'အဆင်ပြေရဲ့လား.Yeol. အလုပ်မှာ ပြသနာ ပေါ်လို့ဆို'Yeol ကားလေးက Hyunee အိမ်ရှေ့ မှာ ရပ်နားစဉ် Hyunee ဆီမှ အသံလေး ထွက်လာသည်.
'အင်း. နက်ဖန် ကိုယ် သွားမှ ရမယ်. Hyunee ကို ကိုယ် လာမကြိုနိုင်တော့ဘူး.'
'Hyunee က ကိုယ့်ဘာသာ သွားလို့ ဖြစ်ပါတယ်. အရင်ကလည်း သွားနေကြပဲ ဟာကို'
'ဒါပေမဲ့ ခုက အခြေအနေ မတူတော့ဘူးလေ. Hyunee က ကိုယ်ရဲ့… … … '
'အိမ်. အိမ်ထဲ ဝင်တော့မယ်. bye bye နော်'
Hyunee မျက်နှာလေးက စတော်ဘယ်ရီ သီးလေးလို နီရဲ ကာ အယောင်ယောင် အမှားမှားနဲ့ အိမ်ထဲ ဝင် သွားသောHyunee ကို ကြည့်ပြီး Yeol ပြုံးမိလိုက်သည်.
အရင်နဲ့ မတူစွာ ကိုယ့်အပေါ် ပွင့်လင်းလာတဲ့ အတွက် ကျေးဇူးပါ ကလေး~
💉KILLER💉
Yeol နောက်တနေ့ မနက်စောစောပင် ယောင်းဒိုရွာ ဆီ ထွက်လာခဲ့တော့ နေရောင်ခပ်ပါးပါး ကျချိန်လောက်မှာတင် ရွာလေး အဝင်ဝ ကို လှမ်းမြင်နေရသည်…
ခပ်ဝေးဝေးမှ မှုန်ပြပြ တောင်တန်းတွေ နောက်ခံနဲ့ ရွာလေးက လွမ်းမောချင်စရာကောင်းသည်…
သာမန်ချိန်ဆိုလျှင်တော့ Baek ကို လွမ်းစိတ်နဲ့ သူ လွမ်းမိအုံးမည် ထင်သည်. ခုတော့ Baek က သူ့ဘေးပြန်ရောက်နေပြီမို့ ထူးထူးခြားခြား မလွမ်းဖြစ်လိုက်…ရွာအဝင်လမ်းဘေး တဘက်တချက်စီမှာ ကျေးလက်မှာ တွေ့ရတတ်သော အရွက်ဝါဝါနဲ့ အပင်အများအပြား ပေါက်ရောက်နေလေသည်.
ထို့နောက် နီရော်ရော် အရွက်များနဲ့ မေပယ်လ် ပင်များ…
Yeol တယောက် မေပယ်လ်ပင် ကို တချက်ငေးကြည့်လိုက်ရင်း~~~~💉
💉
💉
💉
'YoungDo Hospital' ဟူသော အဝင်ဝ ကို ဆိုင်းဘုတ်ကို ကြည့်ပြီး Yeol ဝင်လာခဲ့တော့ သိပ်ခေတ်မှီ ပုံမရသော အဆင်အပြင်နဲ့ အဆောက်အဦးတချို့။ မနက်ခင်း လေ့ကျင့်ခန်း လုပ်နေကြသူများနဲ့ အနည်းငယ် လူများနေသော ဆေးရုံဝင်း…
'မန်နေဂျာချုပ်. လာပြီလား. ကျွန်တော်လည်း ခုမှ ရောက်တာ. လာ . တူတူဝင်ကြစို့'