ကော်ဇောနီနီ ပန်းခင်းလမ်းရဲ့ အဆုံးသတ်က စင်မြင့် ဆီရောက်ခဲ့တော့ အရာအားလုံးက နေသားတကျ ဖြစ်နေပြီ။နှစ်ဖက်မိဘ စုံညီစွာ ရှိနှင့်နေပြီး မကြာခင် Hyunee ထွက်လာတော့မည်.
နာကျင်လွန်းလှစွာသော ရင်ကို အပြုံးနဲ့ ဖုံးဖိကာ လိမ်ညာလိုက်သည်.ရင်တွေ ကွဲစရာ မကျန်တော့အောင် တခါတည်း ကွဲသွားစမ်းပါတော့...
မကြာ... စောစောက သူလျှောက်ခဲ့သော လမ်းထက် Hyunee က စတင်လျှောက်လှမ်းလာချေပြီ။ Baek တုန်းကလိုပင် ဖြူနုနု မင်္ဂလာဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သော Hyunee က တဖြည်းဖြည်း Yeol နဲ့ နီးလာသော်လည်း သူ့ရင်မှာ မပျော်နိုင်ပါ...
ခပ်ဝါးဝါး ပုံရိပ်တို့ထက် သူ့ဆီ လာနေသူက Baek လို့ပင် ထင်မြင်မိသေးသည်.
မဖြစ်နိုင်လိုက်တာများ.
Baek ကို သူထားခဲ့ပြီပဲ။
ယခင်ကလည်း ထားခဲ့သည်.
ယခုလည်း ထားခဲ့သည်...
အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် သူ ထားခဲ့ပြီးပါပြီ...'Yeol~'
ဆေးမကူရပါပဲ ခပ်ရဲရဲ ဖြစ်နေသော နှုတ်ခမ်းပါးပါးက ထွက်လာသော သူ့နာမည်...
'Yeol' တဲ့။
ဟုတ်တာပေါ့. Hyunee က သူ့ကို 'ကိုကို' လို့ ဘယ်သောအခါမှ မခေါ်ဖူးခဲ့။ဘယ်သောအခါမှ... ... ...
အိပ်မက်ထယောင်နေသူ တယောက်လို Hyunee လက်ကို တွဲရင်း သင်းအုပ်ဆရာရှေ့ ရောက်တဲ့ အထိ စိတ်နဲ့ လူ တွဲမမိသေး...
'သတို့သား Park Chan Yeol က သတို့သား Hyunee ကို ရိုးမြေကျတဲ့ အထိ ပေါင်းဖက်ဖို့ ကတိပြုပေးနိုင်ပါသလား'
'......... '
Yeol ဘက်က တုန့်ပြန်သံ ထွက်မလာခဲ့။
'Park ChanYeol shi... '
'...... '
'Park Chan Ye...... ... '
'တောင်းပန်ပါတယ်. ကျွန်တော် လက်မထပ်နိုင်~~~. '
'ဘသူ့ သဘောနဲ့ ဒီလက်ထပ်ပွဲကို လုပ်နေတာလဲ မသိပေမဲ့ ကျွန်မ ကန့်ကွက်ပါတယ်'
ရုတ်တရက် လူအုပ်ကြားထဲက ထွက်လာသော အသံတခုကြောင့် Yeol လှမ်းကြည့်လိုက်တော့ Jaehee~
'ကျွန်မတို့ စေ့စပ်ထားတာက ခုထိ တရားဝင်နေဆဲပဲ ဆိုတာ သိပါတယ်နော်. Chanyeol shi. အ့တော့ ကျွန်မမှာ ကန့်ကွက်နိုင်ခွင့် အပြည့်အဝ ရှိပါတယ်. '