အပိုင်း ~ ၆

1.6K 253 56
                                        

နာကျင်​မှုကို​ကြောက်​လို့ အမှန်​တရားက​နေ 
ရှောင်​​ပြေးပြီး ~~~
မုသားနဲ့ဘဲ ​ပျော်​​မွေ့​နေ​တော့လည်း
အလိမ်​အညာ​တွေက ပင်​ပန်း​စေတယ်​ ~~

~~~~~~~~~~~~~~~~~

ကျ​နော်​​ကျောင်းသွားရန်​ ပြင်​ဆင်​ပြီးချိန်​အထိ
မနိုး​သေး​သော Jongin ကို နှိုးဖို့ မကြိုးစား
တော့ဘဲ ​ကျောင်းသို့ အရင်​​စောထွက်​လာခဲ့ခြင်း
သည်​ ဤမျှ​လောက်​ဒုက္ခ​ရောက်​လိမ့်​မည်​မှန်း
မသိခဲ့ ~~~

အရင်​က အင်​မတန်​မှ ​အေးချမ်းလှ​သော
ကျ​နော့်​​ကျောင်းသားဘဝ​လေးသည်
Kim Jongin စနပ်​​ကြောင့်​ ငါးပါး​မှောက်
ချေပြီ ~~

လူမသိသူမသိ ​သာမာန်​တက္ကသိုလ်​​ကျောင်းသား
အဖြစ်​ ဖြတ်​သန်း​နေတုန်းကအ​ကောင်း
လွန်​ခဲ့​သောနှစ်​ပတ်​ခန့်​ကမှ ဟိုသ​ကောင့်​သား
အတင်းအကျပ်​ဆိုး​စေခဲ့သည့်​ ထို​ကြောင်​တိ
ကြောင်​​တောင်​ ​အလွန်​ထင်း​နေသည့်​ ပန်း​ရောင်
ဆံပင်​​ကြောင့်​ အချို့အချို့၏ အာရုံစိုက်​ခြင်း
ခံ​နေရသည်​မှာ လွန်​စွာ စိတ်​ရှုပ်​ဖွယ်​​ကောင်း
လှသည်

မေဂျာမတူ​သော Jongin နှင့်​ လမ်းခွဲပြီးတိုင်း
လက်​​ဆောင်​အတင်းထိုး​ပေး ပြန်​တွဲ​ပေးပါဟု
တစ်​စာစာအော်​ကာ ​နောက်​ကအတင်း
လိုက်​​နေကြ​သော ဂျူ နီယာက​လေးမ​လေးများက
အဆိုးဆုံးဖြစ်​သည်

အခုလည်း Jongin မပါလာသည့်​ လမ်း
တစ်​​လျှောက်​ စိတ်​ရှုပ်​စရာ​ကောင်းလွန်းစွာ
အတင်းလိုက်​ကပ်​​နေ​သော ထိုက​လေးမများ၏
ရန်​မှ လွတ်​နိုင်​ဖွယ်​မရှိ ~~~

" ခံ​ပေါ့ ~~ ဟိုလဒကို နှိုးလာခဲ့ရင်
အ​ကောင်းသား ~~ "

ဘာဘဲဖြစ်​ဖြစ်​ Jongin ပါလျှင်​ သူ့ကိုရှိန်​ပြီး
ကျ​နော့်​နား သိပ်​မကပ်​ရဲကြ ~~

အခု​တော့ ~~

သေသာ​သေလိုက်​ချင်​တယ်​ ~~

ရုပ်​​ချောလွန်း၍ နာမည်​ကြီးလွန်း​သော Jongin
၏ ဒုက္ခကို အခုမှစာနာမိသည်​ ဆိုလျှင်​ ပိုမည်
မထင်​ ~~~

|| Sweet Lies ||Dove le storie prendono vita. Scoprilo ora