KILLING-Seventeenth stage

4.9K 564 92
                                        

Yeol တို့ ဆေးရုံရောက်တာနဲ့ Chan ကို တင်ထားသော လူနာတင်လှည်းကား အရေးပေါ်ခန်းထဲ တန်းဝင်သွားချေပြီ။

အရေးပေါ်တံခါးမပိတ်ခင် မြင်လိုက်ရသော Chan မျက်နှာနုနုသည် ဖြူဖျော့လျက်.
လက်ကောက်ဝတ်မှာတော့ 'K' ဟူသော တက်တူးသည် တပါတည်း ပါသွားချေပြီ။

Yeol တယောက် အားအင်ချိနဲ့ စွာပင် ထိုင်ချလိုက်မိသည်. ဒုတာဝန်ခံက…

'ကျွန်တော် Chan မိသားစုကို အကြောင်းကြားထားပြီးပြီ။  သူတို့ မကြာခင် ရောက်လာကြမှာပါ. '

Chan မိသားစု. Yeol သူသိချင်သော အဖြေကို သေချာ အတည်ပြုရတော့မည်လေ. မကြာ. ငိုရှိုက်သံ ခပ်တိုးတိုးနဲ့ ရောက်လာသော Chanမိဘ နှစ်ပါး.  သူတို့ကို တွေ့တော့ Yeol ကပင်.

'ခုထိ အရေးပေါ်ခန်းထဲက ထွက်မလာသေးဘူး. အခြေအနေ ကောင်းမယ်လို့တော့ မျှော်လင့်ထားပါတယ်'

'Chanလေး. သနားစရာကောင်းတဲ့ ကလေးလေး. ဆေးရုံ ဆေးခန်း အငွေ့အသက်ဆို သိပ်မုန်းတဲ့ ကလေးလေး မှ ခန ခန ဒီလို အသည်းအသန် ဖြစ်ရလားကွယ်'

Chan မိခင်က အရေးပေါ် အခန်းကို ကြည့်ကြည့်ပြီး ငိုနေလေရဲ့။ Yeol တယောက် ခပ်ဝေ့ဝေ့ ဝဲနေသော မျက်ရည်တို့ကို ထိန်းထားလိုက်ရင်း…

'အဆင်ပြေသွားမှာပါ. ဖြူစင်တဲ့ လူသားလေးကို လောကကြီးက အစောကြီး မခေါ်သွားလောက်ပါဘူး. သူ ပြန်သတိရ လာမှာပါ'

သက်ပြင်းချသံ သဲ့သဲ့ တို့သည် သူတို့ကြား ကူးလူးဖြတ်သန်းသွားသည်. လူတိုင်း မတူညီသော ခံစားချက်နဲ့ စိုးရိမ်နေကြပေမဲ့ တူညီသော ပန်းတိုင်တခုသည် Chan ပြန်လည်သတိရလာဖို့ပင်တည်း.
အချိန် ၃နာရီလောက်ကြာပြီးနောက်မှာ တွန်းလှည်းလေးပေါ်  အိပ်ပျော်လျက်သားနဲ့ အရေးပေါ် အခန်းမှ ထွက်လာသော Chan.
အကုန်လုံး ထိုနားပြေးကာ အခြေအနေမေးတော့ ဆရာဝန်ကြီးက…

'အသက်တော့ စိုးရိမ်စရာ မရှိတော့ပါဘူး. သွေးတွေတော်တော် ဆုံးရှုံးထားလို့ အားတော့ နည်းနေသေးတယ်. ခုတော့ မေ့ဆေးပြယ်သွားမှ သတိရလာပါလိမ့်မယ်'

လူနာဆောင်ထဲ က သီးသန့်အခန်းလေးဆီ Chan ကို ပြောင်းရွေ့ပြီးတော့မှ.

KILLERWo Geschichten leben. Entdecke jetzt