KILLING-Fourth Stage

7.2K 868 51
                                    

Baek စိတ်ဦးတည့်ရာ မောင်းနှင်လာခဲ့တာမို့ ဘယ်ပေါက်လို့ ဘယ်ရောက်မှန်းတောင် မသိတော့…

နှလုံးသားက ခံရပါများလို့ နာကျင်နေပြီ ထင့်. ငိုစရာ မျက်ရည်များပင် ထပ်ထွက်မလာခဲ့.
ရောက်နေရာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တော့မှ ဟန်မြစ်နား ရောက်နေမှန်းသိလိုက်ရသည်…

ကားထဲက ထွက်လိုက်ကာ ကားရှေ့စက်ဖုံး ပေါ်တက်ထိုင်လိုက်ရင်း စီးကရက်တလိပ် ထုတ်ကာ အငွေ့တို့အား အဆုတ်ထဲထိ ရှိုက်သွင်းလိုက်မိသည်…
ကိုကို သိရင် ဒီလုပ်ရပ်အား အပြစ်တင်ပြောအုံးမည်မှာ မလွဲ…

ဘယ်လိုပဲ လုပ်လုပ် ကိုကိုနဲ့ မလွတ်နိုင်တာလည်း ခက်လှသည်. ရှိပါစေတော့လေ…

ညလေညှင်းအေးအေးက ရင်ထဲက အပူမီး ကို မငြိမ်းသတ်နိုင်ပါချေ…
ကိုကို့ မှာ ကြင်သူသက်ထား ဇနီး ရှိလာတော့မတဲ့ . တွေးကြည့်မိတာနဲ့ တင် စိတ်ထဲ ကြောက်ရွံ့ နေတာ တကယ်များဆို Baek သေသွားလိမ့်မည် ထင်သည်…
မှောင်မှောင်မည်းမည်း ရေပြင်သို့ သာ အကြည့်တို့ ပို့ထားမိလိုက်သည်…

ကားထဲမှာတော့  K ဆိုသော contact name လေးက ခေါ်ထားသော missed call တို့က ရဲရဲနီ လျက်…

ကျွန်တော့ အတွက်တော့ အချစ်ဆိုတာ အမှိုက်သာသာလောက် သဘောထားပြီး ဥပေက္ခာ ပြုခံရမှု့ တခုသာ…

            💉KILLER💉

ညက Baek အိမ်ပြန်မအိပ်ခဲ့။ Kai အိမ်သာ သွားပြီး နေခဲ့တာမို့ ဒီနေ့ ကျောင်းကိုလည်း kai နဲ့ တူတူသာ သွားဖို့ ထွက်လာခဲ့ကြသည်…

စာသင်ချိန် တချို့ပြီးလို့ lunch အချိန်မရောက်ခင်မှာတော့ မဖိတ်ခေါ်သော ဧည့်သည်သည် ဆိုက်မြိုက်စွာ ရောက်လာခဲ့လေသည်…

'Baekhyun ကို တွေ့ချင်လို့ပါ'

ကြားနေကြ အသံမဟုတ်ပဲ သူ့နာမည်က မိန်းကလေးတယောက် နှုတ်ဖျားမှ ထွက်လာတာမို့ Baek မျက်မှောင်ကျုတ်ကာ ထိုအသံလာရာဆီသို့ ကြည့်လိုက်မိသည်…

ပထမ အံ့သြသည်.
ဒုတိယ ကြောငိနေမိသည်.
တတိယ မှာတော့ ပြုံးနေကျ ခပ်လှာင်လှောင် အပြုံးတခု နှုတ်ခမ်းဖျားပေါ်ရောက်လာသည်…

KILLERTahanan ng mga kuwento. Tumuklas ngayon