KILLING-tenth Stage

6.2K 738 46
                                    

'ဟင်. ! '

Yeol နှုတ်က အာမေဋိတ် စကားတလုံးသာ ထွက်ကျလာသည်. တကယ်လည်း အရှေ့မှာရှိနေသူက လွန်ခဲ့သော ၂နှစ်က သူ့နားမှ နှုတ်မဆက်ပဲ ထွက်သွားခဲ့သူ တယောက်နဲ့ အတော်ပင် ဆင်တူလှသည်…

ခပ်ရဲရဲတောက်တောက် ဆံပင်တို့ အစား အနက်ရောင် ဆံပင်တို တို့ကသာ နေရာယူထားပေမဲ့ Baek ရဲ့ အရိပ်တို့သည် အနှီကောင်လေး ထံမှာ ခိုတွဲနေလေသည်.

ခပ်မှေးမှေး မျက်လုံးအစုံ. နှုတ်ခမ်းပါး ရဲရဲ တို့က သူ့ ကိုယ်ပေါ်မှ Baek ရဲ့ အရိပ်ကို များစွာ ရှာဖွေမိနေလေသည်… 
ပြီးတော့ ခပ်ရေးရေးပေါ်နေသော နှုတ်ခမ်းပိစိ ပေါ်က မှဲ့လေး.

'ထကြည့်ပါလား. ဘာဖြစ်သွားသေးလဲ။'

'ဘာမှမဖြစ်ဘူး. ဒီမှာ ကြည့်ပါလား.… အ့… …'

ထိုကောင်သေးလေးကား ခပ်စွာစွာ ခွန်းတုံ့ပြန့်ကာ ထထိုင်ဖို့ လုပ်ပေမဲ့ ခွေခနဲ ယိုင်လဲကျတာမို့ Yeol အမြန်ထိန်းပေးလိုက်ရသည်.

'ခြေထောက်ခေါက်သွားတာထင်တယ်'

'နာတယ်… '

'ဒီနားက ဆေးခန်း တခုခု သွားပြကြည့်ကြရအောင်. ခြေထောက် တခုခု့ ဖြစ်သွားမှာ စိုးရတယ်'

Yeol ပြောရင်း ထိုကောင်လေး ကို လက်မှ ဆွဲကာ မတ်တပ်ရပ်ခိုင်း လိုက်မိသည်.
နွေးထွေးတယ်. သူ့ လက်ချောင်းတွေဆီက နွေးထွေးတဲ့ ခံစားမှု့ တခု ကို တကယ်ကို ခံစားမိတယ်.
မင်းက ဘာလေးလဲ .ချာတိတ်…

သူတို့ နီးစပ်ရာ ဆေးခန်းဝင်ပြီး ခြေထောက်ခေါက်သွားတာကို ပြကြသည်. ထိုကောင်လေး နာမည်က Hyunee ဟု သိရပြီးနောက် Yeol ရင်ထဲက မျှော်လင့်ချက် အစိုင်အခဲသည် ကြီးမားလာပေမဲ့ မြိုသိပ်ထားလိုက်မိသည်… သေချာအောင်တော့ စုံစမ်းရပေမည်…
လက်ရှည် အကျ င်္ီအောက်က တိမ်မြှပ်နေတဲ့ 'K' ဆိုသော tatoo အကြောင်းကို ရောပေါ့…

'ရောက်ပြီ။ဟို ရှေ့နားလေးမှာ ရပ်ပေး. '

Yeol တယောက် အတွေးတို့  ထဲ နစ်မြောနေရာမှ လက်ရှိထဲ ပြန်ရောက်လာခဲ့သည်…

'လိုက်ပို့ပေးတာ ကျေးဇူးပါ. သွားပြီနော်'

Yeol ဘာမှ ပြန်မပြောနိုင်ခင် ရှေ့မှ နှစ်ထပ်တိုက်ပု လေးထဲ ဝင်ရောက်သွားသော ကောင်လေးကို ကြည့်ရင်း သူ လာရာလမ်းအတိုင်း ကားကို ပြန်လှည့်ထွက်ခဲ့လိုက်သည်…

KILLERWhere stories live. Discover now