KILLING-Fifteenth stage

4.8K 589 72
                                    


Yeol နှုတ်က အမည်နာမ တခု ခုန်ထွက် ပြုတ်ကျလာခဲ့သည်... ထိုအမည်ကား… … …

'Baek~~'

အညိုရောင် ဆံနွယ်ပျော့ပျော့တို့ မျက်နှာပေါ် အလုအယက် တိုးဝှေ့ကျနေသော ကောင်လေးက Yeol ဘက်သို့ မလှုပ်မယှက် ကြည့်နေဆဲ~~~

တဒင်္ဂ ခန သူတို့နှစ်ဦးကြားထဲ လေတိုးသံ . မေပယ်လ်ရွက်ကြွေ သံမှ အပ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်.

'Baek'

Yeol ဘက်မှ ဒုတိယအကြိမ် ခေါ်သံ အဆုံးမှာတော့ ခပ်ပါးပါး ပန်းသွေးရောင် နှုတ်ခမ်းလေးက လှုပ်ရှားအသက်ဝင်လာခဲ့သည်.

စကားပြောဖို့ ပြင်လိုက်တိုင်း နှုတ်ခမ်းထောင့် ပေါ်က ခပ်သေးသေးမှဲ့လေးက အထင်းသား.
ပါးစပ်ဟ လိုက်ရင်း တြိဂံ စောက်ထိုး ပုံစံ ဖြစ်သွားသော အနှီ နှုတ်ခမ်းရဲ သည် Yeol အတွက် ပို အတွေးပွားစေလေသည်.

'ကျွန်တော် Baek မဟုတ်ဘူး. ဆောရီး. ခင်များ လူမှားနေတယ်. '

ထိုကောင်လေးက ပြောပြီးပြီးချင်း Yeol ရှေ့က လှည့်ထွက်ဖို့ ပြင်သည်.

ထိုကောင်လေးကား Yeol  ရှေ့မှ ဖြတ်ကျော်ကာ ပြန်လှည့်သည့်ခန…

'ခင်များ ဘာလုပ်တာလဲ။ !'

Yeol လက်ထဲ ရောက်နေသော ဖော့ဖယောင်းလို သွယ်လျလျ လက်တဖက်ကို အတင်းရုန်းကာ ထွက်သွားခဲ့သော ကောင်လေး.
Yeol စောနက ဝါဂွမ်းဆန်ဆန် နူးညံ့သော လက်တဖက် ကိုင်ခဲ့သော သူ့လက်ကို ပြန်ကြည့်ကာ~~~~

ကျွန်တော့်အား စာနာသမှု့နဲ့ Hyunee သာ ကျွန်တော့် ကလေး ဖြစ်ခွင့်ပေးပါ. အချစ်နတ်ရေ…

ဒါဆို ဒီနေရာမှာ Park Chanyeol ကို မေးစရာ တခု ရှိနေတာပေါ့.

စောစောက ကိုင်မိတဲ့ လက်အထိအတွေ့ က အရင် Baek အတိုင်း ခံစားမိတယ်ဆို ခင်များ ဘယ်လိုရှင်းမလဲ Yeol~?

အရာအားလုံး ကံဇာတ်ဆရာ အလိုကျဆို ကိုယ်တို့က သူ့စိတ်ကြိုက် ကပြ အသုံးတော်ခံနေရတဲ့ နယ်ရုပ်လေးတွေပေါ့ ကလေး.

ဒါပေမဲ့ အရုပ်လည်း ကိုယ်ပိုင်ခံစားချက်ရှိတာမို့ သိပ်အများကြီး ဝင်ရောက်မစွက်ဖက်ပါနဲ့လား.

KILLERWhere stories live. Discover now