" Kim Jongin ဟုတ်လား ကျနော်နဲ့
ညီအစ်ကိုပေါ့ "
ပုံမှန်ဆိုလျှင် မိထွေးနဲ့ကိုယ့်အဖေရသော
ကလေးကို မည်သူမျှ ကြည်ဖြူ လိမ်မည်မဟုတ်
သို့သော်
သူကတော့ အထူးအဆန်းလို ကျနော့်အား
သိပ်ချစ်သည်
မိခင်ခေါ်လာသော ထိုအိမ်သို့ ရောက်ပြီးသည့်
နောက်တစ်နေ့ ကျနော်သည် မိုးကျရွှေကိုယ်
သူဌေးသားအဖြစ်သို့ ဘွားခနဲ ရောက်သွားသည်
" Jongdae နင် Jongin ကိုချစ်တယ်
မဟုတ်လား ??? "
ကျနော် အလယ်တန်းနောက်ဆုံးနှစ်တွင်
မထင်မှတ်ထားသော စကားအား
ရုပ်တရက်ကြားလိုက်ရချိန်တွင် မနည်းပင်
နားလည်ယူရသည်
" Jongin ကိုနည်းနည်းလေးမှ မထိပါနဲ့
မေမေလေးဖြစ်စေချင်သလို နေပေးပါ့မယ်
မေမေလေး လိုချင်သလို အရာအားလုံး
လက်လျှော့ပေးပါ့မယ် "
Appa စာကြည့်ခန်းတွင် မေမေလေးနှင့်
သူ၏ပြောစကားများအား တမင်ခိုးနားထောင်
သည်မဟုတ်တိုင် မရည်ရွယ်ဘဲ ကြားမိသွား
သော ထိုလျှို ဝှက်ချက်သည် ကျနော့်အတွက်
Jongdae အပေါ်နိုင်ကွက်တစ်ခုလို
ကလေးအတွေးနဲ့ သဘောထားမိခဲ့သည်ထင်
တံခါးကို အနည်းငယ်ဟကာ ချောင်းကြည့်မိခဲ့
သောကျနော်သည် ထိုအချိန်က လွန်စွာမရင့်
ကျက်သောသူဖြစ်ခဲ့သည်
အကြောတွေထောင်သည့်အထိ အံကျိတ်ကာ
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး
ကျနော့်မိခင်၏ နှိပ်စက်မှုအား သည်းခံခဲ့သော
သူ့ကို မမြင်ဘဲ Kim Jongdae ဆိုသူအား
ထိုအကြောင်းပြချက်ဖြင့် အနိုင်ကျင့်လို့ရပြီ
ဆိုသော ကျနော့်၏ အင်မတိအင်မတန်မှ
မိုက်မဲလှသော အတွေးညစ်သည်
ထိုအချိန်ကတည်းက ဖြစ်တည်ခဲ့ဟန်တူသည်
" မင်းအားလုံးသိခဲ့တာလား Jongin
အဲ့ကားတိုက်မှုက မတော်တဆမဟုတ်ဘူး
ဆိုတာရော မင်းသိနေခဲ့တာလား !!???? "
STAI LEGGENDO
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
