'မဟုတ်ဘူးးးးးး!!!!!!'
ဘယ်လောက်ပဲ အာခေါင်ကွဲ မတတ်
်အော်ဟစ်ခဲ့ပေမဲ့ အဖြစ်မှန်က ပြောင်းလဲမလာခဲ့ပါ. ကံကြမ္မာက Yeol ဘက်မှာ မရှိခဲ့…'Yeol~~'
ခပ်တိုးတိုး ခေါ်သံနဲ့ အတူ ဘေးနားလာထိုင်သော Jaehee ကို အရောင်မဲ့ ဗလာ မျက်ဝန်းများနဲ့ Yeol ကြည့်မိသည်.
'ဘယ်အချိန်ထိ ဒီမှာ ထိုင်နေမှာလဲ။ အထဲ ဝင်ပြီး လုပ်စရာတွေ လုပ်ရမယ်လေ. Byun လေး အတွက်… '
'Baek အတွက် ဘာလုပ်ပေးရမှာလဲ။ ကလေးက သေမှ မသေတာကို. ကလေးက ပျောက်နေတာ နေမှာ. သူ့လောက် ကံကောင်းတာ သူပဲ။ သူ ကားမပေါက်ကွဲခင်က ထွက်သွားပြီး လမ်းမှားနေလို့ ပြန်မလာတာ နေမှာပေါ့. အ့လို ပဲ နေမှာ'
'ဒီကားပေါ်မှာ သူ ချစ်ရတဲ့ အမေ တယောက်လုံး ကျန်ခဲ့တဲ့ ဟာကို သူဘယ်လိုလုပ် ကိုယ်လွတ်ရုန်း သွားပါ့မလဲ။ အဖြစ်မှန်ကို လက်ခံလိုက်စမ်းပါ Yeol.
တခါတလေ အဖြစ်မှန်တွေက နာကျင်စရာကောင်းပေမဲ့ လက်ခံပေးရမယ်လေ.'Jaehee ပြောစကားအောက် ငြိမ်ကျသွားသော Yeol~
ပြီးတော့…'ဘယ်သူမှ မမြင်ချင်ဘူး ထွက်သွား… !'
'Nam Jini ရဲ့ မိသားစုဝင်တွေ ပါလား'
'ဟုတ်ပါတယ်. ကျွန်တော် သူ့သားအကြီးပါ'
'မြန်မြန်လေး အရေးပေါ်အခန်းကို လာပေးပါ. လူနာက အခြေအနေ သိပ်မကောင်းလို့…'
Yeol တယောက် အပြေးအလွှား အရေးပေါ်အခန်းထဲ ရောက်တော့ Omma ကား အသက်ရှူ ကျပ်နေလေပြီ…
'Omma'
'Yeol~~~~'
'Omma. စကားတွေ မပြောနဲ့ မောနေမယ်နော်. ခနလေး တောင့်ထားနော်. နောက် ကောင်းသွားမှာနော်'
'… ! ~'
Omma ကလေသံမျှ သာ ပြောပေမဲ့ တိုးလွန်းတာကြောင့် သေချာမကြားရ…
'Omma ဘာပြောတာလဲ'
'Baek~…ကို …မမုန်း …ပါ… … ~~'
အသက်ရှူနှုန်းပြသော စက်လေးကား လိုင်းလေး တဖြောင့်တည်း ဖြစ်သွားချိန်. တီ ခနဲ သံရှည်ကား Yeol နဲ့ Omma ကြား စည်းတခု ခြားလိုက်ချေပြီ…