KILLING-sixteenth stage

4.8K 603 80
                                        

Yeol ယောင်းဒိုက ပြန်လာပြီး Hyunee နဲ့ ထပ်မတွေ့ဖြစ်ပဲ အလုပ်ကိုသာ ဖိလုပ်နေခဲ့သည်. Hyunee ဆီက လာသမျှ ဖုန်းတွေကိုလည်း end call လုပ်ပစ်ကာ အကုန်မေ့ပစ်ထားခဲ့သည်.

သူ့ရင်ထဲလည်း သူ့ကိုယ်သူ မကျေနပ်ခြင်း များစွာက တပုံတပင်.
ဘာလို့လဲ။??
Baek နဲ့ Hyunee က အများဆုံးတူညီနေရက်နဲ့ Chan ဆိုသော လူတယောက်အပေါ် ကိုမှ သူ့စိတ်တွေ က ရောက်ရောက်နေရတာလဲ?

အထူးခြားဆုံး အမှတ်အသားတခုတလေ တောင် ရှိမနေသူကိုမှ  Yeol ဘာလို့ ရင်တွေ ခုန်နေတာလဲဆိုတာကို နားမလည်နိုင်တော့ပါ.

'ဟူးးးးးး'

သက်ပြင်းမောကို ရှိုက်ထုတ်လိုက်ရင်း အခန်းတံခါးဝ ရှိရာ အကြောင်းမဲ့ ငေးကြည့်လိုက်မိသည်.
Yeol မြင်လွှာမှာ ပေါ်လာတာက ရက်ပေါင်းအနည်းငယ်လောက် မမြင်ရတာကြာသော Hyunee မျက်နှာနုနု.

'Hyunee'

'Yeol…… '

မတွေ့ရတာကြာလို့ထင့်. Hyunee မျက်နှာလေး ချောင်ကျသွားသလိုပင်. မိမိကြောင့် ဆိုသော အတွေးက ဝင်လာပြန်တော့ ကိုယ့်ကိုယ်ကိုယ် ဒေါသ ထွက်လာပြန်သည်.

'Yeol. အရမ်းပင်ပန်းနေတာလားဟင်. Hyunee ကြောင့်လားဟင်. Hyunee ကြောင့် တအား ပင်ပန်းနေတယ် ဆို Hyunee .Yeol နဲ့ ဝေးရာကို ထွက်သွားပေးပါ့မယ်. Yeol ချစ်တဲ့ Baek ဆိုတာကို Hyunee မမှတ်မိနိုင်သေးလို့။ မှတ်လဲ မမှတ်မိသေးလို့ Yeol စိတ်ပင်ပန်းနေတာဆို Hyunee ထွက်သွားပေး… ပေးးးးးးး. '

Yeol  တယောက် သူ့ရှေ့ မှ မျက်ရည်တွေ ကျနေကာ ပြောနေသော Hyunee ကိုယ်လေးကို ထွေးပွေ့ လိုက်ရင်းက…

'ကိုယ်ကြောင့်ပဲ နေမှာပါ Hyuneeရယ်. ကိုယ်ပဲ Hyunee ကို စိတ်ဆငိးရဲစေတာပါ. အရာအားလုံး ကိုယ့်ကြောင့်ပါ. Hyunee ကိုယ့်အနားက ထွက်သွားစရာ မလိုပါဘူး. '

Yeol ခါးတဝိုက်ကို ခပ်တင်းတင်း လာဖက်သော လက်တစုံ.
မဆီမဆိုင် ဖြူဝင်းချောမွတ်သော လက်တစုံကို သွားမြင်ယောင်မိသေးသည်.

အတွေးတို့ကို မောင်းထုတ်လိုက်ရင်း Hyunee ကိုယ်လေးကိုသာ ခပ်တင်းတင်း ပွေ့ဖက်လိုက်လေသည်.

အတိတ်က အရေးကြီးပေမဲ့ ခုလက်ရှိ အခြေအနေကိုလည်း ကိုယ် တန်ဖိုးထားလိုက်ပါတယ်. ကလေး.

KILLEROnde histórias criam vida. Descubra agora