3နာရီ ဆိုသော အချိန်ကို မွန်းကျပ်စွာ ကျော်ဖြတ်ပြီးတော့ စေ့စပ်ပွဲလည်း ပြီးဆုံးခန်းရောက်ခဲ့သည်…
'Yeol…Jaehee တို့ အိမ်လိုက်ခဲ့အုံးမလား'
'မလိုက်တော့ဘူး. ကိုယ် ပင်ပန်းနေလို့ Appa နဲ့ အိမ်ပဲပြနိလိုက်တော့မယ်. နောက်မှပဲ. Jaehee. နော်'
သူမ ဘာမှ ပြန်မပြောနိုင်ခင် စေ့စပ်ခန်းမ ထဲက ခပ်သွက်သွက်ထွက်သွားသော Yeol…
ဘယ် သတို့သားက ဒီလို နေ့မျိုးမှာသူ့
သတို့ သမီးရှေ့ ပင်ပန်းနေပြီ ဆိုတာ ပြောထွက်နိုင်ရတာပါလိမ့်??ဘယ် သတို့သားက ဒီလို နေ့မျိုးမှာ သူ အိမ်ပြန်တော့မယ်ဆိုတာ ချက်ချင်းပြောထွက်ရတာပါလိမ့်??
ဘယ် သတို့သားက ဒီလို နေ့မျိုး ပြီးရင် တူတူနေလို့ ရနိုင်ပါလျက် မင်္ဂလာပွဲနေ့ မတိုင်ခင် အတူမနေဘူးဆိုပြီး အကြောက်အကန် ငြင်းခဲ့ရပါလိမ့်???
နောက်ဆုံးတော့ သူ ထားခဲ့တဲ့ နေရာမှာသာ မလှုပ်မယှက် ကျန်ခဲ့ရပါသော သူမ.
မစခင်တည်းက ရိပ်မိပြီးသား ဇာတ်လမ်းတပုဒ်ကို ရအောင် ဆက်ခဲ့တဲ့ သူမ ပဲ။ ဒီလောက်တော့ ခံရပါအုံးမည် မဟုတ်လား.'Appa… Baek နဲ့ Omma ကော'
'သားကြီး. မင်း Jaehee တို့အိမ် မလိုက်သွားဘူးလား. '
'နောက်လည်း တွေ့ရမှာပဲ Appa ရယ်. ဒီနေ့ သားပင်ပန်းနေလို့ အိမ်ပြန်အနားယူတော့မလို့. Baek ကော'
'လွန်ခဲ့တဲ့ နှစ်နာရီလောက်တည်းက သားOmma နေလို့ မကောင်းလို့ Baek နဲ့ အိမ်ပြန်သွားကြပြီ။'
'ဟုတ်လား. Omma ခုတလော ခန ခန နေမကောင်းဖြစ်နေတယ်နော်'
Yeol ပြောရင်း ကားပေါ်တက်ကာ အိမ်ဆီသို့ မောင်းထွက်လာခဲ့သည်.
အိမ်ရောက်တော့ Baek ကားလေးက ရပ်ထားတာမို့ Baek ပြန်ရောက်နေပြီ ထင့်.ချက်ချင်း သွားတွေ့လိုက်ချင်ပေမဲ့ ဒီနေ့ ပေးခဲ့တဲ့ ဒဏ်ရာတွေက အများသားမို့ ခနလေး အချိန်ဆွဲလိုက်မိကာ သူ့ အခန်းထဲသာ တန်းဝင်လာခဲ့သည်.
ထိုစဉ်က Baek ဆီ ချက်ချင်း မဝင်ခဲ့ခြင်းသည် နောင်တရစရာတွေ အများကြီးထဲက အကြောင်းအရာ တခု နောင်တချိန်ကျ ဖြစ်လာခဲ့လေသည်…