KILLING-Fifth Stage

7.5K 834 56
                                    

Baek တယောက် လက်မှတ်ဂိတ်ကို ဖြတ်ဖို့ တန်းစီနေလေပြီ။
တကယ်ကို ထွက်သွားရတော့ မှာပါလား.

သူ့ လက်မှတ်လေး ကို စစ်ဖို့ ပေးလိုက်ချိန်...

'Byun Baekhyun! သတ္တိတွေ သိပ်ကောင်းနေတာလား. ဘယ်သူ့ ခွင့်ပြုချက်နဲ့ သွားမလို့ လုပ်နေတာလဲ. ငါတို့ အိမ်က ပိုက်ဆံတွေ ဖြုန်းနေတာ အားမရ လို့ နိုင်ငံခြားထိ သွားဖြုန်းမလို့လား'

ကြည့်လိုက်တော့ အပေါ်ကုတ်တောင် မပါလာပဲ ရှပ်အဖြူနဲ့ ကြယ်သီးတချို့ ဖြုတ်ထားသော ကိုကို... နားသယ်စပ် မှာ သီးနေသော ချွေးစက်တချို့...

ပြောချင်ရာပြောနိုင်ပါတယ် ကိုကို. ဘယ်လိုအကြောင်းအရာကြောင့် လိုက်လာတာပဲ ဖြစ်ဖြစ် Baek ခံနိုင်ရည် ရှိပါတယ်.

Baek ခပ်ရွဲ့ရွဲ့ ပြုံးပြလိုက်ရင်း...

'ကိုကို ဆီမှာ ပေါနေတာ ပိုက်ဆံတွေပဲမလား. အရာအားလုံး လက်လွှတ်ထားလိုက်ရတဲ့ ကျွန်တော့ အတွက် ဒါလောက်လေးတော့ service ပေးသင့်တာပေါ့. မရှိစေဘူးထင်လို့ ထွက်သွားပေးမယ်လေ. '

'ဘယ်သူ့သဘောနဲ့?? '

Yeol ကပြောရင်း လက်မှတ်စစ်ထံမှ လက်မှတ်အား... ...

ဗြိ!

'ကိုကို ဘာလုပ်တာလဲ!'

'ဖြဲလိုက်တာလေ. ငါ့မျက်စေ့အောက်မှာတောင် ဒီလောက် အသုံးကြမ်းနေတာ. ကွယ်ရာဆို ငါတို့ L.O.E.Y ကြီး ဒေဝါလီ ခံလိုက်ရမှာပေါ့. ဘသူ့ဘဘောနဲ့ သွားရတာလဲ။ မင်းကို ပြောပြီးသားပါ. မင်းဟာ ငါ့ သဘောအတိုင်းပဲ နေရမယ်. ငါ ပြောသလို ပဲလုပ်ရမယ်.
အိမ်ပြန်မယ်. နောက်က လိုက်ခဲ့... '

ပြောပြီးပြီးချင်း လှည့်ထွက်သွားသော ကိုကို့ နောက်ကျောကိုတလှည့် ကြမ်းပြင်ပေါ် အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေသော လက်မှတ်လေးကို တလှည့် Baek ကြည့်ရင်း...

K ဆိုတဲ့ တက်တူးလေးရေ...
မင်း သခင်နားမှာ ပဲဘယ်လိုပဲ ဖြစ်ဖြစ် ဆက်ရှိနေအုံးမှာမို့ သွေးခုန်နှုန်းလေးတွေ ပုံမှန်ဖြစ်နေပါစေနော်...

💉KILLER💉

Baek အိမ်ပြန်လာတာကို Omma ကတော့ ဝမ်းသာနေပုံရပြီး Appa ကတော့ သိပ်မကြည်ချင်ပါ. ဘာရယ်ကြောင့်မှန်းမသိ ကိုကို က ဘာတွေ ပြောထားမှန်းမသိ. Appa က Baek ကို အပြစ်တင်ခြင်း အလျင်းမရှိခဲ့။ တကယ်ဆို သူ စီစဉ်ပေးတာကို Baek က ဖြစ်အောင် မလုပ်ခဲ့ဘူးမလားလေ...

KILLERWhere stories live. Discover now