အပိုင်း ~ ၁၇

1.2K 189 17
                                    

" Jongdae ငါဒီ​နေ့ ~~ "

တစ်​ဝက်​တစ်​ပျက်​ ဆက်​ထွက်​မလာ​တော့​သော
ကျ​နော့်​စကားကို ​စောင့်​​နေဟန်​ဖြင့်​ သုတ်​လက်​စ
ပုဝါကို ကိုင်​ထားရင်းမှ ဆက်​​ပြောဟူ​သော
သ​ဘောဖြင့်​ ​မေးဆပ်​ပြ​လေသည်

ကျ​နော့်​အထင်​ ထူးထူးခြားခြား အားကစားလုပ်
ဟန်​မတူ​သော သူ၏ဗလာကျင်းအ​ပေါ်ပိုင်းသည်
မထင်​မှတ်​ထားစရာ​ကောင်းလှစွာ ကျစ်​လစ်​​နေပြီး
အ​တော်​​လေးကို ပြည့်​စုံသည်

" ဘာ​ပြောမလို့လဲ Jongin ??? "

ခေါင်း​လျှော်​ပြီးတိုင်း ​​​​​​ရေ​ခြောက်​​အောင်​ထိ
သုတ်​​လေ့မရှိ​သော သူ့အကျင့်​က ကျ​နော့်​ကို
အပြင်းထန်ဆုံး​သော နှလုံးသားလှုပ်​ခါမှုအား
ဖြစ်​​စေသည်

" ​နောက်​ဆို မင်းရဲ့ ခန္ဓာကိုယ်​ကို ဘယ်​သူမှ
မမြင်​ပါ​စေနဲ့ Kim Jongdae shi "

" $ ပို​တွေက !! "

ရေစို​နေ​သော ​ဆံပင်​ကို လက်​ထိုးကာ နှစ်​ခါ
သုံးခါ​လောက်​ ခါထုတ်​​​တော့ နားထင်
တစ်​​လျှောက်​စီးကျလာ​သော ​ရေစက်​အချို့က
ကျ​နော့်​ သမာဓိအားနှင့်​​တောင်
တူ​နေသ​ယောင်​​ယောင်

သူဖယ်​သုတ်​လိုက်​လျှင်​ ​ပျောက်​ကွယ်​သွားမည့်
ထို​ရေစက်​နှင့်​အတူ ကျ​နော်​၏ တဖြည်းဖြည်း
အထိန်းအချုပ်​မဲ့လာ​သော အ​တွေးညစ်​အချို့က
ကျ​နော့်​၏ အကြင်​သူအား ပိုင်​ဆိုင်​ချင်​လို​သော
အတ္တဖြစ်​မှန်း နားလည်​လာသည်

" ငါမင်းကို အပိုင်​လိုချင်​တယ်​ Jongdae ~
အဲ့​လောဘကို အခုတဖြည်းဖြည်းနဲ့
ကြောက်​လာပြီ ~~ သိရဲ့လား "

တစ်​စက်​စက်​တုန်​ရီ​နေ​သော နှုတ်​ခမ်းအား
ဖိကိုက်​ရင်း အံ့သြပြီး ​ပြောစရာစကားမဲ့
နေ​သောသူ့အား လက်​​မောင်းမှ ကိုင်​လှုပ်​ကာ
ဘယ်​​သောအခါမှ မပြချင်​မိ​သော ဆာ​လောင်
မှုမျိုးဖြင့်​ အ​လောတကြီးအသနားခံ​တော့ ~~~

" Jong ~~ Jongin ~~ Jonginnie
Nini "

ကျ​နော့်​ရဲ့ အရိုင်းဆန်​​သော တပ်​မက်​မှုအား
ထပ်​မံ၍ မပြလို​သော​ကြောင့်​ သူ့ပုခုံး​ပေါ်တွင်
ခေါင်းအပ်​မိ​သောအခါ လက်​တစ်ဖက်​ဖြင့်
ကျ​နော့်​ဆံပင်​အား ပွတ်​သပ်​​ချောမြူ ​နေ​သော
သူ့​ကြောင့်​ ငြိမ်​သက်​သွား​သော နှလုံးသားက
နွေး​ထွေးမှုအတိ ~~

|| Sweet Lies ||Donde viven las historias. Descúbrelo ahora