မှန်ပေါ်တွင် ထင်ဟပ်နေသော မိမိပုံရိပ်ကို
ကြည့်ရင်း ပြုံးလိုက်မိသည်ကိုတော့ အမှန်အတိုင်း
ဝန်ခံရမည်" တကယ့်ကို ခွေးပေါက်လေး ~~ "
လည်ပင်းညှပ်ရိုးနားတွင် သွေးစို့နေဆဲဖြစ်သော
အပေါက်ရာနှစ်ခုက အနည်းငယ်နာကျင်သ
ယောင်ရှိသော်လည်း ~~
ဖုံးဖိမရသော ကြည်နူးစိတ်ကလေးကလည်း
အတိုင်းထက်အလွန်ပင် ~~~" Jongin ထွက်လာတော့လေ ~~
ရေချိုးတာကြာနေပြီ အအေးပတ်ဦးမယ် ~~~ "Kim Jongdae ဟူသောထိုလူသားသည်သာ
ကျနော့်ဘဝတွင် ရှိနေသေးသရွေ့ အခြား
မည်သည့်အရာကိုမှ တောင်းတလိမ့်မည်မဟုတ်မည်သည့်အရာကိုမှလည်း လိုချင်နေမည်
မဟုတ် ~~" Jongin ရေ ~~ "
ရေပန်းကိုပိတ်ကာ ရေချိုးခန်းထဲမဝင်ခင်
သူကမ်းပေးလိုက်သော တဘက်အဖြူ နှင့်
ခန္ဓာကိုယ်အောက်ပိုင်းအား ပတ်ပြီး သူမသိခင်
ကျနော်ခိုးယူခဲ့သည့် သူအသုံးပြုနေကျ
မျက်နှာသုတ်ပဝါပန်းရောင်ကို ပခုံးပေါ်
တင်လိုက်တော့ အလွတ်ကျက်မိသော
သူ၏ရနံ့က နှာခေါင်းဝဆီ တိုးဝင်လာသည်" ငါမင်းကို လိုချင်လွန်းလို့ ရူးတော့မယ်
Jongdae "တစ်ဖန်ပူလောင်လာသော အတွင်းစိတ်ကို
ရေပန်းအား ဒုတိယအကြိမ် ပြန်ဖွင့်ပြီး
သက်သာလို သက်သာငြား မလှုပ်မရှက်
အစိုခံမိသည်" Jongin ရေထပ်ဖွင့်လိုက်တာလား
ဘာဖြစ်လို့လဲ ???? Jongin
ငါ့ကိုတစ်ခုခုပြန်ဖြေဦး !!!! "လော့ချထားသော တံခါးကို အသားကုန်ထုရင်း
တကြော်ကြော် အော်ခေါ်နေသော သူ့အား
အားနာမိပေမဲ့ အခုအချိန်သာ သူ့ကို
မြင်မိရင် အထိန်းအကွပ်မဲ့သွားမည့်
ထိုဆာလောင်မှုထဲတွင် ရုန်းထွက်ရလိမ့်မည်
မဟုတ်တော့ချေ ~~~" ဘာမှမဖြစ်ဘူး Jongdae ~~~
ငါ့ကိုသဘက်အပိုသာ ကမ်းပေး "အနည်းငယ်ဟလိုက်သော တံခါးကြားထဲမှ
လက်ထုတ်ပြီး အလိုရှိရာတောင်းတော့
သက်ပြင်းချသံသဲ့သဲ့နှင့်အတူ လက်ထဲရောက်
လာသော ညအိပ်ဝတ်စုံအပြင် အတွင်းခံကအစ
အသေးစိတ်ဂရုစိုက်ပေးလွန်းသော
အကြင်သူအား ပိုမြတ်နိုးမိသည်
YOU ARE READING
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်