နောက်ဆုံး လက်ကောက်ဝတ်နေရာမှာ တွေ့လိုက် ရတာက… … … …
…
…
…
…
…Yeol တယောက် အိမ်ပြန်ရောက်လာတဲ့ အထိ အတွေး တွေထဲက ရုန်းမထွက်နိုင်ခဲ့ပါ.
ဒီလိုသာ အမှန်ဆို ရှေ့လျှောက် သူ ဘာဆက်လုပ်သင့်ပါလိမ့်??အရင်လိုမျိုး တူညီသော လမ်းတော့ ထပ်မလျှောက်မိစေဖို့ ဆုံးဖြတ်ပြီးသားပါလေ.
ချစ်ရသူ နဲ့ တခေါက် ကွေကွင်းရခြင်း နဲ့တင် လုံလောက်နေပါပြီ။Appa ကို ကြိုအသိပေးမည်ဟုသာ ဆုံးဖြတ်ရင်း အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာAppa ကို အဆင်သင့်တွေ့ရလေသည်.
'Appa. ကျွန်တော် ပြောစရာ ရှိတယ်.'
Appa ကား Yeol ပြောတာကိုသာ ငြိမ်သက်စွာ နားထောင်နေခဲ့သည်.
ပြီးတော့… … …'နောင်တ မရမှာ သေချာလား. သား. ဒီလို လုပ်လို့ သား ပျော်ရွှင်နိုင်မယ်ဆို Appa ဘက်က ကန့်ကွက်စရာ မရှိပါဘူး.
ကတိတခုတော့ ပေးရမယ်. သား ပျော်နိုင်ရပါမယ် လို့လေ. ''Baek နဲ့ ဆို သား ပျော်ရွှင်နိုင်မှာပါ.'
'Baek နဲ့… … ဟုတ်ပါပြီ။ အချစ်ဆုံးသူကို ဆုံးရှုံး ဖူးတဲ့ သားအတွက် ဒါဟာ ပျော်ရွှင်ခြင်းဆိုရင် သား စိတ်ကြိုက်လုပ်နိုင်ပါတယ်. Appa က သား သဘောအတိုင်း ခွင့်ပြုပေးဖို့ အသင့်ပါ.
အရင်က လုပ်ရပ်တွေ အတွက်တော့ စိတ်မကောင်းပါဘူး.''Baek ကို ကြည်ဖြူပေးဖို့ပဲ တောင်းဆိုပါတယ်.Appa'
Appa က ပြုံးပြီး ခေါင်းငြိမ့်ပြခဲ့သည်. Yeol ကား ကြည်နူးခြင်း အပြည့်နဲ့ ပြန်လည် ပြုံးပြခဲ့သည်.
ကိုယ်တို့ အတွက် ရွှေရောင်လွှမ်းတဲ့ နေ့တွေ မကြာခင် ရောက်လာတော့မှာပါ.Baek.
ကလေး ကိုယ့်ကို မှတ်မိသည် ဖြစ်စေ.
မမှတ်မိသည် ဖြစ်စေ.ကိုယ်တို့ အရာအားလုံးကို အသစ်က ပြန်စလို့ ချစ်ကြစို့နော်…
Baek မမှတ်မိရင်လည်း အရင်က ကိုယ်တို့ စ တွေ့တုန်းက အတိုင်း အရာအားလုံးကို ပြန်လုပ်ကြည့်မယ်.
ကိုယ်တို့ရဲ့ နာကျင်စရာ အမှတ်တရ တွေကိုတော့ ချန်လှပ်ထားပါရစေလား.