KILLING-Sixth Stage

6.9K 795 58
                                        


'သားကြီး... မင်း ညီလေးကော'

အသက်မဲ့ စွာလျှောက်လှမ်းလာသော Yeol ခြေလှမ်းတို့သည် omma ရဲ့ အမေးစကားကြားမှ လှုပ်နှိုးခံလိုက်ရသလို ဖြစ်သွားရသည်...

'အင်း. Baek လား. Baek သူ့ သူငယ်ချင်း နဲ့ ညစာစားပြီးမှ ပြန်လာလိမ့်မယ်. ကျွန်တော် ကားလွှတ်ထားပေးတယ်. ပြီးရင် သူ ကားနဲ့ ပြန်လာလိမ့်မယ်.ကျွန်တော် သွားနားတော့မယ်နော်'

omma ဘာမှ ထပ်မပြောနိုင်ခင် သူ အပေါ်ထပ်သို့ တက်လာခဲ့သည်. တကယ်ကို ပင်ပန်းနေပြီ။ တကယ်ကို အနားယူချင်နေပါပြီ။

အခန်းထဲ ရောက်တာနဲ့ Yeol တယောက် ကုတင်ပေါ် ပစ်လှဲကာ မျက်လုံးတို့ကိုသာ မှိတ်ထားလိုက်မိတော့သည်.

'ကိုကို~~~'

မျက်စိမှိတ်လိုက်တာတောင် 'ကိုကို' ခေါ်သံလေး. မျက်ဝန်းအစ်အစ်လေးတစုံ...

Killer သည်သာ ကျွန်တော့ကို ရှင်လျက် သေစေနိုင်သူ...

💉KILLER💉

Baek ပြန်လာတော့ တအိမ်လုံးတိတ်ဆိတ်နေတာမို့ ကိုကို အခန်းဆီသို့သာတိုက်ရိုက်တက်လာခဲ့လိုက်
တော့လေသည်.
ဒီနေ့ ကိုကို ဘာလို့ Suzy ဆိုသော ကောင်မလေးနဲ့ မိတ်ဆက်ပေးရသလဲ ဆိုတာ သေချာမေးမှ ကိုဖြစ်မည်.
ကောင်မလေးက စကားအပြောအဆို ယဉ်ကျေးပြီး ချစ်စရာပေမဲ့ Baek စိတ်ထဲ တစုံတခု ခံစားနေရတာမို့ သေချာအောင် ကိုကို ကို့ မေးမှ ဖြစ်မည်.

ဒေါက် ဒေါက်!

'ကိုကို . Baek ဝင်လာခဲ့မယ်နော်'

အထဲမှ ဘာသံမှ မကြားရတာမို့ အခန်းတံခါးလေး အသာတွန်းဖွင့်ကာ Baek ဝင်လာခဲ့သည်...
အခန်းထဲ ရောက်တော့ ကုတင်ထက် ညအိမ်မီး ပြာလဲ့လဲ့လေးအောက်မှာ အိပ်မောကျနေပါသော ကိုကို...

'အိပ်တောင် အိပ်သွားပြီလား. အေးလေ. တနေ့လုံး ပင်ပန်းနေရှာမှာပေါ့. နောက်မှပဲ မေးပါတော့မယ်. စောင်လဲ မခြုံထားဘူး. ရင်ဘတ် အအေးပတ်ရင် နေမကောင်းြ့ဖစ်တတ်တာလည်း သူပဲ။ '

Baek ပြောရင်း သူ့ကို ကျောပေးအိပ်နေသော ကိုကို ကိုယ်ပေါ်သို့ ဂွမ်းကပ် အပါးလေး ခြုံပေးလိုက်ရင်း သွယ်လျလျ လကိလေးက ကိုကို့ ထူထူထဲထဲ ဆံပင်ပေါ်သပ်ပေးလိုက်ရင်း
နားနားလေး ကပ်ကာ...

KILLERUnde poveștirile trăiesc. Descoperă acum