မနက်ခင်းရဲ့ နေခြည်နွေးက ကျွန်တော့်အခန်း ပြတင်းပေါက်ကနေ ကျော်ဖြတ်ကာ အိပ်ရာပေါ် ရောက်လာသည့်တိုင် ကျွန်တော် မနိုးထဖြစ်.ဖန်တရာတေနေသော ပုံမှန် မနက်ခင်းတွေလို မဟုတ်ပဲ ဒီနေ့ မနက်သည် တမူထူးခြားစွာ ခံစားနေရလေသည်.
'သားငယ်. ထတော့လေ. မနက်စာ ကော်ဖီဝိုင်းမှာ လူစုံနေပြီ။ ဆင်းခဲ့တော့'
omma ရဲ့ အသံကြောင့် အိပ်ရာပေါ်က လူးလဲထပြီး ရေချိုးခန်း ဝင်လိုက်သည်.
ညအိပ်ဝတ်စုံ အစား အနေတော် ရှပ်တထည် ဆွဲထုတ်ကာ ဘောင်းဘီတို တထည် အမြန်ဝတ်ပြီး အခန်းတံခါး ဖွင့်ကာ အောက်ထပ်သို့ ဆင်းဖို့ အလုပ်.အရင်က ရင်းနှီးနေကြ ပန်းသီးစိမ်း ရနံ့ က နှာဖျားဆီ ကလူကျီဆယ်လာသည်.
Baek ကြည့်လိုက်မိတော့ မျက်နှာချင်းဆိုင် အခန်းမှ ထွက်လာသော ကိုကို.
ရေချိုးပြီးခါစ မို့ မျက်နှာက ရေစက်တချို့ပင် တင်ကျန်နေကာ နဖူးပေါ်မှ ဆံပင်တို့က ရေစိုနေသဖြင့် အချောင်းလိုက် .ရှပ်အဖြူ နဲ့ ခပ်ပွပွ pants တထည်သာ ဝတ်ဆင်ထားသော ကိုကို သည် ရှင်းသန့် ချောမောနေဆဲ…
Baek ထိုနေရာတွင်ပင် တုပ်တုပ်မျှ မလှုပ်ပဲ ကြောင်ငေးနေမိလျက်…
ရုတ်တရက် Baek ရှေ့ မှ မြင်ကွင်းတို့က ဝေဝါးလာကာ…
လူအများ အော်ဟစ် အားပေးနေသံ. ကွင်းလယ်က ခပ်ချောချော ကိုလူချောထံ ပြေးထွက်သွားကြသော မိန်းကလေး တသိုက်.
ထို အခြင်းအရာကို အဝေးမှသာကြည့်နေသော ခပ်ပုပုသေးသေး ကောင်လေး တယောက်.အများသူငါ တွေလို ကိုလူချော အနီးသို့ မသွားနိုင်ပဲ ခပ်လှမ်းလှမ်းမှာပင် ဖြူဖွေးသော တဘက်တထည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ကောင်လေး…
'မတ်တပ်ကြီး သတိမေ့နေတာလား. ကော်ဖီသောက်ဖို့ လူကြီးတွေ စောင့်နေကြပြီ။ မဆင်းရင် ရှေ့က ဖယ်'
ခပ်မာမာ စကားသံကို ကြားမှ Baek လက်ရှိဘဝ ထဲ ပြန်ရောက်လာခဲ့သည်. ကိုကို ရှေ့က သွားဖို့ လမ်းဖယ်ပေးလိုက်တာနဲ့ Baek ကို ဖြတ်ကျော်သွားသော ကိုကို…