မေပယ်လ်ရွက် ရဲရဲတို့ ကြွေနေတဲ့ လမ်းတလျှောက် Baek နဲ့ Yeol လက်ချင်းတွဲကာ ခပ်ဖြည်းဖြည်းလျှောက်လာခဲ့သည်.
Yeol က သက်သာလာစမို့ ကျန်းမာရေးကိုယ်လက် လှုပ်ရှားမှု့ လုပ်ရန်လိုအပ်တာကြောင့် ညနေခင်းတိုင်း လမ်းပုံမှန်လျှောက်ဖြစ်သည်.
'Appa ကို ဘယ်လိုပြောထားလဲ'
'အင်းး. Appa လား. ယောင်းဒိုရွာမှာရှိတယ်လို့ သိထားပါတယ်. လိုက်လာလာ မလာလာ က အရေးမကြီးပါဘူး. နောက်ထပ် ဘယ်အကြောင်းကြောင့် နဲ့မှ Baek လက်ကိုမလွှတ်တော့ဘူး. '
'Appa နေရာက စဉ်းစားကြည့်တော့လည်း မှန်ပါတယ်. Baekသာ သားလေးရှိပြီး ဒီလိုကြုံလာရမယ်ဆို ရင်…… '
'Baek နားလည်ပေးမှာပဲမလား. ကိုယ့်ကလေးလေးက အပြင်ပန်းသာ ပေပေတေတေ အရွဲ့တိုက်ဂျစ်ကန်နေပေမဲ့ တကယ့်စိတ်ရင်းလေးက နူးညံ့တယ်ဆိုတာ ကိုကို သိတာပေါ့. '
'ကိုကိုပဲ သိနေ. အ့ဒါများ Baek ဘက်ကို တခါလောက် လှည့်ကြည့်ပေးခဲ့ဖူးလို့လား. '
'လှည့်ကြည့်ဖို့ အခွင့်အရေးမရှိခဲ့တာပါ. ကိုယ် မျှော်လင့်ထားတဲ့ ထဲမှာ Baek က လှပတဲ့ မိန်းကလေးတယောက်နဲ့ ဖူးစာဆုံမယ်.
ချစ်စရာကလေးလေးတွေ မွေးမယ်.
လှပတဲ့ မိသားစုဘဝ လေး ဖန်တီးမယ်. အ့ဒီလိုပဲ တွေးထားခဲ့ပါတယ်. ''လှပတဲ့ မိန်းကလေးဆိုတာက Baek ရဲ့ရှေ့က ကိုကို ရဲ့အပြုံးတချက်လောက်တောင် Baek ကို ရင်မခုန်စေဘူး. ကိုကို ရဲ့။
Baek နဲ့ ကိုကို နဲ့တူတဲ့ ကလေးလေးဟာ ဘယ်လိုမျက်နှာမျိုးလေးများရှိနေမလဲ ဆိုတာလည်း တွေးကြည့်တိုင်း ရင်ခုန်ရတယ်.
ကိုကိုနဲ့ သာတူတူဆို လှပ ခိုင်မာပြီး ကြည်နူး လုံခြုံဖွယ်ရာ မိသားစုတခု ဖြစ်မယ်ဆိုတာ ယုံကြည်တယ်. ''ကိုကို တို့တခါလောက် လက်မဖြုတ်စတမ်း ခရီးတခုကို အတူ သွားကြည့်ကြမလား. Baek ဟမ်?'
'ကိုကို ဆန္ဒရှိရင်ပေါ့'
Baek စကားအဆုံးခပ်တင်းတင်းဖိညစ် ဆုပ်ကိုင်လာသော ကိုကို လက်တို့က ထာဝရဆုပ်ကိုင်မည် ဖြစ်ကြောင်း ကတိပြုနေသလိုပင်.
![](https://img.wattpad.com/cover/116618409-288-k452681.jpg)