကိုယ် ငြင်းဆန်နေမိသည်။
ကို့အဝတ်တွေ ကိုင်ထားသည့်လက်တွေဟာလည်း တုန်ရီနေစွာ။
မဟုတ်ပါဘူး.....
ယိမ်း ခြေထောက်တို့ပင်ပျော့ခွေလုမတတ်။
မတ်တပ်ရပ်နိုင်စွမ်းကင်းမဲ့စွာပင် ကုတင်ပေါ်သို့ထိုင်ချမိသည်။
ကိုက ဝရန်တာမှပြန်ဝင်လာပြီး ယိမ်းအားမျက်မှောင်ကြုတ်လျက်ကြည့်လာလေသည်။
"နောက်ကို ငါ့ဖုန်းလျှောက်မကိုင်နဲ့"
တဲ့။
ကို့ပုံစံကဒေါသထွက်နေဟန်။
ဘာလို့လဲ ကိုရယ်။
ကို့မိန်းမဖြစ်တဲ့ယိမ်းက ကို့ဖုန်းကိုကိုင်မိလို့လား။
ဒါမှမဟုတ် ဖုန်းထဲကတစ်စုံတစ်ယောက်ကြောင့်လား။
ကို့မှာ ယိမ်းအပြင်တခြားသူရှိနေတာလား။
ထိုစကားတွေဟာ အပြင်သို့ထွက်မလာခဲ့။
ကို အဲ့လောက်ထိတော့ မရက်စက်ဘူးမလား။
မဟုတ်လောက်ပါဘူး။
ယိမ်းကို့ကိုယုံကြည်ရမယ်။
ယိမ်း ကိုယ့်ဘာသာဖြည့်တွေးရင်း ကို့ကိုကြည့်မိတော့ တွေ့ရာအဝတ်တစ်ထည်အား ဆွဲကာဝတ်ပြီး အပြင်သို့ထွက်သွားလေပြီ။

🖤My Dear Ex-husband🖤 Where stories live. Discover now