🖤My Dear Ex-husband🖤
Part<11>
ကုဋေ အိပ်ရာကနိုးလာတော့ နေရောင်ကြောင့် နေအတော်မြင့်နေပြီဆိုတာသိလိုက်ရသည်။
ခန္ဓာကိုယ်ကို လှုပ်ရှားမိတော့ ရင်ခွင်ထဲမှတစ်စုံတစ်ယောက်ကြောင့် ကုဋေလန့်သွားရသည်။
ဒါ့အပြင် ဦးနှောက်ထဲအစီအရီပေါ်လာသော ပုံရိပ်များ။
သူမနေ့က တစ်စုံတစ်ယောက်နဲ့အတူနေခဲ့မိတာ။
အဲ့တစ်စုံတစ်ယောက်ကလဲ......
ကုဋေ စိတ်ထဲတွေးပူမိသွားရသည်။
မဖြစ်နိုင်တာ သူမက ဘယ်လိုလုပ်.....
သူလူမှားသွားခဲ့တာလား။
ကုဋေ အတွေးနဲ့အတူ ရင်ခွင်ထဲမှ မိန်းကလေးအားငုံ့ကြည့်နေမိစဥ်
အိပ်ရာထက်လူးလွင့်ကာ ဆံနွယ်တွေကြားမှ ပေါ်လာသော မျက်နှာလေးကြောင့် ကုဋေ သက်ပြင်းချမိလိုက်သည်။
တကယ်ကို......တော်ပါသေးရဲ့။
ကုဋေ သူမဆံနွယ်တွေအားသပ်တင်ပေးရင်း မနေ့ညကအချိန်တို့အားပြန်တွေးမိကာပြုံးမိလိုက်သည်။
နဖူးပြင်ထက် နမ်းရှိုက်မိသော အနမ်းမှာလဲ မြတ်နိုးခြင်းအပြည့်။
ထိုစဥ် သူမလေးက လူးလွန့်လာကာ နိုးလာပုံပေါ်သည်။
ခန္ဓာကိုယ်အား လှုပ်ရှားမိတော့ မနေ့ညကလှုပ်ရှားမှုတွေကြောင့် နာကျင်နေပုံပေါ်သည်။
မျက်နှာလေးရှုံ့မဲ့နေ၏။
ဒါကြောင့် ကုဋေ သူမကိုယ်လေးအား ခပ်တင်းတင်းပွေ့ဖက်မိတော့ အိပ်မှုန်စုံဝါးဖြင့် ကြည့်လာေသာသူမ
ကုဋေအားကြည့်ပြီးမှ မနေ့ညကအကြောင်းတွေသတိရသွားပုံပေါ်သည်။
ငိုထားသည်ကြောင့် မို့အစ်နေသော မျက်ခွံလေးတွေ။
ပါးဖြူနုနုလေးအား တစ်ခဏချင်းရဲကာ ကုဋေနှင့်ဆန့်ကျင်ဘက်လှည့်သွားလေသည်။
ကုဋေ ပြုံးမိလိုက်ပြီး သူမအားနောက်မှ သိုင်းဖက်လိုက်သည်။
စောင်လွတ်နေသော သူမပုခုံးသားနုနုအား နှုတ်ခမ်းတို့ဖြင့် နမ်းရှိုက်လိုက်ပြီး
"မနေ့ညက....."
ကုဋေစကားကြောင့် သူမကိုယ်လေးဟာ စောင်ထဲနစ်ဝင်မတတ်။
"ကိုယ်များသွားတယ်"
ယိမ်း မျက်နှာထားစရာမရှိဖြစ်ရသည်။
ပြီးတော့ နူးညံ့လွန်းနေတဲ့ ကို့စကားတွေဟာ ယိမ်းကို မျှော်လင့်ချက်ပေးနေပြန်သည်။
ကိုယိမ်းကို မမုန်းတော့ဘူးလားဟူ၍.....
"ယိမ်း"
နူးညံ့သော ကို့ခေါ်သံကြောင့် ယိမ်းမော့ကြည့်မိလျှင်
"မနေ့ညကအတွက် ကိုယ်မင်းကို တာဝန်ယူမှာပါ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီယိမ်း အခုလိုတွေဖြစ်သွားပြီးမှတော့....."
"ဟင့်အင်း"
ယိမ်း ငြင်းဆန်လိုက်မိသည်။
"ယိမ်း ကိုယ်တိုင်က ကြည်ဖြူခဲ့တာပါ ဒါကြောင့် မဖြစ်မနေတာဝန်ယူစရာမလိုဘူး"
ကုဋေ ဒေါသတို့ထောင်းခနဲထွက်သွားရသည်။
ကိုယ့်ဘက်က အတိတ်က အမုန်းတွေကိုတောင်ခဝါချဖို့ မေ့ပျောက်ပြီး အတူရှိဖို့ရွေးချယ်ခဲ့တာ....
သူမကတော့
"မင်းအတွက် ယောက်ျားတစ်ယောက်နဲ့အတူနေလိုက်ရတာထွေထွေထူးထူးကိစ္စမဟုတ်ဘူးလား"
"မဟုတ်ဘူးကို"
"ငါယောက်ျားကွ ငါလုပ်ခဲ့တဲ့အရာကိုတာဝန်ယူရဲတယ်"
"ချစ်တဲ့စိတ်ကြောင့် ယိမ်းလိုက်လျောခဲ့တာပါကိုရယ် ယိမ်းကို့ကိုချုပ်နှောင်ချင်ခဲ့တာမဟုတ်ပါဘူး ယိမ်းလိုချင်တာ ကို့အချစ်တစ်ခုထဲပါ"
"အတိတ်ကအရာတွေကိုမေ့ပစ်ဖို့မလွယ်ကူပေမယ့် ငါကြိုစားမယ် မင်းကိုလက်ထပ်မယ်"
ယိမ်း ကို့အားမဝံ့မရဲ ကြည့်လိုက်ပြီး
"အဲ့လက်ထပ်မှုမှာ အချစ်ပါလား"
"........"
ကိုထံမှ အဖြေမကြားရတော့ ယိမ်းထပ်ပြီး
"ကိုယိမ်းကို ချစ်လား"
ကုဋေ မဖြေနိုင်ခဲ့။
ရင်ထဲမှာ အဖြေကအသေအချာရှိနေပေမယ့် ဖြေဖို့မဝံ့မရဲ။
"ဟင်....ယိမ်းကိုချစ်လား"
