မိတ်​ဆက်​ ???

4.1K 282 23
                                    

ချစ်​တယ်​ဆိုတဲ့ စကားတိုင်း အမှန်​မဟုတ်သလို
မုသားတိုင်းမှာ ချစ်​တယ်​ဆိုတာ မပါခဲ့ဘူး

" ငါဒီ​နေ့ သူမနဲ့ အိပ်​သင့်​သလား Jongdae "

ထူးဆန်းအံ့သြဖွယ်​ ​ကောင်းလှစွာ အကြံဥာဏ်
လာ​တောင်း​သော သူ့အား မယုံသလို ပြန်​ကြည့်
တော့ ပုံမှန်​အ​ကြောင်းအရာ တစ်​ခုအား
ပြော​နေသလို ​​အေးတိ​အေးစက်​နှင့်​ အသက်​မပါ ~

ထိုကိစ္စအား စိတ်​အားထက်​သန်​မှု မရှိပါဘဲလျက်
ဘာ​ကြောင့်​များ ကျ​နော့်​ထံမှ တိုက်​တွန်းသည်​ကို
လိုချင်​​နေသည်​မသိ ~~

" $ ပို​တွေလာ​ပြောမ​နေနဲ့ Jongin "

ကျ​နော့်​ဆီမှ ထွက်​လာမည့်​ စကားကြမ်းကြမ်း
အား သူသိ​နေရဲ့သားနှင့်​ ~~

အလကား ~~ လာ​အာ​ချောင်​​နေတာ ~~

" မင်းသ​ဘောတူရင်​ ပြီးတာဘဲ "

လခွမ်းနှယ်​ ~~

မိခင်​ဘာသာစကားနှင့်​ ​ပြော​နေတာ​တောင်
အဓိပ္ပါယ်​အထအ​န အ​ကောက်​လွဲ​သော သူ့အား
ဘယ်​​တော့မှ ပြန်​လည်​မ​ဖြေရှင်း ~~

" ငါ တံခါးထမဖွင့်​​ပေးဘူး​နော်​ Jongin "

ကျ​နော့်​သတိ​ပေးစကားက သူ့အတွက်
အရာမဝင်​ ~~

ဂရုမစိုက်​သလို ပြန်​လှည့်​မကြည့်​သည့်
ကျောပြင်​ကျယ်​နှင့်​သာ ကျ​နော့်​အား
ချန်​ရစ်​စမြဲ ~~

ထို့အတွက်​​ကြောင့်​လည်း ဘယ်​​သောအခါမှ
ကျ​နော်​ မဝမ်းနည်း ~~

အမှန်​တရားအချို့က နာကျင်​စရာ​ကောင်းသည်​မို့
မလှပ​သော ခံစားချက်​အများစုအား မုသားအ​နေ
နှင့်​ ကျ​​နော်​ မျက်​စိမှိတ်​ ခံယူထားသည်

တစ်​ခါတစ်​​လေ အဆက်​အဟပ်​မတည့်​​သော
ကျ​နော်​တို့ဆက်​ဆံ​ရေးသည်​ ရံဖန်​ရံခါ​တော့
ပျော်​ရွှင်​စရာအမှတ်​တရ​တွေ ရှိခဲ့သား ~~

သူနှင့်​ကျ​နော့်​ကြား နှလုံးသား
စ​တေးထားတာမျိုး မရှိ ~~

သူသည်​လည်း မုသား​ပေါင်းများစွာနှင့်
ပျော်​​မွေ့သလို ~~

ကျ​နော်​သည်​လည်း အမှန်တရားနှင့်
မတည့်​​ပေ ~~

ရစ်​နွယ်မှုမရှိ​သော သာယာမှုသည်
ယ​နေ့အထိ​တော့ ​ဖြောင့်​ဖြူး​နေဆဲ ~~

သူမုန်း​သော ကျ​နော်​ နှင့်​ ~~
ကျ​နော်​ မုန်း​သော သူ ~~

မုသားသံသရာထဲ ရူး​ကြောင်​​ကြောင်
ဇာတ်​လမ်းတစ်​ပုဒ်​ ရှိခဲ့သတဲ့ ~~

~~~~~~~~~~~~~~

အဟင်း အဟမ်း ~~
ရေးချင်​တာ ​ရေးချလိုက်​တာဘဲ

Paring ​လေးကိုမကြိုက်​ရင်​ မဖတ်​ကြပါနဲ့

ခုတ​လော အရမ်းဓာတ်​ကျ​နေတာဖြစ်​လို့ပါ

ဟုတ်​ကဲ့

ကျေးဇူးတင်​ပါတယ်​ ❤

|| Sweet Lies ||Where stories live. Discover now