"ပြန်ဆုတ်ခိုင်းလိုက်တော့။"
"ဟုတ်ကဲ့။"
"ရှောက်ထျန်းရော...."
"အရေးပေါ်ကားနဲ့တင်သွားတာတွေ့တယ်။ စုံစမ်းကြည့်ရသလောက် အသက်မရှိတော့ဘူးပြောတယ်။"
"ကောင်းတယ်။ ရဲစခန်းကရော ဘယ်လိုဖြစ်သွားပြီလဲ။"
"ဆေးစစ်ချက်အတုက အသုံးဝင်ပုံပဲ။ ရဲတွေပြန်သုံးသပ်နေတယ်။ ကျွန်တော်တို့ စခန်းတွေနေရာရွှေ့မှရမယ်။"
"အမြန်ဆုံးလုပ်လိုက်။ ဒီတစ်ခါ ဘယ်သူ့ကိုမှ ပြန်ပေးဆွဲတာမျိူးလုပ်မနေတော့ဘူး။ အဓိကပစ်မှတ်ကိုပဲ အလဲထိုးမှရတော့မယ်။"
"ဟုတ်ကဲ့...သဘောပေါက်ပါပြီ ဗိုလ်ကြီး။"
_______________
ရှောင်းကျန့်ရဲ့ သူ့ဟာနဲ့သူအေးချမ်းနေတဲ့ ဘဝလေးကို ဂြိုလ်ဆိုးဝင်သလိုဝင်ရောက်ခဲ့တယ်။ ငွေရှိရင် အရာရာ အဆင်ပြေတယ်ဆိုတဲ့ အတွေးနဲ့ မရင်းနှီးတဲ့နေရာမှာ တစ်ယောက်တည်းအထီးကျန်ကျန် ဖြတ်သန်းစေခဲ့တယ်။ ဇိမ်ခံပစ္စည်းတွေနဲ့ အကန့်သတ်မရှိသုံးလို့ရတဲ့ ငွေတွေနဲ့ ရှောင်းကျန့်က ပျော်မယ်လို့ထင်ခဲ့မိတယ်။ လက်ထပ်ပြီး လပိုင်းလောက်မှာ ဒီအရာတွေနဲ့ရှောင်းကျန့်က မပျော်ဘူးဆိုတာသိလာတော့နည်းနည်းတော့ စိုးရိမ်သွားတယ်။ လူတစ်ယောက်ကို အကျဉ်းချထားသလိုဖြစ်နေလားဆိုတဲ့အတွေးဝင်မိပေမယ့် ကိုယ်တိုင်က လျစ်လျူရှုပစ်ခဲ့တယ်။ ရှောင်းကျန့်အပေါ်မှာ အများကြီးမတရားခဲ့ဘူး။ ဒါအပြင် ခန္တာကိုယ်ကိုပါ စိတ်ရှိသလို သုံးဆောင်ခဲ့သေးတယ်။
ကျိုးရှောက်ထျန်းပြုတ်ကျတဲ့နေရာကနေ မှန်းပြီးလိုက်တတ်သွားရာက ကံကောင်းစွာနဲ့ရှောင်းကျန့်ကိုတွေ့သွားခဲ့တယ်။
"ကျန့်..."
သူ့အသံကိုကြားတော့ အားကိုးတကြီးခေါင်းလေးထောင်လာပြီး
"လောင်ကုန်း."
"ကိုယ်လာပြီ...မင်းကအရမ်းတော်ပြီး သတ္တိရှိတာပဲ။"
ရှောင်းကျန့် သူ့ကိုအားကိုးတကြီးဖက်တွယ်ထားလိုက်တယ်။ ခုနကလာနေတဲ့ဂျစ်ကားတွေလည်း မတွေ့တော့သလို လူတွေလည်းမတွေ့တော့ဘူး။ ရိပေါ် ရှောင်းကျန့်ကို အန္တရာယ်ကင်းကင်းအိမ်ပြန်ခေါ်လာခဲ့တယ်။
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။