အလိမ်အညာတွေကို လက်မလွှတ်နိုင်သေးသရွေ့
သေမတက် ပင်ပန်းနေရမှာဘဲ ~~~~~~~~~~~~~~~~~~~~
ဆိုးဆိုးရွားရွား ထိုးကိုက်နေသည့် ဦးခေါင်းတစ်ခု
လုံးကြောင့် နောက်ကျိစွာ နိုးထလာသော
အသိစိတ်က ဘယ်လိုမှ သက်သာနိုင်ဖွယ်မရှိတစ်ဆစ်ဆစ်နှင့် ခံစားရခက်သော နာကျင်မှု
ထက် Kim Jongdae ဆိုသောလူသားအား
ဘာမှညာမှန်းမသိ လွမ်းဆွတ်နေရသော
ဒုက္ခက ပိုကြီးမားသား ~~အဆင်သင့်စားရန် ထမင်းပွဲပြင်ပေးခဲ့ပြီး
ဘယ်ပေါက်သွားမှန်းမသိသော သူ့ကို
မိမိအား ပစ်သွားပြီအထင်နှင့် တိုင်တည်
ငိုကျွေးခဲ့သေးသည်မည်မျှ အူကြောင်ကြောင် နိုင်ခဲ့သနည်း ~~
" ဒီလောက်မိုးသည်းနေတာကို ဒီတိုင်းကြီး
မိုးစို ခံလာရသလား !!!! အချိန်အခါမရှိ ရွာတဲ့
မိုးက ဖျားတက်တာ မသိဘူးလား
Kim Jongdae shi "စိုရွဲနေသော ဆံပင်များအား သဘက်တစ်ထည်
်ဖြင့် သုတ်ပေးနေစဉ် ခဏခဏ နှာချေနေသော
သူ့ကို စိတ်တိုတိုနဲ့ အော်မိတော့ ဖုန်းတစ်လုံးနှင့်
အလုပ်ရှုပ်နေရာမှ တစ်စက်လေးတောင်
အာရုံစိုက်မလာ ~~" ဘယ်သူနဲ့သွားတွေ့တာလဲ ??
အမကြီး Kim နဲ့လား ??? "ဖုန်းကို သည်းကြီးမည်းကြီး ကစားနေရမှ
ရပ်သွားသော လက်အစုံက ကျနော့်စကား
မှန်ကန်ကြောင်း သက်သေခံလေသည်
" မင်းနေကောင်းလား ~~ အဆင်ပြေရဲ့
လားလို့ခေါ်မေးတာ "" ငါ့အတွက် ညီလေးလား ညီမလေးလားမသိတဲ့
ကလေးလေးရနေပြီလို့လည်း မပြောလိုက်
ဘူးလား "" Nini !!! "
Nini ဆိုသော nickname လေးသည်
ကျနော့်ကို သူချော့သည့်အခါတိုင်း သုံးသော
အခေါ်အဝေါ်ဖြစ်သည်
ESTÁS LEYENDO
|| Sweet Lies ||
Fanficနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်