" ငါ့ကို လွှတ်ဦး Jongin !!! "
သူ့ရင်ခွင်ကျယ်ထဲ မြှပ်ဝင်မတက် ဖက်ထားသော
လက်ကို ရိုက်ချရင်း စိတ်တိုတိုနဲ့ အော်မိတော့
စပ်ဖြဲဖြဲနဲ့ မျက်နှာက ပိုဆိုးလာတဲ့အပြင်
လမ်းမအလယ် တစ်ဟားဟားအော်ရယ်နေသော
Kim Jongin ကို ဖြတ်သွားဖြတ်လာ
ကျောင်းသားအများစုက လူစားထိုးခံလိုက်ရပြီ
လားဟူသော သံသယတွေဖြင့် ဝိုင်းကြည့်သွား
ကြလေသည်" ငါရူးများသွားပြီလား Jongdae ~~ "
လခွမ်း ~~
Kim Jongin တကယ်ဘဲ စိတ်ကော
မှန်သေးရဲ့လားမသိ ~~" Jongin မင်းဆေးရုံကို သွားပြသင့်ပြီနော် "
အရင်ကဆိုလျှင် ထိုသို့သော နှိပ်ကွက်သည့်
စကားမျိုး ကျနော်ဆီက ထွက်လာလျှင် ကျိန်ဆဲ
တက်သောသူက အင်မတိအင်မတန်မှ
ကြွေကျချင်စရာကောင်းသော အပြုံးနှင့်အတူ
ကျနော့်အား စိုက်ကြည့်နေသည်ကိုတော့
တော်တော်လေး နားလည်ရခက်သည်အခုရက်ပိုင်းအတွင်း Kim Jingin
မဟုတ်တော့သည့်အတိုင်း ~~" သေချာတယ် Jongdae ~~
ငါရူးနေပြီ ~~ မင်းကိုချစ်လွန်းလို့လေ ~~ "" Shit !!! Kim Jongin ရယ်
မင်းအပေါက်လေး ပိတ်ထားစမ်းပါ "ဒုတိယအကြိမ် နားဆင်ခွင့်ရသော ထိုစကား
သည် ကျနော့်နှလုံးအား မောပန်းလာတဲ့အထိ
ခုန်လှုပ်စေနိုင်စွမ်း ရှိသေးသည်" ငါလေ မင်းရဲ့ ယောကျာ်းဆန်တဲ့ ရှက်ရွံ့မှုကို
အရမ်းမြတ်နိုးတယ် ~~ ကြိုက်လွန်းလို့
သေတော့မှာဘဲ "ထူးထူးခြားခြား ပြောင်းလဲမှုမရှိသည့် ကျနော့်၏
အနေခက်မှုက သူ့ကို ဤမျှလောက် သက်ရောက်
နိုင်မှန်း ကျနော်မသိခဲ့သူ့အချစ်ကို ဖွင့်ပြလေတိုင်း မျက်နှာလွှဲကာ
Jongin အကြည့်စူးစူးမှ ရှောင်ဖယ်ရုံက
လွဲ၍ မည်သည့် နူးညံ့မှုကိုမှ မပြခဲ့
VOCÊ ESTÁ LENDO
|| Sweet Lies ||
Fanficနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်