20U

2K 83 2
                                    

🖤My Dear Ex-husband🖤


Part<20>

ကုဋေ အခန်းထဲတွင် သူမပစ္စည်းတွေအားနေရာချပေးနေတော့ အခန်းပတ်ပတ်လည်လိုက်ကြည့်နေသော သူမကြောင့် ကုဋေလုပ်လက်စအလုပ်များအားရပ်ကာ
"ဘာလဲ ယိမ်း အရင်ကနဲ့တူတူပဲမလို့ အံ့သြနေတာလား"
သူမက ဘာမှမပြော။
ကုဋေ သူမအနားတိုးကပ်သွားပြီး သူမနောက်ကျောကနေ သိုင်းဖက်မိတော့ ချက်ချင်းပင် ရုန်းထွက်သွားသော သူမ
"ကိုမဟာကုဋေကုဋာ အပြုအမူကိုဆင်ခြင်ပေးပါ"
သူမရဲ့ အပြောကြောင့် ကုဋေတစ်ချက်ရီလိုက်ပြီး
"ခုနကတော့ ကိုဆို"
"အဲ့ဒါက ရှင့်အမေရှေ့မှာမလို့"
"ကိုယ့်အမေအကြောင်းမင်းအသိဆုံးနေမှာပါယိမ်းရာ ကိုယ့်အမေမရိပ်မိစေချင်ရင် သေချာဂရုစိုက်သင့်တယ်မလား"
ယိမ်း ခုံထက်ထိုင်လိုက်ပြီး
"ရှင်ဘာတွေတွေးနေလဲဆိုတာကျွန်မမစဥ်းစားတတ်တော့ဘူး ကျွန်မက ရှင့်အတွက် ရန်သူဆိုတာကောသိရဲ့လား အဲ့ဒါကို ဘာလို့ အနားမှာခေါ်ထားချင်တာလဲ"
ကုဋေတစ်ချက်ရီလိုက်၍
"ကိုယ့်အတွက်တော့ ရန်သူမဟုတ်ဘူးယိမ်း ကိုယ်သိပ်ချစ်ရတဲ့သူ ကိုယ်တစ်ဘဝလုံးအတူရှိချင်တဲ့သူ အတိတ်တွေမှာ ကိုယ်မှားခဲ့တယ် အဲ့အမှားတွေကိုမင်းခွင့်မလွတ်ပေးတောင် မင်းအနားမှာပဲနေချင်တယ်"
"အကယ်၍ ကတိပေးထားတဲ့အတိုင်းတစ်လအတွင်း ကျွန်မစိတ်ကမပြောင်းလဲဘူးဆိုရင် ကွာရှင်းပေးရမယ် ရှင့်စကားရှင်မှတ်မိတယ်မလား"
ကုဋေ ယုံကြည်ချက်အပြည့်ဖြင့်
"ကိုယ်မှတ်မိတယ်ယိမ်း ကိုယ့်မှာယုံကြည်ချက်အပြည့်လဲရှိတယ် ယိမ်း ကျန်တဲ့ပစ္စည်းတွေ ဘယ်လိုထားချင်လဲ ကိုယ်လုပ်ပေးမယ်လေ"
"မလိုဘူး ကျွန်မဘာသာလုပ်နိုင်တယ်"
"ကိုယ်ကူပေးပါ့မယ်"
ယိမ်း ရှေ့မှ ပစ္စည်းတွေစီစဥ်နေသော သူအားကြည့်ကာ သက်ပြင်းချလိုက်မိသည်။
တကယ်ဆိုရင် သူ့အနားပြန်လာခဲ့တာ အကြံအစည်တစ်ချို့ကြောင့်ပင်မလား။
မဟာကုဋေကုဋာ ရှင်ကျွန်မကိုအနားခေါ်ထားမိတဲ့အတွက် တစ်နေ့နောင်တရမှာ သေချာတယ်။

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ဒီနေ့ယိမ်းအလုပ်မသွားဖြစ်ပေ။
ဒါကြောင့် အလုပ်လုပ်ရန်ခြံဝန်းထဲသွားထိုင်ဖို့ ကြံရွယ်၍ laptopအားယူကာ ဆင်းခဲ့လျှငိ
"စေရာယိမ်း မင်းနဲ့ငါစကားပြောသင့်တယ်မထင်ဘူးလား"
ယိမ်းအား ပြောလိုက်သူမှာ ကို့အမေ။
ယိမ်းအရင်တုန်းကလိုကြောက်စိတ်များ မဝံ့ရဲစိတ်များမရှိတော့။
ယိမ်း ထိုမိန်းမကြီးကို မုန်းသည်။
မုန်းတာထက်ပိုပြီး ရွံသည်။
သူ့ကြောင့်မေမေကြီးဘဝပျက်ခဲ့ရပြီး ချစ်တဲ့သူနဲ့ဝေးခဲ့ရသည်။
ယိမ်းဖေဖေနဲ့မေမေဝေးဖို့ လုပ်ခဲ့တာလဲ သူပဲ။
သူ့ကြောင့်ပဲ ယိမ်း မေမေနောက်ဆုံးအချိန်ထိ ဖေဖေနဲ့အတူရှိခွင့်မရခဲ့တာ။
ဒါ့အပြင် မရေရာတဲ့ အထင်လွဲမှုတွေကြောင့် မေကြီးနဲ့ ဦးသွေးသေခဲ့ရတာ။
ဒါတင်မကသေး သူအကြံအစည်တွေကြောင့် ယိမ်းနှလုံးသားတစ်ခုလုံးကွဲကြေခဲ့ရတာ။
ယိမ်းရဲ့ကလေး.......
အဲ့အရာတွေကို ဘယ်လိုလုပ်မေ့နိုင်မှာလဲ။
သူ့ကြောင့် ဝေးကွာခဲ့ရတဲ့သူတွေ ခံစားခဲ့ရတဲ့သူတွေ အဆုံးစွန် အသက်ပေးသွားရတဲ့သူတွေအတွက် သူ့ကိုဒီတိုင်းတော့မထားသင့်ဘူးမလား။
"ဘာလို့ပြန်လာခဲ့တာလဲ"
ယိမ်း ပြုံးလျက်
"ယိမ်းယောက်ျားဆီ ယိမ်းပြန်လာတာဘာမှားလဲ"
ထိုအခါ ဒေါ်မိုးကုဋေက ဝှီးလ်ချဲပေါ်ကနေ မော့ကြည့်​လာပြီး
"အဲ့တုန်းက သားအနာ​းကနေ ထွက်သွားမယ်လို့ မင်းပဲပြောခဲ့တာ မင်းစကားမင်းမမှတ်မိဘူးလား"
"ယိမ်း တကယ်လဲထွက်သွားခဲ့ပါတယ်"
ယိမ်းဒေါ်မိုးကုဋေနဲ့ မျက်နှာချင်းဆိုင်အနေအထားရောက်အောင်ထိခါးကိုကိုင်းလိုကိပြီး
"ဒါပေမယ့် သိလား ယိမ်းပြန်ပေးဆွဲခံခဲ့ရတယ် ကြည့်ရတာ ယိမ်းအသက်ကိုပါ ရန်ရှာမယ့်ပုံပဲ အဲ့တုန်းကသေလောက်အောင်ကြောက်ပြီး ပုန်းနေခဲ့ပေမယ့် ခေါင်းအေးအေးထားစဥ်းစားမိတော့ တကယ်မနေနိုင်ဘူး ဘယ်လိုလူကများ....လူတစ်ယောက်ကိုသတ်ပစ်ဖို့အထိ တွေးနိုင်ရတာလဲ ပြီးတော့ ထူးဆန်းတယ်လေ အရာအားလုံး အဲ့တာမလို့ အမှန်တရားကို ပြန်ရှာမလို့"
ဒေါ်မိုးကုဋေ ယိမ်းစကားတွေကြောင့် အတန်ငယ်ထိတ်လန့်သွားပေမယ့် မျက်နှာထားအားထိန်းလိုက်သည်။
"အဲ့တာနဲ့ ငါ့သားနဲ့ ဘာဆိုင်လဲ"
ယိမ်း ကိုယ်ကိုပြန်မတ်လိုက်ပြီး
"ကိုနဲ့တော့မဆိုင်ဘူးပေါ့ ဒါပေမယ့်.....ရှင်နဲ့တိုက်ရိုက်ပတ်သက်နေတယ်မလား"'
"မင်းမှာသက်သေရှိလို့လား မဟုတ်ပဲ သွားပုတ်လေလွင့် လျှောက်ပြောမနေနဲ့"
ယိမ်း ခပ်မဲ့မဲ့ပြုံးရင်း
"သက်သေ ဟုတ်လား...အဟင်း ရှင်သိလား ကျွန်မ သိပ်မကြာခင်က မွှေးနဲ့ပြန်တွေ့ခဲ့တယ် သြော် နာမည်အပြည့်စုံက စံပယ်မွှေးတဲ့"
ထိုစကားကိုကြားတော့ ဒေါ်မိုးကုဋေ မျက်နှာထက် ထိတ်လန့်မှုများဖြတ်ပြေးသွားသည်ကို အသေအချာအာရုံစိုက်ကြည့်နေသော ယိမ်းတွေ့လိုက်ရသည်။
" မွှေးကသူ့လုပ်ရပ်တွေအတွက်နောင်တရပြီး အကုန်ပြောပြခဲ့တယ်"
".........."
"အဲ့နေ့ကဦးထက်မြက်သူနဲ့ တွေ့ခဲ့တယ်တဲ့လေ"
"မဟုတ်ဘူး"
"ယိမ်းလဲ မွှေးလိမ်ပြောနေမလားဆိုပြီးတွေးနေမိတာ ဦးထက်မြက်သူက ဘယ်လိုလုပ်.....အင်း သူသာတကယ်လုပ်ခဲ့တာဆို ယိမ်းတို့မသိနိုင်တာတွေရှိဦးမှာပဲ ဟုတ်တယ်မလား အ...မေ"
ယိမ်း နောက်ဆုံးအခေါ်အဝေါ်အားဖိကာ တမင်ပြောလိုက်လေသည်။
"ယိမ်းလုပ်စရာလေးရှိလို့ ခွင့်ပြုပါဦး"
ယိမ်း ပြုံးလျက်ထွက်လာခဲ့မိသည်။
သို့ပေမယ့် ဝှီးလ်ချဲပေါ်မှ ဒေါ်မိုးကုဋေမှာတော့ မျက်စိပျက်မျက်နှာပျက်ဖြင် ကျန်နေခဲ့လေသည်။
ဒေါ်မိုးကုဋေမမြင်တော့သော နေရာရောက်တော့မှ ယိမ်းအံကိုတင်းနေအောင်ကြိတ်လိုက်မိသည်။
ဒါအစပဲရှိသေးတယ် ရှေ့ဆက်ပြီး ရှင့်ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ရှင်သိပ်ချစ်ရတဲ့ရှင့်သားတင်မက အားလုံးသိအောင်ဖော်ထုတ်ပြမယ်။

🖤My Dear Ex-husband🖤 Where stories live. Discover now