အပိုင်း ~ ၂၄

1.1K 161 25
                                    

မိနစ်​အ​တော်​ကြာ ​ကြောင်​ရပ်​မိ​နေ​သော
ကျ​နော့်​အား လက်​တစ်​​ချောင်းချင်းစီကို
ချိတ်​ဆက်​ကာ လှုပ်​​ခေါ်လိုက်​​သော
Jongin ​ကြောင့်​ ပြန်​သတိကပ်​မိသည်

" Jongin ~~ "

" ​တော်​ပြီ ~~ ဘာမှဆက်​မ​ပြောနဲ့ ~~
ဒီစကား​တွေဘဲ အပ်​​ကြောင်းထပ်​​နေပြီ
မပင်​ပန်းဘူးလား Jongdae ~~ ဟမ်​ ~~
မင်းမနာကျင်​ဘူးလား ~~ ဘာ​တွေများ
အဲ့​လောက်​ထိ အ​တွေးဆိုး​တွေက
များ​နေရတာလဲ ??? မင်း​ဘေးမှာ ~~
ငါရှိ​နေရဲ့နဲ့ကို ~~ ဘာ​လို့ ​​တွေး​ကြောက်​​​နေ
ရတာလဲ ???? "

ကျ​နော်​ သူ့ကို ချစ်​သည်

သူသည်​လည်း ကျ​နော့်​အား ချစ်​သည်

ထို့​ကြောင့်​ ပိုပြီး နာကျင်​ရသည်

ကျ​နော်​သာ Jongin ကိုမချစ်​မိခဲ့ရင်​ ~~
ဒါမှမဟုတ်​ ~~ ကျ​နော့်​အချစ်​ကို ဖုံးကွယ်
ထားနိုင်​ခဲ့ရင်​ ~~ ကျ​နော့်​​ကြောင့်​ Jongin
နာကျင်​ရမည်​မဟုတ်​ ~~~

" မင်း​ဘေးမှာ ငါရှိ​နေရင်​ ~~ မင်းဘဝထဲမှာ
ငါရှင်​သန်​​နေရင်​ ~~ မင်း​ပျော်​ရွှင်​နိုင်​ပါ့
မလား Jongin ???? "

ကျ​နော့်​ရဲ့ အ​မေးကို ပြန်​မ​ဖြေဘဲ
လှစ်ခနဲ​ပြုံး​ရင်း ကျ​နော်​ဆံပင်​အား လက်​ဖြင့်
ထိုးဖွသည်

" agiooo ~~ ငါမင်းကို မနိုင်​ဘူး
Jongdae ~~ မင်းရဲ့​တွေးနိုင်​တဲ့စွမ်းရည်
ကို ငါအရှုံး​ပေးတယ်​ "

ခေါင်းမာ​သောက​လေးငယ်​အား ​ပြောမရ​တော့
သည့်​အဆုံး လက်​​လျှော့လိုက်​ပုံဖြင့်
ခေါင်းတစ်​ခါခါနှင့်​ တိုးတိုး​လေး ညည်းသည်

မျက်​စိ​ရှေ့က အစိမ်း​ရောင်​တွန်းတံခါးအား
တစ်​ချက်​မျှကြည့်​ပြီး ပြန်​လှည့်​ထွက်​ရန်
ပြင်​လိုက်​​တော့ ကျ​နော့်​လက်​အား Jongin
လွှတ်​မ​ပေး

သူ့၏ လက်​ဖဝါးကြားထဲ ​နေသားတကျ
ဖြစ်​​နေ​သော အရာအား လုံးဝလက်​လွှတ်
မ​ပေးနိုင်​ပုံဖြင့်​ တင်းကျပ်​စွာ ဆုပ်​ကိုင်​ထား
သည့်​အခါ ​ရှေ့တွင်​ရှိ​သော မ​ရေမရာ
အနာဂတ်​က ရိုးတိုးရိပ်​တိတ်​ ထင်​လာ​လေသည်

|| Sweet Lies ||Donde viven las historias. Descúbrelo ahora