🖤My Dear Ex-husband🖤
Part<15>
ယိမ်းဒီနေ့ ကို့ကိုဖွင့်ပြောရန်ဆုံးဖြတ်ထားသည်။
ဒီနေ့မှ ကိုကအပြန်နောက်ကျနေသည်မလား။
ဒါကြောင့်ယိမ်း ဖုန်းလေးအား ကိုင်ကာ ကို့ကိုခေါ်ရမလားတွေးနေမိသည်။
ယိမ်းဆုံးဖြတ်ချက်ချပြီးလေပြီ။
ယိမ်း ကို့ကိုဖွင့်ပြောမည်။
ပြီးတော့ ယိမ်းတို့ကြားက ပြသနာတွေကို ဖြေရှင်းရမည်။
ကိုက ယိမ်းကို မချစ်ရင်တောင် ကို့သွေးသားဖြစ်တဲ့ ကို့ရင်သွေးလေးကို ချစ်မည်ဆိုတာဧကန်မလွဲပဲမလား။
ယိမ်း ကို့ကြောင့် ဘယ်လောက်ပဲနာကျင်ရပါစေ။
ကိုက ယိမ်းရဲ့တစ်ဦးတည်းသော ချစ်ရတဲ့သူ။
အခုတော့ တစ်ယောက်တိုးလာပြီမလား။
ယိမ်း ဝမ်းဗိုက်လေးအား ကိုင်လိုက်မိတော့ ရင်ထဲသိမ့်ခနဲ။
"ကလေးရေ....ကလေးဖေဖေသိရင်ရော သိပ်ပျော်နေမလား"
ကို့အမေလဲ ယိမ်းကိုသဘောမကျရင်တောင် သူ့သွေးသားဖြစ်တဲ့ မြေးလေးကိုတော့ ချစ်မှာပါ။
ယိမ်းကို လက်ခံအောင်တော့ ယိမ်းပိုကြိုးစားရမည်မလား။
📩📩📩
စာဝင်သံကြောင့် ယိမ်းဖုန်းကို ကောက်ကိုင်လိုက်မိသည်။
ထိုmessageတွေကို မကြည့်ခဲ့မိရင်ကောင်းမှာ။
ယိမ်း ပျော်ရွှင်မှု စိတ်ကူး အိမ်မက်တွေဟာ လေထဲလွှင့်ပြယ်သွားလေသည်။
ယိမ်းဆီပို့လာသော ပုံနှင့်စာများ
✉မောင်က သိပ်ကိုဆိုးတာ✉
✉မောင်ပြန်သွားပြီဆိုတဲ့အကြောင်း တို့အသိပေးတာ✉
✉သြော်...ဒါနဲ့ တို့မဖြည့်ဆည်းပေးလိုက်ရတဲ့ ဆန္ဒလေးတွေကိုတော့ မင်းပဲ ဖြည့်ဆည်းပေးလိုက်ပါ✉
✉မင်းက မောင့်ဆန္ဒတွေ ဖြည့်ဆည်းပေးရတဲ့ ဇနီးမလား✉
ထိုစာတွေနှင့်အတူပုံအချို့
ပုံထဲတွင် ကိုက ထိုမိန်းမနဲ့ ပွေ့ဖက်နမ်းရှိုက်ကာ အခန်းထဲဝင်သွားသော ပုံရိပ်တွေ။
ယိမ်း လက်တို့တုန်ရီနေမိသည်။
ဒုန်း💢
ပုံတွေအားကြည့်နေရင်း တံခါးအားတွန်းဖွင့်လာသော အသံကြောင့် ယိမ်းကိုယ်လေးတုန်သွားရသည်။
ကိုကယိုင်နဲ့စွာ ဝင်လာလေသည်။
"ကို...."
ကိုက ယိမ်းအနားတိုးကပ်လာသောအခါ ရလိုက်သည်က ဝိုင်နံ့များ။
ကိုက ကြမ်းတမ်းစွာပဲ ယိမ်းပုခုံးမှဆွဲကိုင်ကာ အိပ်ရာထက်တွန်းပို့လိုက်သည်။
"ကို.....အွန့်"
ယိမ်းစကားမဆုံးသေးခင်မှာပဲ ယိမ်းနှုတ်ခမ်းပါးတွေကို သူ့နှုတ်ခမ်းတွေဖြင့် ထိကပ်စေသည်။
"အွန်းးဟွန်းးး"
ယိမ်း စကားပြောချိန်မရအောင်ပင် ကို့အနမ်းတွေကပြင်းပြင်းပြပြ။
ယိမ်းနှုတ်ခမ်းတွေကိုစားမတတ်ဝါးမတတ်နမ်းရှိုက်နေရင်း ကို့လက်တွေက ယိမ်းအဝတ်တို့အားရန်ရှာလာသည်။
ယိမ်းခံစားမိသည်။
ကို့ဆန္ဒတွေပြင်းပြနေတာကို.....
ကို ဘယ်အထိသွားချင်နေလဲဆိုတာ ယိမ်းသိလိုက်ရသည်။
သို့ပေမယ့် လက်ထပ်ပြီးအချိန်ကထဲက လက်ဖျားနဲ့တောင်မထိတဲ့ ယိမ်းကို ကိုကဒီနေ့မှ ဘာလို့လဲ။
ကို့ဆန္ဒတွေက ယိမ်းကြောင့် ဖြစ်လာတာေရာဟုတ်ရဲ့လား။
တခြားမိန်းမဆီက မရနိုင်တဲ့ အရာကို ယိမ်းနဲ့ဖြေဖျောက်ချင်နေတာလား။
ဒီနှုတ်ခမ်းတွေက တခြားသူကို နမ်းရှိုက်ခဲ့တယ်မလား။
ပြီးတော့ ဒီအထိအတွေ့တွေ။
ဟင့်အင်း ယိမ်းမလိုချင်ဘူး။
ယိမ်း တခြားတစ်ယောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ဘူး။
ပြီးတော့ ယိမ်းမှာ ကလေးရှိနေတယ်။
ကိုက ယိမ်း လည်တိုင်ထက်တိုးဝှေ့ကာ ယိမ်းအဝတ်တွေအား ရန်ရှာလာချိန်မှာတော့
"ဟင့်အင်း မလုပ်နဲ့"
ကို့လှုပ်ရှားမှုတွေ ခတ္တမျှရပ်တန့်သွားပေမယ့် ခဏမျှသာ။
ခုနကထက် ကြမ်းတမ်းစွာနဲ့ပဲ ကိုကယိမ်းကိုပြုမူလာသည်။
ယိမ်းကလည်း ရုန်းရင်း ကို့ကို တွန်းဖယ်မိသည်။
"ဟင့်အင်း ယိမ်းမနေချင်ဘူး"
"တောက်!!!!!"
ထိုအခါ ကို့ထံမှ တောက်ခေါက်သံတစ်ချက်ကြားလိုက်ရပြီး ယိမ်းကို စူးစူးဝါးဝါးကြည့်လာလေသည်။
ခဏအကြာမှာတော့ ကိုက ကြမ်းပြင်ထက်ကျနေသော သူ့အဝတ်အားကောက်ကာ ရေချိုးခန်းထဲ ဝင်သွားလေသည်။
ယိမ်းမှာတော့ ကပိုကရိုဖြစ်နေသော အဝတ်တွေဖြင့် ဝမ်းနည်းစွာငိုရှိုက်ရင်း။
ကို့အတွက်ယိမ်းက အဖြည့်ခံသက်သက်ပဲလား။
