🖤My Dear Ex-husband🖤
Part<23>
ဒီနေ့ အိမ်မှာဘယ်သူမှမရှိပေ။
သူကလဲ ပါတီပွဲတစ်ခုသို့ သွားသလို အလုပ်သမားတွေကလဲ အလုပ်တန်းလျား ပြန်သွားကြပြီ။
ယိမ်း အပေါ်ထပ်မှဆင်းလာလျှင် ဧည့်ခန်းမှာထိုင်နေသူက
"ငါတို့ စကားသေချာပြောကြတာပေါ့"
ယိမ်း ခပ်မဲ့မဲ့ပြုံးကာ ဒေါ်မိုးကုဋေရှေ့ဝင်ထိုင်လိုက်သည်။
"ရှင်နဲ့ ကျွန်မကြားမှာ ပြောစရာစကားမရှိပေမယ့်လည်း ရှင်ဘာပြောမလဲဆိုတာတော့ သိချင်သွားတယ်"
ဒေါ်မိုးကုဋေက ဆိုဖာကိုမှီကာ လက်ပိုက်လျက်
"ငါ့သားအနားကနေထွက်သွားပေး အဲ့အစား မင်းလိုချင်တာအကုန်ပေးမယ်"
"လွယ်လှချည်လား ဘာလဲငွေလား အဟင်းးး ဆောရီးပဲ ကျွန်မအတွက်မလိုဘူး"
ဒေါ်မိုးကုဋေ မျက်နှာထားတင်းတင်းဖြင့်
"မင်း ဘာလို့ကုဋေ့ကိုတွယ်ကပ်နေတာလဲ"
"စကားမှားနေပြီ ကျွန်မကတွယ်ကပ်တာမဟုတ်ဘူး ရှင့်သားကတွယ်ကပ်နေတာ ရှင့်အတွက်တော့ပျော်စရာသတင်းလို့ပြောရမလား ကျွန်မလည်းရှင့်သားနဲ့ ပေါင်းချင်စိတ်မရှိဘူး"
"မင်းကများ......ငါ့သားနဲ့ တန်လို့ အဲ့စကားထွက်လာရဲတာလား"
"အဟင်းးးး ဟုတ်ပါတယ် ကိုက အရာရာမှာ ပြည့်စုံလွန်းသူပါ တစ်ခုပဲ ရှင့်လိုအမေမျိုးနဲ့တွေ့တာတော့ ကံဆိုးခဲ့တာပဲ"
ယိမ်း ထထွက်သွားဖို့ ကြံရွယ်လိုက်ပေမယ့်
"မင်းကဘာမလို့ ဒီစကားပြောရတာလဲ"
အသံကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ မတ်တပ်ရပ်နေသူကြောင့် ယိမ်းမျက်ဝန်းတွေဝိုင်းစက်သွားရသည်။
ယိမ်း သူ့ခြေထောက်အကြောင်းတော့ လုံးဝမသိခဲ့တာမလား။
ဘာလို့ဒီလောက်တောင် ဟန်ဆောင်ကောင်းခဲ့ရတာလဲ။
ယိမ်း အံ့သြစွာပဲ
" ရှင့်....ခြေထောက်တွေ...."
ဒေါ်မိုးကုဋေက မဲ့ပြုံးပြုံးကာ ယိမ်းအနားတိုးကပ်လာပြီး
"ဘာလဲ အံ့သြသွားတာလား"
ယိမ်းခေါင်းထဲ လက်ခနဲပေါ်လာသော အရာသည်ကား
"မဟုတ်မှ.....အဲ့နေ့က လှေကားပေါ်ကတွန်းချခဲ့တာ....ရှင်လား"
ဒေါ်မိုးကုဋေက ဟက်ဟက်ပက်ပက်ရီရင်း
"အခုမှသိတာလား စိတ်မကောင်းလိုက်တာ မင်းကလေးအတွက်တော့ ဝမ်းနည်းစရာပေါ့ သူက အမေမှားပြီး ဖြစ်တည်လာတာကို"
ယိမ်း တကယ်မထင်ထားစွာ ခြေလှမ်းတို့ နောက်ဆုတ်မိလျက်သား။
ဘယ်လိုလုပ်......
မျက်ဝန်းထဲ မျက်ရည်တွေဟာလဲ ရစ်ဝိုင်းလျက်
"ဘယ်လိုလုပ်.....အဲ့တာ ရှင့်သွေးသားပဲမလား"
"ဟားးးးအဲ့တော့ဘာဖြစ်လဲ ငါ့သွေးသားဆိုလဲ မင်းတို့လိုအောက်တန်းကျတဲ့သွေးတွေပါနေတာ ရွံလွန်းလို့"
ယိမ်း ဆောက်တည်ရာမရစွာပဲ ဒေါ်မိုးကုဋေ ရင်ဘတ်တို့အား ရိုက်နှက်ကာ
"ရှင် လူယုတ်မာ ရှင့်ကြောင့် ကျွန်မကလေး......ဟင့်အီးးးး"
ယိမ်းကလေးအကြောင်းတွေးမိကာ ငိုရှိုက်မိလိုက်သည်။
"အစထဲက ငါ့သားနဲ့မပတ်သက်သင့်တာ မင်းသိဖို့က မဟာကုဋေကုဋာက ငါ့ကလွဲပြီး ဘယ်သူ့ကိုမှ ရွေးချယ်မှာမဟုတ်ဘူး"
'"ရှင့်သားသာ ရှင့်လုပ်ရပ်တွေသိရင် ဘယ်လောက်နာကျင်ရမလဲ စဥ်းစားဖူးလား"
ဒေါ်မိုးကုဋေ ယိမ်းရဲ့လက်တို့အားဖမ်းဆုပ်ရင်း
"တစ်သက်လုံးမသိစေရဘူး ဘာလို့လဲသိလား သူ့အတွက်ငါက အားနည်းနေတဲ့ လူမလို့"
"အမေ...."
အပြင်မှ တိုးဖျဖျခေါ်သံကြောင့် ယိမ်းရော ဒေါ်မိုးကုဋေပါ လှည့်မိတော့ ဝင်ပေါက်မှာ ရပ်နေသောကုဋေ
ဒေါ်မိုးကုဋေ ထိတ်လန့်သွားပေမယ့်လည်း ဟန်ဆောင်ဖို့မမေ့။
သူ့လက်ထဲက ယိမ်းလက်များအားဆွဲလိုက်တော့ ရင်ဘတ်ကိုတွန်းသလိုဖြစ်သွားကာ လဲကျသွားလေသည်။
"သား......သူက အမေ့ကို..."
ကုဋေ လက်သီးကိုဆုပ်အံကိုကြိတ်ကာ
"တော်ပါတော့ အလိမ်အညာတွေကို ဒီလောက်နဲ့ပဲ"
"သား......"
ကုဋေ မျက်လုံးတွေဟာ နီရဲနေလေပြီ။
ဒေါ်မိုးကုဋေရဲ့သားခေါ်သံနောက် နားနှစ်ဖက်အား လက်ဖြင့်အုပ်ကာ ခေါင်းကိုခါယမ်းရင်း
"မခေါ်နဲ့ ကျေးဇူးပြုပြီး....."
ဒေါ်မိုးကုဋေ ဟန်ဆောင်ခြင်းက အလုပ်မဖြစ်မှန်းသိစွာ ထိုနေရာမှထလိုက်ပြီး
"သား အမေရှင်းပြမယ် ခုနကစကားတွေက တကယ်တော့ သူ့ကိုတမင်ပြောခဲ့တာပါ"
ကုဋေ နီရဲနေသော မျက်လုံးအစုံဖြင့် မိခင်ဖြစ်သူဘက်လှည့်ကာ
"ဘယ်စကားတွေလဲ ကျွန်တော့်ကလေးကို အမေသတ်လိုက်တာကိုလား"
"မဟုတ်ဘူး....သားအထင်လွဲနေတာ"
"အထင်လွဲတယ်ဟုတ်လား အဟက် အကုန်အမှားတွေဆိုရင် ကောင်းမှာပေါ့"
ကုဋေ အမေ့ခြေထောက်တွေအား ကြည့်ကာ
"ခြေထောက်တောင် ပြန်ကောင်းနေပြီပဲ ဘယ်ကထဲကလဲ အဟက် အစထဲက အမေကြိုးဆွဲရာကစေချင်လို့ လိမ်ခဲ့တာပဲမလား"
"သား....မဟုတ်ဘူး"
"အမေ့သားဖြစ်ခဲ့မိလို့ ကျွန်တော်နောင်တရတယ်"
"သား...."
အမေဖြစ်သူ ခေါ်သံကိုဂရုမစိုက်။
အပေါ်သို့တက်သွားပြီဖြစ်သော ယိမ်းနောက်လိုက်မိသည်။
ယိမ်းက သူ့ပစ္စည်းတွေအားသိမ်းဆည်းရင်း ငိုရှိုက်နေလေသည်။
"ယိမ်း"
"ရှင် ကျွန်မကို မထိနဲ့"
ကုဋေ အမှားများစွာဖြင့်
"ကိုယ်တောင်းပန်ပါတယ်ကွာ"
"လူတစ်ယောက်ကို အသွေးအသားထဲကနေ မုန်းတာက ဘယ်လိုလဲဆိုတာ ကျွန်မသေချာသိလိုက်ပြီ"
"ယိမ်း"
Luggageအိတ်အားဆွဲကာ ထွက်သွားဖို့ ကြံရွယ်နေသော သူမလက်မှဆွဲလိုက်မိသည်။
"မထိနဲ့"
ဟုဆိုကာ ယိမ်းက သူ့လက်အား ရမ်းဖယ်ထုတ်လိုက်မိရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ယိုင်သွားကာ အနောက်က စားပွဲပေါ်ထောက်လျက်သား။
ထိုအခါ စားပွဲပေါ်က photo standလေး။
တစ်နည်းအားဖြင့် သူတို့ချစ်သူဘဝတုန်းက ဓာတ်ပုံလေးသည် ကြမ်းပြင်ထက်ကျကွဲသွားလေသည်။
ထိုအခါ ဓာတ်ပုံနောက်မှ ထွက်ကျလာသည်က ultrasoundပုံလေး
ထိုပုံလေးထံ ယိမ်းရောကုဋေပါပြိုင်တူကြည့်မိကြသည်။
ကုဋေ ကောက်သိမ်းဖို့ပြင်လိုက်ပေမယ့် ယိမ်းကဦးစွာဆွဲယူသွားကာ မျက်ရည်များဖြင့်
"ရှင့်ကိုယ်ရှင် ဒီပုံကို သိမ်းထားရသည်အထိ ထိုက်တန်တယ်လို့ထင်နေလား"
"ယိမ်း....ကိုယ်ဘယ်လိုလုပ်မှ မင်းနာကျင်ခဲ့ရတာတွေကို ကုစားပေးနိုင်မလဲမသိဘူး"
"မ...လို....ဘူး"
ယိမ်း စကားလုံးတစ်လုံးစီကို ဖိပြောလိုက်မိသည်။
"ကျွန်မကလေး....မဟုတ်ဘူး ရှင့်ရဲ့သွေးသားကို သတ်ပစ်ခဲ့တာ ရှင့်အမေ '
ကုဋေ မျက်ရည်များစွာဖြင့် ယိမ်းရှေ့ဒူးထောက်ထိုင်ချလိုက်မိသည်။
"ခွင့်လွတ်ဖို့မပြောလိုပါဘူး ယိမ်း ကိုယ်တောင်းပန်ပါတယ်"
ယိမ်း သူ့အားနာကျင်စွာ ကြည့်လိုက်ပြီး
"ကျွန်မအပေါ်အားနာတယ် အပြစ်ရှိတယ် ခံစားရရင် ကွာရှင်းလိုက် ကျွန်မရှေ့ကိုသေသည်အထိပေါ်မလာခဲ့နဲ့ ရေစက်ဆိုးတွေကို အဆုံးသတ်ကြတာပေါ့မဟာကုဋေကုဋာ"
သူမကိုဆွဲထားချင်ပေမယ့်လည်း.... အပြစ်ရှိသူပီပီ ပြောမထွက်နိုင်။
တားပိုင်ခွင့်လည်း သူ့မှာမှမရှိတာ။
ထိုစဥ် သူ့ရှေ့ ကျလာသည့် ultrasoundပုံလေး။
"ဒီပုံကိုကြည့်တိုင်း ရှင့်အမေလုပ်ရပ်တွေသတိရနေလိုက် လောကကြီးထဲရောက်တောင်မရောက်နိုင်ခဲ့ရတဲ့ ကျွန်မကလေး
တစ်သက်လုံးအပြစ်ရှိစိတ်နဲ့ ရှင်သန်သွားလိုက်
ဖြစ်နိုင်ရင် တစ်သက်လုံးပြန်မတွေ့ပါရစေနဲ့တော့"
သူမက နောက်လှည့်မကြည့်တမ်းထွက်သွားလေသည်။
ကုဋေ သူမလက်မှဆွဲကာ တားလိုက်ချင်ပေမယ့် သူ့လက်အစုံဟာ လေထဲမှာရပ်တန့်သွားရသည်။
ဘာလို့ အဲ့လိုလုပ်ခွင့်ရှိမှာလဲ။
သူဟာ ကိုယ့်ရင်သွေးကိုတောင် မကာကွယ်နိုင်ခဲ့တဲ့ အသုံးမကျတဲ့သူတစ်ယောက်ပဲလေ။
