KILLING-eleventh Stage

6K 741 58
                                        

Hyunee တယောက် စိုးထိတ်လျက် Yeol ကို ဆွဲထူလိုက်တော့ သွေးတွေက အတော်ကို ထွက်နေပြီ။
တဘုတ်ဘုတ် ပြေးလာသံများနဲ့ အတူ Hyunee လက်ထဲက  Yeol ကို ဆွဲပွေ့သွားကြသော လူများ. ဆေးရုံကား ခေါ်သံ. အော်ဟစ် စကားပြောသံများ နဲ့ ဆူညံသွားပြီးနောက် ပတ်ဝန်းကျင်သည် တဖန် ပြန်လည် ငြိမ်သက်သွားလေရဲ့။

Hyunee ကတော့ သူ့ လက်မှာ စွန်းထင်းကျန်နေခဲ့သော သွေးနီနီ တို့ကို ကြည့်လိုက်ရင်းသာ…

'ခင်များက ဘာလဲ။ Yeol?
ဘာလို့ ကျွန်တော့ ရင်တွေ ကို နာကျင်အောင် လုပ်နိုင်ရတာလဲ'

ဦးနှောက်က အဆုံးအဖြတ်ကို မပေးနိုင်တော့တဲ့ အခါ နှလုံးသားနဲ့ သာဆုံးဖြတ်ပါ. အသည်းနင့်အောင် ချစ်ခဲ့မယ်ဆိုရင်တော့ နှလုံးသားနဲ့ စဉ်းစားပေးဖို့ ထိုက်တန်ပါတယ်.

             💉KILLER💉

နောက်ရက်တွေမှာ မန်နေဂျာချုပ် ရုံးမတက်ခဲ့ပါ. ဒဏ်ရာက အရမ်းကြီး မစိုးရိမ်ရလို့ ဆေးရုံဆင်းသွားပြီ လို့ပဲ သိလိုက်ရပြီး ရုံးတော့ မဆင်းခဲ့။
Hyunee သွားကြည့်ချင်ပေမဲ့ ခေါင်းစဉ်တပ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိပါချေ.

ကံကောင်းစွာပဲ Hyunee တို့ အဖွဲ့မှူးက အလုပ်ကိစ္စအရေးတကြီး မန်နေဂျာချုပ် လက်မှတ်လိုတာမို့ အိမ်သွားဖို့ ဖြစ်လာခဲ့သည်.
Hyunee လည်း လိုက်ဖို့ ဆုံးဖြတ်ပြီး အရဲစွန့် လိုက်လာခဲ့လိုက်သည်.

မန်နေဂျာချုပ်တို့ အိမ်က ခမ်းနားထည်ဝါ မှု့ အတိပြီးလေသည်. ခြံဝင်းတံခါးကို ကျော်ပြီး ၅မိနစ်လောက် မောင်းပြီးမှ အိမ်ရှေ့ ဆင်ဝင်ဆီ ကားက ရောက်သည်.
ကားပေါ်က ဆင်းပြီး ဘေးဘီ ဝဲယာ ကြည့်ရင်း အကြည့်တို့က ခြံထောင့်က မေပယ်လ် ပင်ဆီ ရောက်မိတော့… …

မေပယ်လ် ရွက်တွေက လှပစွာ အပင်ပေါ် တမျိုး. အပင်အောက် တမျိုးပွင့်နေပေမဲ့ မေပယ်လ် ပင် ပတ်ပတ်လည်ကို ခြံစည်းရိုး ခပ်မြင့်မြင့် ကာထားလေသည်.  ထူးထူးခြားခြား အပြင်အဆင်ကြောင့် Hyunee ငေးကြည့်နေတုန်း…

'လာ. Hyunee ဝင်ကြစို့'

အဖွဲ့မှုး စကားကြောင့် Hyunee အကြည့်တို့ လွှဲလိုက်ရင်း အိမ်ထဲသို့… …

KILLERDonde viven las historias. Descúbrelo ahora