KILLING-Third Stage

7.3K 865 37
                                        


Phonix! Phonix!…

Seoul တက္ကသိုလ် ၏ basketball ကွင်းထဲမှ အသံသည် အပြင်သို့ပင် လျှံကျမတတ် ကျယ်လောင်စွာထွက်ပေါ်လာနေလေရဲ့။

ဒီနေ့ Engineering major ကိုယ်စားပြု Phonix အသင်းနဲ့ Chemistry major ကိုယ်စားပြု Crystal အသင်းတို့ ဗိုလ်လုပွဲစဉ် မို့ လူတွေက ကျိတ်ကျိတ်တိုး စည်ကားလျက်.

အများစုကတော့ ကောင်မလေးတွေပင်. အတော်များများ မိန်းကလေး အများစုကတော့ Phonix King ဟု တင်စားသော အရပ်မြင့်မြင့် နဲ့ ချောမောသော  Engineering Kingကိုလူချော Park Chanyeol ကို လာကြည့်ကြသူများပင် ဖြစ်လေသည်.

လက်ရည်တူ နှစ်သင်းမို့ အနိုင်အရှုံးက ပထမပိုင်းပြီးချိန်ထိ သိပ်ကွဲကွဲပြားပြား မသိရသေး.

ဒုတိယပိုင်း ပြန်စတော့ နှစ်သင်းလုံး အကြိတ်အနယ် ဖြစ်လာလေသည်. ပွဲပြီးဖို့ မိနစ်ပိုင်း အလို…

Phonix အသင်းမှ Yeol ယူလာသော ဘောလုံးက ကွင်းလယ်ကို ကျော်ကာ တဖက်အသင်းဘက်သို့.

တကွင်းလုံး တိတ်ဆိတ်သွားသော ထိုခန…

ရေး!

ဘောလုံးလေးက ပိုက်ကွန်ထဲ ဝင်သွားနဲ့ တပြိုင်နက် အော်လိုက်သော အသံများက Engineering ကျောင်းသားများဆီကပင်.

မကြာမှီ အချိန်စေ့ ခရာမှုတ်လိုက်ချိန်မှာတော့ Engineering major က အနိုင်ရသွားချေပြီ။

အသင်းသားတွေကို ပြုံးပြနေသော Yeol ဆီသို့ အပြုံလိုက် ပြေးလာကြသော မချောတသိုက်. လက်ထဲမှာလည်း အရုပ် ပန်းစည်း ချောကလက်. အစုံအလင်နဲ့…

ခနအတွင်း Yeol နား ဝိုင်းသွားသော လူအုပ်.
ထို အခြင်းအရာကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော ဖြူနုနု ကောင်လေးတယောက်.သူ့ လက်ထဲမှာတော့ ဖွေးစွတ်သော တဘက်လေးတထည်.

ထိုကောင်လေးက သူ့လက်ထဲ တဘက်လေးကို တလှည့်. လူအုပ်ကြီးကို တလှည့် ကြည့်ကာ နေရာမှာတင် ရပ်နေဆဲ…
ထိုကောင် လေးရဲ့ ကျောင်းအင်္ကျီ ဖြူစွတ်စွတ်လေးပေါ်မှာတော့ Eng:04ဟု ကိုယ်ပိုင်နံပါတ် ရေးထိုး ထားပြီး အညိုနုနု ဆံပင်အုပ်အုပ်လေးတွေက မျက်နှာပေါ် ဟိုတစ ဒီတစ ဝဲကျနေသေးသည်.

KILLERTahanan ng mga kuwento. Tumuklas ngayon