အပိုင်း ~ ၁၂

1.4K 209 14
                                        

မသိနိုင်​တဲ့ နာကျင်​မှု​တွေမ​ရောက်​​သေးခင်​အထိ
ငါ မင်းကို ချစ်​တယ်​ ~~

~~~~~~~~~~~~~~~~~~~

သူ့​မေဂျာက အခန်း​ဖော်​​တွေ လာ​ခေါ်သည်​ကို
မလိုက်​နိုင်​​ကြောင်း ငြင်းပြီး အခန်းတွင်း
အောင်း​နေ​သော Jongin ကို တစ်​စက်​က​လေး
မှ နားမလည်​ ~~

အမှန်​ဆို ~~

Kim Jongin ဟူသည်​ မဟားတရားကို
အ​ပျော်​အပါးမက်​သူ မဟုတ်​ပါလား ~~

" မင်းအပြင်​မထွက်​​တော့ဘူးလား ​"

" အင်း "

ဟိုတယ်​ က ရှိသမျှ ပင်​လယ်​စာ​တွေအကုန်​မှာ
ကာ တစ်​ဖြဲနှစ်​ဖြဲစား​သောက်​​နေ​သော အ​မောင်
Kim Jongin သည်​ မည်​သည့်​ဘဝထဲက
ငတ်​လာလည်း​တော့မသိ

ညဘက်​ ​ကျောင်းသား​တွေစုပြီး အ​သေးစား
Party ကို​တော့ မသွားမဖြစ်​ သွားရ​သော
ကြောင့်​ ဆူ​ညံ၍ မျက်​စိ​နောက်​စရာ​ကောင်း
သည့်​ ​နေရာတွင်​ ကျ​နော်​ကြာကြာမ​နေဖြစ်

Jongin က​တော့ အစအန​တောင်​ရှာမရ​တော့
ချေ ~~~

တစ်​​နေ့ခင်းလုံး မကဲသဖြင့်​ ညဘက်​အပြတ်​ကဲ
မည်​ဟု စဉ်းစားထား​သောသူ့ကို မတားမိပါ ~~

ကိုယ်​တိုင်​မကြိုက်​တာနှင့်​ဘဲ သူ့ကိုကျ​နော်
ပိတ်​ပင်​ခွင့်​မှ မရှိတာ ~~

မည်​သည့်​ပြသာနာတစ်​စုံတစ်​ရာမှ မရှာလာ​ရေး
ကိုသာ ဆု​တောင်းမိ​သေးသည်

Party လိုမျိုးအရာသည်​ ကျ​နော့်​နှင့်​မအပ်​စပ်
သော​ကြောင့်​ မိမိအခန်းကိုသာ ပြန်​ရန်
ဆုံးဖြတ်​လိုက်​သည်

ပြန်​မလာ​သောသူ့ကို​စောင့်​ရင်း အိပ်​​ပျော်​သွား
သည်​မှာ ​နေထွက်​သည်​အထိ

သို့​​သော်

ကျ​နော်​နိုးသည့်​အထိ ပြန်​မ​ရောက်​​သေး​သော
သူ့ကို ​ဒေါသထွက်​မိသည်

စိတ်​​ပြေလက်​​ပျောက်​ လိုက်​လာသည့်​ ခရီးသည်
ထိုသ​ကောင့်​သား​ကြောင့်​ အ​တော်​​လေး
စိတ်​အ​နှောက်​အယှက်​ဖြစ်​​စေသည်

|| Sweet Lies ||Место, где живут истории. Откройте их для себя