KILLING-First Stage

16.5K 1K 16
                                    

ဆူညံနေသော မြေအောက်ခန်း night club တို့ သဘာဝ အတိုင်း လူတွေက ပျားပန်းခတ်မျှ. ကခုန်နေသော ပြိုးပြိုးပြက်ပြက် လင်းလက်နေသော သူတွေကြား သူ သည်လည်း လိုက်ပါစီးမျောရင်း ဖွင့်ထားသော တေးသွားနောက် မျောလွင့်နေမိသည်.…

တေးသွားထဲ စိတ်ရောက်နေတာကြောင့် အရှေ့တည့်တည့်မှ နတ်သမီးလို ချောမောသော အလှနိယာမ လေးအား ယခုမှ သတိပြုမိလေရဲ့။

သူမက ခပ်လှလှ အပြုံးတခု ဖန်ဆင်းရင်း ကျွန်တော့အား ချဉ်းကပ်ဖို့ ကြိုးစားပါ၏။

'ယူ တယောက်တည်းလား. ဒီလိုနေရာ မျိုးမှာ တယောက်တည်းဆို feel ကြဲစရာကြီး… ကိုယ် အဖော်လုပ်ပေးရမလား'

ကျွန်တော် ပြုံးလိုက်မိရင်း.

'အမိလေး ဆန္ဒရှိရင်ပေါ့'

ဟုတ်တယ်လေ. သူ့ ဘာသာ ရောက်လာတဲ့ အခွင့်အရေးတခုကို ငြင်းရအောင် ကျွန်တော်က တုံးတုံးအအ မဟုတ်.
အလိုက်အထိုက်ပေါ့လေ နော့…

ကျွန်တော့ဆီက မီးစိမ်းပြသည်နှင့် အလှနတ်သမီးသည် မာယာ ပိုက်ကွန်ဖြန့်ကျက်ကာ အစွမ်းကုန် ဖမ်းစားဖို့ ကြိုးစားလေတော့သည်…

ရင်ခွင်ထဲ အလိုက်သင့်တိုးဝင်လာသော သူမကို ပြန်လည်တော့ မထွေးဖက်မိ. သူမဆီမှ ချိုအီအီ ရေမွှေးနံ့ ကို ရှုရှိုက်မိတော့ ပန်းသီးစိမ်းနံ့ သင်းသော ကိုယ်သင်းရနံ့ တခုအား မှတ်မှတ်ရရ သတိရမိလိုက်သေးသည်…

သွားစမ်းပါ. ဒါတွေက ခု အရေးမပါတော့ဘူး. မေ့ပစ်လိုက်ဖို့ အချိန်တန်နေပြီပဲ။

အတိတ်မှ အရာတခုကို မေ့ပစ်ကာ လက်ရှိကိုပဲ ပျော်မွေ့ဖို့ ကြိုးစားလိုက်ချိန်…

Break it down!

ဒီလိုအချိန်မှာ တော်တန် ရုံ ဖုန်းကို မကိုင်ပဲ ပိတ်ပစ်တာ များပေမဲ့ ခုကတော့ ဘဝ မှာ အမြဲ သူ့ဘက်က ရပ်တည်ပေးခဲ့သော omma.
သူ့ရဲ့ တဦးတည်းသော မှီခိုအားထားရာ omma.

မိန်းမချောလေးကို ရင်ခွင်ထဲ ထားရင်း ဖုန်းကိုင်လိုက်မိသည်.

'အင်း…omma'

'သားငယ်. club ရောက်နေပြန်ပြီလား. omma ဘာပြောထားလဲ။ ဒီည flight နဲ့ သားငယ် ကိုကို ပြန်လာမယ် လို့ ပြောထားတယ်လေ. မိသားစုတွေ အကုန်စုံနေတာ မြင်ချင်တယ်လို့ appa ကလည်း ပြောထားတယ်မလား. ဘာလို့ စကားနားမထောင် ပြန်တာလဲ။'

KILLERWhere stories live. Discover now