KILLING-twenty stage

4.5K 527 45
                                        


'Phonix! Phonix!!!!!!'

Seoul တက္ကသိုလ် ၏ basketball ကွင်းထဲမှ အသံသည် အပြင်သို့ပင် လျှံကျမတတ် ကျယ်လောင်စွာထွက်ပေါ်လာနေလေသည်.

Engineering major ကိုယ်စားပြု Phonix အသင်းနဲ့ Chemistry major ကိုယ်စားပြု Crystal အသင်းတို့ ဗိုလ်လုပွဲစဉ် မို့ လူတွေက ကျိတ်ကျိတ်တိုး စည်ကားလျက်.

Yeol က Engineering major ကမို့ သူ့အသင်းအတွက် ကစားပေးရန် ကွင်းထဲ ရောက်နေချေပြီ။
အိမ်မှာBaek ကို လာမကြည့်နဲ့ ဟု ခပ်မာမာ ပြောခဲ့ပေမဲ့ အရင် Baek ထိုင်နေကြ နေရာလေးဆီကိုတော့ မကြာခန အကြည့်ရောက်ပါသည်. သူ့စကားနားထောင်စွာပင် Baek က ရောက်မလာခဲ့.

တစ တစ တင်းမာအေးစက်လာသော အခြေအနေ က သူတို့ကြားပိုပြီး ကြီးထွားလာခဲ့သည်မှာ Yeol တက္ကသိုလ် နောက်ဆုံးနှစ်. Baek က ပထမနှစ်ပင် တက်နေသည့် အချိန်ထိ ရောက်လာခဲ့သည်.

ဘောလုံးနဲ့ ခြင်း ထိသံသည် ခပ်အုပ်အုပ် ထွပ်ပေါ်လာပြီးနောက် Engineering ဘက်မှ အော်သံက တခဲနက်.
အနားရောက်လာသော အရုပ်မျိုးစုံ ပန်းစည်းအစုံအလင်နဲ့ မိန်းမလှတို့ကို ကျော်ဖြတ်ကာ မျက်လုံးထောင့်ထဲ မြင်မိတာက တဘက်ကွင်းစပ်မှ ရပ်နေသော ဖြူလွလွ အရိပ်လေး တရိပ်…

'Baek~~'

နှုတ်မှ ထွက်ကျလာသော နာမည်နဲ့ အတူ ထိုနေရာလေးဆီ မရည်ရွယ်ပဲ ခြေလှမ်းတို့ ရွေ့မိသည်.
အနားရောက်သည့်တိုင် ကောင်လေးက ခေါင်းငုံ့ထားဆဲ…
လက်မှ ကိုင်ထားသော တဘက်ဖြူလွလွလေးကို ယူချင်မိသော စိတ်တို့သည်ကား တဖွားဖွား.
သူရောက်လာတာကို သတိထားမိသွားသော Baek က ခပ်အစ်အစ် မျက်ဝန်းလေးတွေနဲ့ မော့ကြည့်လာတော့မှ Baek ကို ကြည့်နေကြ ရေခဲစိမ် မျက်နှာဖုံးစွပ်တခု သူ ကောက်တပ်လိုက်မိသည်.

ခပ်ညိုညိုဆံနွယ်လိပ်တို့က လေပြေနုနု အတွန်းအတိုက်မှာ ခေါင်းပေါ်လေးမှာပင် ယိမ်းနွဲ့လျက်.
ဖြူစွတ်စွတ် ရှပ်အကျီ င်္ရင်ဘတ်ပေါ်က Eng:04 ဟူသော ကိုယ်ပိုင်နံပါတ်လေးအား ကြိမ်ဖန်များစွာ နောက်ကွယ်မှ စုံစမ်းနေတတ်ပေမဲ့ ရှေ့မှာတော့ လုံးဝ ဂရုမစိုက်ချင်ယောင် ဆောင် တတ်သူအကြောင်း Baek မသိပါ .
ဘယ်တော့မဆို Yeol ဘယ်လောက် ထိုးနှက်ထိုးနှက် အမြဲ ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတွေနဲ့သာ ကြည့်တတ်သော Baek.

KILLEROnde histórias criam vida. Descubra agora