'ဟင်!'
Baek ဆီမှ အာမေဋိတ်သံ သဲ့သဲ့ က အခန်းကျဉ်းထဲ လျှံကျလာသည်.
'တွေ့ရတာ ဝမ်းသာတယ်လို့တော့ ပြောလို့ မရဘူးပဲနော်. Byun Baekhyun shi. ကျွန်တော်တို့ ရေစက်က ခပ်ဆိုးဆိုး ဖြစ်နေတာကိုး.ကျွန်တော့ နာမည်က Hyunee တဲ့။ တိုက်ဆိုက်စွာပဲ ခင်များနဲ့ အဆုံးသတ် နာမည်တချို့တူနေတာကိုက ပိုပြီးဆိုးစေတဲ့ ရေစက် ထပ်ဖြစ်လာပြန်ပါကော'
Baek တယောက် သူ့ရှေ့ မှာမတ်တပ်ရပ်နေသော လူကို အံ့သြကြီးစွာကြည့်နေရင်း ဘာစကားမျှ မထွက်ဖြစ်လိုက်…
'ကျွန်တော်နဲ့ ခင်များနဲ့ သိပ်တူနေလို့ အံ့သြသွားတယ်မလား. ဒီလောက်ခွဲမရအောင် တူညီမှု့တွေ ရှိနေတာတောင်
Park ChanYeol ဆိုတဲ့ အသည်းမာသူကြီးက ခင်များကိုမှ တမ်းတမ်းစွဲ မှတ်မိနေတာကလည်း ဆိုးတာပဲ။ သူ့ရင်ထဲက ခင်များဆိုတဲ့ Baekhyun ကို ဆွဲထုတ်မပစ်နိုင်ခဲ့တာကြောင့် ခုလိုမျိုးတွေ ဖြစ်လာရတာပေါ့. အစက ခင်များ ထွက်မပေါ်လာတော့ရင် ဒီတိုင်း ကျွန်တော်က Baek အနေနဲ့ပဲ ထာဝရ နေလိုက်မယ်လို့ စိတ်ကူးထားပေမဲ့ သူ့နှလုံးသားက ခင်များဆီ ဆိုက်ဆိုက်ရောက်ရောက် ပြန်ရောက်လာတော့လည်း အားနာပေမဲ့ လုယူရလိမ့်မယ် ထင်တယ်.
ခင်များက အမြဲ သူနဲ့ အဝေးမှာ နေသားကျနေပြီပဲ။ ဆက်ပြီး နေလိုက်စမ်းပါ. ''ဘယ်သူက နေသားကျနေပြီလို့ ပြောလဲ? '
'ဟင်? ခင်များ . ခင်များ အကုန် မှတ်မိသွားပြီလား. '
'ဘယ်သူက ကိုကို့ အဝေးမှာ နေရတာကို နေသားကျနေပြီလို့ ပြောလဲ။ သိနားလည်တတ်စ အရွယ်တည်းက မြတ်နိုးခဲ့ရပေမဲ့ ကံကြမ္မာအမျိုးမျိုးကြောင့် ကိုကို့ နား နီးရက်နဲ့ ဝေးနေရတာကိုက Baek အတွက် နာကျင်ခြင်းတမျိုးပဲ။ ရင်ထဲက သွေးစိမ်းရှင်ရှင် ကျနေတဲ့ ခံစားမှု့မျိုးကို ခင်များကြုံဖူးလား. ကိုယ်တိုင်မှ မဟုတ်ရင် နားလည်လာမှာ မဟုတ်တဲ့ ခံစားချက်တွေ အတွက် အပြင်လူအနေနဲ့ ဝေဖန် ဆုံးဖြတ်ပေးမနေနဲ့။ ထပ်ပြောလိုက်မယ်. Baek ဆိုတဲ့ Byun Baekhyun က အသက်ရှင်နေသရွေ့ နောက်ထပ် ကိုကို နဲ့ ဝေးရာမှာ မနေတော့ဘူး. '
'အဟင်း. အ့လို လုပ်ခွင့်ကို ကျွန်တော်က ပေးမယ်ထင်နေလား. '